Wednesday 11 February 2015

လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲများ ပဋိပက္ခထပ်ဖြစ်



လက်ပံတောင်းတောင်အနီး ဆည်တဲ ရွာနှင့် ကိုက် ၁ဝဝ ခန့်အကွာတွင်ရဲများ နှင့် ဒေသခံများကြားလေးခွ၊ ခဲများနှင့် အ ပြန်အလှန်ပစ်ခတ်မှု ယနေ့ပြန်လည်ဖြစ် ပွားခဲ့ သည်။ယနေ့ နံနက် ၆ နာရီခန့်တွင် ဝမ် ပေါင်ကုမ္ပဏီက ရဲအင်အားသုံးဆယ်ခန့် ဝန်းရံကာ လျော်ကြေးမယူထားသည့် မြေ ကွက်များပေါ်သို့ စက်ယန္တရားများဖြင့် မြေ တူးခြင်း လုပ်ငန်းများလုပ်ဆောင်ရာမှ တစ် ဆင့် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသ ခံများက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များမှာ သေနတ်ဖြင့် မိုး ပေါ်ထောင်ဖောက်၍ လူစုခွဲသော်လည်း အဆင်မပြေသောကြောင့် ရွာသားများအား ခဲများ၊ လေးခွများဖြင့် ပြန်လည်ပစ်ပေါက် ခဲ့ရာ ရွာသား ၉ ဦးခန့် ဒဏ်ရာများ ရရှိခဲ့ ပြီး ပွန်းပဲ့ထိခိုက်ဒဏ်ရရှိသူများလည်း ရှိ ကြောင်းဇီးတောရွာ၊ စန်းမြဝတီဘုန်းကြီး ကျောင်းမှ ဆရာတော်ဦးစန္ဒာသီရိက မိန့် ကြားသည်။
ဆည်တဲရွာမှ မဝင်းဌေးကမူ ”အင် အားသုံးပြီး လုပ်လို့ရတယ်ဆိုတဲ့ လုပ် ပေါက်နဲ့လာလုပ်တာ။ လျော်ကြေးမှမယူ ထားတာ၊ ဘယ်သူက လက်ခံမှာလဲ။ ခံစား ရလွန်းလို့ ဘယ်လိုစကားမျိုးနဲ့တောင် သူ တို့ကို ပြောရမှန်းမသိတော့။ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်”ဟု ပြောသည်။
နံနက် ၆ နာရီမှ ညနေ ၄ နာရီခွဲအထိ ဝမ်ပေါင်အားအလိုမရှိကြောင်း ရွာသား များက ဆန္ဒထုတ်ဖော်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်မှ ၂ နာရီခွဲအထိတစ်ကြိမ်၊ မွန်း လွဲ ၃ နာရီမှ ၄ နာရီခွဲအထိတစ်ကြိမ် အ ပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အစိုးရအနေဖြင့် ရွာသားများ၏ အခက် အခဲကို ကြားဝင်ဖြေရှင်းပေးပြီး ရွာသား များကျေနပ် သည်အထိ လုပ်ဆောင်ပေး သင့်ကြောင်းနှင့် ယခုကဲ့သို့ အင်အားသုံး ဖြိုခွင်းခြင်းမှာ နည်းလမ်းမှန်မဟုတ်ကြောင်း ဆရာတော်ဦးစန္ဒာသီရိက မိန့်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲများ ဘက်မှ ထိခိုက်မှုရှိမရှိနှင့် အမှုဖွင့် အရေး ယူမှု အခြေအနေများကို Popular News  ဂျာနယ်မှ  လက်ပံတောင်းတောင်ပြဿနာ များကို အဓိကကိုင်တွယ်ဖြေရှင်းသည့် ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး(ရှေ့တန်း) သို့ ညနေ ၆ နာရီခန့်တွင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ၌ အမှုတက်မလာသေးသော ကြောင့် မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း လူသေဆုံးသည်အထိ ထိုဒေသတွင် ပဋိပက္ခဖြစ်ပွားခဲ့သည်။
popularmyanmar.com

No comments:

Post a Comment