Wednesday 11 February 2015

တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး ဥပဒေလွှတ်တော် အတည်ပြု

ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအတွက် အထောက် အကူပြုနိုင်သော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာ ကွယ်စောင့်ရှောက်သည့် ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။
လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် အချက် ၁၉ ချက်ကို လွှတ်တော်၏ ဆုံးဖြတ်ချက်ရယူ ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၀ ရက်တွင်ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ငါးဦးမှ ယင်းဥပ ဒေကြမ်းနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ပြီး အချက်အချို့ကို မဲခွဲဆုံး ဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ် သည်။
ယင်းဥပဒေမှာ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် တွင် ကာလအ တန်ကြာဆွေးနွေး ခဲ့ပြီးမှသာ ယခုကဲ့သို့ ပြည်ထောင် စုလွှတ်တော်၌ အတည်ပြုနိုင် ခဲ့ ခြင်းဖြစ်သည်။
အတည်ပြုလိုက်သည့် ဥပ ဒေ ထုတ်ပြန်ပြဋ္ဌာန်းပြီးပါက တိုင်းရင်းသားများ၏ အရေးကိစ္စများဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာန တစ်ခုပေါ်ထွက် လာမည်ဖြစ်သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင်လည်း အထက်ပါ ၀န်ကြီးဌာ နများပေါ် ထွက်လာမည်ဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် နေထိုင် နေကြသော တိုင်းရင်သားလူမျိုး များအတွက် ယင်းဥပဒေပါပြဋ္ဌာန်း ချက်များသည် အကျုံးဝင်သက် ရောက်မည်ဖြစ်သော် လည်း နိုင်ငံ သားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံ သားများမှာ ဥပဒေနှင့် သက်ဆိုင်ခြင်းရှိမည်မဟုတ်ပေ။
7Day Daily

No comments:

Post a Comment