Monday 16 November 2015

ပါရီပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းဆုတောင်းပွဲ ပြုလုပ်

ပါရီပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဆုတောင်းပွဲတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ ပစ်ခတ်မှုမှာ လူ ၁၅ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တဲ့ ကာဖေး ဆိုင်တခုရဲ့ အပြင်ဘက်မှာ ပြုလုပ်တာပါ။
သတင်းတွေအရ ည ၉ နာရီခွဲ ၀န်းကျင်မှာ ကားတစီး ၀င်လာပြီး လူအုပ်ထဲက သေနတ်နဲ့ ပစ်ခတ်သွား တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်း ပစ်ခတ်မှုမှာ စုစုပေါင်း လူ၁၅၉ ယောက် သေဆုံးပြီး ၅၃၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ဆေးရုံပေါ်က ၉၉ ယောက်က စိုးရိမ်ဖွယ် အခြေအနေမှာပဲ ရှိပါတယ်။

DVB

No comments:

Post a Comment