Monday 16 November 2015

KIA က အစိုးရသစ် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်သတဲ့လား?

ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ KIO/KIA တို့ဟာ ဒီနေ့ ဒီအချိန်ထိ အပစ်အခတ်ရပ်စဲရေး ကိုဘာ့ကြောင့် မျက်ကွယ်ပြုခဲ့ သလဲဆိုတာ ပြောချင်ပါတယ်။ KIO/KIA ခေါင်းဆောင် ကြီးတွေက သူတို့လိုချင်တဲ့ ၀မ်ပေါင် နိုင်ငံ ထူထောင်ရေး၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး မရမချင်း အပစ်ရပ်လက်မှတ် မထိုးဘူးဆိုတဲ့ သန္နိဋ္ဌာန် ချထားပါတယ်။အခု နောက်တက်လာမယ့် NLDအစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေ ဖြစ် နေပြီလို့ KIA ဒုခေါင်းဆောင် ဂွမ်မော်က မီဒီယာတွေကို ထုတ် ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ RCSS/SSA၊ KNU စတဲ့ အင်အားကြီး အဖွဲ့တွေ အစိုးရနဲ့ NCA လက်မှတ်ထိုးပြီးကြပါပြီ။ ဒါပေမယ့် KIO/KIA ကတော့ လုံးဝမထိုးပါဘူး။ ဖြစ်နိုင် ရင် ၂၀၁၅ ထဲမှာ ဟိုရှောင်ဒီပြော လုပ်ပြီး ၂၀၁၆ ထဲထိ ရောက်သွားစေချင်တဲ့ အကြံကိုသုံးခဲ့တာ ဖြစ်ပါ တယ်။ သူတို့ရဲ့ အကြံဟာ သူတို့ အတွက်ကောင်းချင်ကောင်းပါလိမ့်မယ်။

သို့သော်ပြည်ထောင်စုကြီးအစိတ်စိတ်အမွှာမွှာပြိုကွဲသွားဖို့ ကတော့ လက်တစ်ကမ်း ပဲ လိုပါတော့တယ်။

ဒါ့ကြောင့် KIO/KIA ခေါင်းဆောင်တွေဟာ UNFC ၊ NCCT လိုအဖွဲ့တွေမှာ ထိပ်ပိုင်းနေရာတွေယူပြီး အစိုးရကို အကျပ်တွေ့အောင် လုပ်နေတာဖြစ်ပါတယ်။တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မချုပ်မှာ လက်နက် ကိုင် တွေ အားလုံး မပါ ၀င်အောင် KIO/KIA ဦးဆောင်တဲ့ UNFC က ဖက်ဒရယ်တပ်မတော်ကို မလျော့တမ်း တောင်းဆိုနေတာ ဖြစ်ပါတယ်။ အစိုးရက လက်မခံတဲ့ ဖက်ဒရယ် တပ်မတော်ကိစ္စကို တောင်းဆိုမှသာ အပစ်မရပ်နိုင်မယ်ဆိုတာ သေချာပြင်ဆင်ထားခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ဒါ့ကြောင့် NCA မှာ လက်နက်ကိုင် ၈ ဖွဲ့ပဲ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ KIO/KIA ခေါင်းဆောင်တွေဟာ သူတို့ အကျိုးမရှိ ရင် ဘာတစ်ခုမှ မလုပ်ပါဘူး။

