Wednesday 11 February 2015

ကိုယ်အလေးချိန်လျှော့ချရန် အစားရှောင် စားခြင်းကို လေ့ကျင့်ခန်းနှင့်တွဲလုပ်ပါ

အစားရှောင်စားရုံသက်သက်ဖြင့် ကိုယ်အလေးချိန်လျှော့ချရန်ကြိုးစားပါက ခန္ဓာကိုယ်မှအဆီများ အလွယ်တကူလောင်ကျွမ်းနိုင်ခြင်းမရှိသဖြင့် လှပပြီးအဆီမရှိသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရန် အစာငတ်ခံစရာမလိုပေ။
ခန္ဓာကိုယ်အဆီများ လောင်ကျွမ်းမှုကို အရှိန်မြှင့်တင်ရန် အစားအစာကုန်အောင်စားလေ့ရှိခြင်းကိုလျှော့ပြီး လမ်းလျှောက်သည့် အလေ့အထကို ပို၍အာရုံစိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး ကိုယ်အလေးချိန်ပိုနေသော အရွယ်ရောက်ပြီးသူများကို ကိုယ်အလေးချိန်လျော့ကျစေရန် နည်းလမ်းသုံးခုဖြင့် သုတေသီများက ကြိုးစားခိုင်းခဲ့သည်။
သုတေသီများက လူတချို့ကို လမ်းလျှောက်ခြင်းအများစုပါဝင်သော လေ့ကျင့်ခန်း သက်သက်လုပ်ခိုင်းပြီးနောက် လူတချို့ကို အစားရှောင်စားခိုင်းကာ နောက်ဆုံးလူတစ်စုကို လေ့ကျင့်ခန်းနှင့် ဓာတ်စာတွဲ၍ ကိုယ်အလေး ချိန်လျှော့ချခိုင်းခဲ့သည်။ အဖြေမှာ စားသောက်ပုံကိုသာ အလေးထားသူများထက် လမ်းလျှောက်သူများက အဆီအလွယ်တကူလျှော့ ချနိုင်ကြောင်း သိရသည်။
တစ်နေ့လျှင် မိနစ် ၃၀ မျှ လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါများဖြစ်ပွားမှုနှင့် စိတ်ဖိစီးမှုတို့ကို ပို၍ကာကွယ်ပေးနိုင်သည်။ ထို့အပြင် အဆီပိုများကို လောင်ကျွမ်းစေပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သည်။
ကျန်းမာရေးနှင့်မညီသော အစားအသောက်စားလိုသောဆန္ဒကို ထိန်းချုပ်ပါ။ ဥပမာ သကြားလုံးများစားလိုပါက အထုပ်ကြီးကြီးအစား အထုပ်သေးသေးကိုသာစားပါ။ မကြာမီက လေ့လာမှုများအရ အစားအစာထုပ်ပိုးမှု သေးငယ်နေခြင်းက အစာများစွာစားလိုမှုကို ပြောင်းလဲနိုင်ကြောင်း သိရသည်။
ကိုယ်အလေးချိန်ပိုများလာခြင်းနှင့် ပတ်သက်၍ မစိုးရိမ်သူများမှာ မုန့်ပဲသရေစာအထုပ်သေးများထက် အထုပ်ကြီးများ ပို၍စားလေ့ရှိကြကြောင်း သိရသည်။
ထို့ကြောင့် ရွေးချယ်စားသောက်မည့် အစားအစာပမာဏကို ထိန်းချုပ်ပြီးမှစားပါ။ ယင်းကဲ့သို့ အစာစားသောက်ပုံအလေ့အထကို အလေ့အကျင့်ဖြစ်အောင်လုပ်ပြီး လေ့ကျင့်ခန်းလုပ်ပါက ပိုနေသော ကိုယ်အလေးချိန်များ လွယ်ကူစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
—Ref: TOI
7Day Daily

No comments:

Post a Comment