Monday 16 November 2015

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်က (ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ)
အမျိုးသားပြန်လည်သင့် မြတ်ရေးသဘောထားကို အခြေခံ သည့်တွေ့ဆုံဆွေးနွေးမှုကို ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ နိုဝင်ဘာ ၁၉ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းက သတင်းထုတ် ပြန်သည်။ 


ရွေးကောက်ပွဲတွင် အနိုင်ရ ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် အမျိုးသားပြန်လည် သင့်မြတ်ရေးသဘောထားကို အ ခြေခံသည့်တွေ့ဆုံဆွေးနွေးမှုပြု လုပ်ရန် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည် ထောင်စုလွှတ်တော်နာယကတို့ ထံသို့ နိုဝင်ဘာ ၁၀ ရက်တွင် စာတစ်စောင်စီ ရေးသားတောင်းဆို ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမည့်ရက်နှင့်အချိန်ကို တိ ကျစွာ ထုတ်ပြန်၍ တွေ့ဆုံဆွေး နွေးမှုပြုလုပ်မည်ဟု တုံ့ပြန်မှု၌ သူရဦးရွှေမန်းသည် ပထမဦးဆုံးဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ ကမူ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုသည့်စာကို လက်ခံရရှိ ကြောင်းနှင့်တွေ့ဆုံနိုင်ရေးကို ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီး ဆုံးချိန် တွင် နှစ်ဖက်ညှိနှိုင်းဆောင် ရွက်မည်ဟု သတင်းထုတ်ပြန် ထားသည်။ သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့သည် အ ဆိုပါ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ နိုဝင်ဘာ ၁၅ ရက်က ပြည်သူ့ လွှတ်တော်တွင် ပဏာမတွေ့ဆုံခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည် သည် ရွေးကောက်ပွဲနှင့် ပတ် သက်၍ သူရဦးရွှေမန်းကို နှစ်သိမ့် အားပေးခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။


7Day Daily

No comments:

Post a Comment