ဘာဖြစ်လို့ အတိအကျပြောနိုင်တာလဲဆိုတော့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပဲကြားလှော် လောင်းကစားရုံမှာ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် အာပေါင်အာရင်းသန်သန်နဲ့ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့က ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ သူပြောတာက KIO/KIA အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အခြေခံဥပဒေ ကို လက်ခံဖို့မဟုတ်ဘူး၊ ရွေးကောက်ပွဲဝင်ဖို့ မဟုတ်ဘူး၊ ငါတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုနေတာ ဖြစ်တယ် ဆိုပြီး ပြောကြားခဲ့တာရှိပါတယ်။ဒါဆိုရင် ဗိုလ်ချုပ်ဂွမ်မော် ပြောတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာ ၀မ်ပေါင်နိုင်ငံ ထူထောင်ပြီး ပြည်ထောင်စုက ခွဲထွက်ဖို့နဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့ပြီး ကချင်ပြည်နယ်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီနေ့ကဗိုလ်ချုပ်ဂွမ်မော်ဟာ ကချင်ဒေသခံတွေ အမှတ်မှားနိုင် တဲ့ သွေးခွဲ စကားတွေ ပြောသွားတာ အလွန်ပဲအန္တရာယ် ကြီး ပါတယ်။

“ အင်ဒိုနီးရှား အနောက်ဘက် မူဆလင်အမျိုးသား အာဂျေးဆိုတာရှိတယ်။ လူဦးရေ ၄၀၀၀ ကျော်ရှိတယ်၊ ဒီလူတွေဟာ ဒတ်ခ်ျလူမျိုးတွေ၊ နိုင်ငံအုပ်ချုပ်လာ တဲ့အချိန်မှာ စုပေါင်းတော်လှန်ရေးလုပ်ခဲ့ပြီး ငါတို့လိုပဲ တန်းတူညီမျှ အခွင့်အရေးနဲ့ အတူ နေထိုင်ဖို့အတွက် အင်ဒိုနီးရှားနဲ့ လက်မှတ်ရေးထိုးခဲ့တယ်၊ အဲဒီနောက် သူတို့လိုအပ်တဲ့အခွင့် အရေးမရတော့တဲ့ အတွက် ပြန်လည်တော်လှန်တိုက်ခိုက်ပြီး အာဂျေးအဖွဲ့တွေ အခွင့်အရေးပြန်ရရှိသွားခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံဟာ တစ်ပြည်ထောငစနစ်ဖြစ်တယ်၊ သို့သော်လည်း အာဂျေးပြည်နယ်ဟာ ဖက်ဒရယ်အခွင့်အရေး အပြည့်အ၀ ရရှိသွားတယ် ” ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်ပြောသွားတာပါ။ ဒါ့ကြောင့် KIO/KIA ဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံစည် နေတယ်ဆိုတာ ရှင်းနေပါပြီ။

အခုဆိုရင်KIO/KIA ခေါင်းဆောင်ကြီးတွေဟာ မြောက်ပိုင်းဖက်ဒရယ်တပ်မတော်အဖြစ် လျှို့ဝှက်ဖွဲ့စည်း နေပါပြီ။ လိုင်ဇာနဲ့ ရှမ်းမြောက်မှာKIA ၊ SSPP/SSA၊ AA ၊ TNLA ၊MNDAA ၊ မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့များ စုပေါင်းပြီး စစ်ရေး လေ့ကျင့် မှုတွေလုပ်နေပါပြီ။ မြန်မာပြည်အတွက် အလွန်အန္တရာယ်များတဲ့ အခြေအနေတစ်ခုကို သူတို့ ဖန်တီးနေကြပါပြီ။ ၀မ်ပေါင် နိုင်ငံ ထူထောင်ပြီး ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းဖို့ ကြံစည်နေတဲ့ KIO/KIA အဖွဲ့ကို အချိန်မီ တားဆီးပေးပါလို့ ပြောချင် ပါတယ်ဗျာ။ နောက်တက် လာမယ့် NLDအစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေဖြစ်နေပြီလို့ KIA ဒုခေါင်းဆောင် ဂွမ်မော်က မီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်တာဟာ တိုင်းပြည်အတွက်အလွန်ပဲ အန္တရာယ်ကြီပါကြောင်း သတိပေး လိုက်ချင်ပါတယ်။

နေဇော်အောင်
Today Myanmar 

No comments:

Post a Comment