Monday 16 November 2015

ကျုံးရေပြင်တွင် ကျပ်သန်း ၃၀၀ ကျော်ကျခံ၍ ရေပန်းအလှတပ်ဆင်မည်ဟု မန္တလေးစည်ပင်ပြော

ကျုံးရေပြင်တွင်အလှတပ်ဆင်မည့် ရေပန်းနမူနာ (ဓာတ်ပုံ−MOI) 
မန္တလေးနန်းမြို့ ကျုံးရေ ပြင်တွင် ကျပ်သန်း ၃၀၀ ကျော် အကုန်အကျခံ၍ ရေပန်းအလှ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ သတင်းရရှိ သည်။

ကျုံးအလှပုံရိပ်များ ပေါ်လွင် စေရန် ကျုံးအတွင်း ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ ကျုံးရေးပြင်တွင် ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၆ နှစ်ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ က ပြောကြားသည်။

‘‘ကျုံးကြီးရဲ့ အလှအပနဲ့ ပနံရအောင်၊ နောက်ပြီး ရေလည် ပတ်မှုကောင်းလာပြီး ပိုမိုသန့်စင် လာအောင် အထောက်အပံ့ပေး နိုင်ဖို့လည်း ရည်ရွယ်တာပါ’’ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ တွဲဖက် အတွင်းရေး မှူး ဦးသက်နိုင်ထွန်းက ပြောကြား သည်။ ကျုံးအလှ ရေပန်းသည် အလျား ၁၈၃ ပေ၊ ရေအမြင့်ပေ ၁၀၀ ရှိပြီး နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း တပ်ဆင်ထား သည့်စနစ်အတိုင်း ဆောင်ရွက် မည်ဖြစ်သည်။ ကျုံးအလှရေပန်း ပြသခြင်းကို ကွန်ပျူတာစနစ် ဖြင့် ထိန်းချုပ်မည်ဖြစ်ပြီး ရေပန်း ပုံစံခုနစ်မျိုး အလှည့်ကျပြောင်းလဲ သွားမည်ဖြစ်သည်။ ရေပန်းအလှ များသည် နေ့ဘက်တွင် အရောင် မပါဝင်သော်လည်း ညဘက်တွင် မူ သီချင်းတီးလုံးများဖြင့် အရောင် စုံရေပန်းများ ပြောင်းလဲပြသွား မည်ဟု ဆိုသည်။

ကျုံးပတ်လည်တွင် အချို့ နေရာများသည် မီးအလင်းရောင် မရှိသည့်အပြင် အပင်များနှင့် ကွယ်၍ မှောင်ရိပ်ကျနေခြင်းများ ကြောင့် ကျုံးပတ်လည်မီးထိန်ထိန် လင်းရေး ဦးစားပေးလုပ်ဆောင် သင့်ကြောင်း မန္တလေးမြို့ခံအချို့ က ပြောသည်။

‘‘ရေပန်းလုပ်လိုက်ရင် နောက်က မြို့ရိုးအလှတောင် ပျောက်ကွယ်သွားနိုင်ပါတယ်။ သဘာဝအလှက ပိုကောင်းပါ တယ်’’ဟု မန္တလေးမြို့ခံ အသက် (၅၀)အရွယ် ဌာနဆိုင်ရာဝန်ထမ်း အမျိုးသားကြီးတစ်ဦးက ပြော သည်။ ထို့အပြင် ကျုံးဘေးပတ် လည် ညပိုင်းအချိန်များတွင် အုပ်စုဖွဲ့အော်ဟစ်ပျော်မြူးခြင်း၊ မူးယစ်သောက်စားခြင်းများ ပြု လုပ်သူအချို့ရှိနေပြီး ၎င်းတို့ကို ရှောင်ကွင်းသွားလာနေရကြောင်း မြို့ခံ အချို့ က ပြောသည်။

ကျုံးရေပြင် ရေပန်းအလှ တပ်ဆင်ခြင်းကို လာမည့် ၂၀၁၆ ဖေဖော်ဝါရီလဆန်း ပြည်ထောင် စုနေ့အမီ ပြီးစီးရန် ဆောင်ရွက် မည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ သတင်း ရရှိသည်။

7Day Daily 

No comments:

Post a Comment