Wednesday 11 February 2015

အိုင်အက်စ်ကို စစ်အင် အားသုံး တိုက်ခိုက်ရန် အိုဘားမား လုပ်ပိုင် ခွင့်တောင်းဆိုရန် ရှိနေ


အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ် အကြမ်းဖက် အုပ်စုအပေါ် စစ်အင်အား သုံးနှိမ်နင်း တိုက်ခိုက်ရန် လုပ်ပိုင် ခွင့်အသစ် တစ်ရပ် ကိုဖေဖော်ဝါ ရီ ၁၁ ရက်မတိုင်မီက အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော် တွင်တောင်းခံ လိမ့်မည်ဖြစ်ကြောင်း ကွန်ဂရက် တာဝန်ရှိသူများ ကပြော ကြားသည်။
ယင်း ကိစ္စရပ် သည်ခြောက်လကျော် ကြာမြင့် ခဲ့ပြီ ဖြစ်သော စစ်ဆင်ရေး အပေါ် ဥပဒေပြု အမတ်များက ပထမ ဆုံးမဲပေး ဆုံးဖြတ် သွားနိုင် မည်ဖြစ်သည်။


အိုင်အက်စ် အဖွဲ့ကို တိုက်ခိုက်နေ သည့်နိုင်ငံတကာ ညွှန့်ပေါင်းတပ်ဖွဲ့တစ်ခုကို အမေရိကန်က ဦးဆောင် လျက်ရှိပြီး ပြီးခဲ့သည့် သြဂုတ်လ ကလည်း အိုဘား မားက ယင်းစစ်သွေးကြွများ အပေါ်လေကြောင်း တိုက်ခိုက်မှုများကို စတင်ဆင်နွှဲစေ ခဲ့သည်။ အိုင်အက်စ်တို့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ များစွာကို သိမ်းပိုက် ထားပြီး လူထောင်ပေါင်း များစွာကိုလည်း သတ်ဖြတ် ထားခဲ့သည်။

အိုင်အက်စ်တို့ အပေါ်ပြုလုပ်သည့် စစ်ဆင်ရေး အတွက်စစ်တပ် အင်အား သုံးရန် အိုဘားမား အစိုးရ အဖွဲ့က လက်ရှိ အချိန်ထိ တရားဝင် ခွင့်ပြု ချက်တောင်း ခံနိုင်ခြင်း မရှိသေးခြင်းက ဖွဲ့စည်းပုံပါ သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာ ကိုကျော်လွန်နေမည့် အပေါ်တွင် ကွန်ဂရက် အမတ်အချို့က စိုးရိမ်ပူပန် နေကြသည်။

ယင်းကိစ္စတွင် စစ်အင်အား အသုံးပြုမှုအပေါ် ဥပဒေပြု အမတ်များက အရေးတကြီး ဝင်ရောက်ပြော ဆိုသင့် ကြောင်း အချို့က ဆိုကြသည်။ ယခု စစ်ဆင်ရေး သည်တရား ဝင်ကြောင်း အိုဘားမား အစိုးရအဖွဲ့ ကပြော ကြားပြီး ယင်းသည် ၂ဝဝ၂ခုနှစ် က အီရတ်စစ်ပွဲနှင့် ၂ဝဝ၁ခုနှစ်က အယ်လ်ကိုင်ဒါနှင့် ဆက်စပ်အုပ် စုများအပေါ် တိုက်ခိုက် ရာတွင် သမ္မတဂျော့ဒဗ္ဗလျူဘု့ရှ် လက်ထက်က လုပ်ဆောင် ရရှိခဲ့သော လုပ်ပိုင်ခွင့်ကို အခြေခံကြောင်းပြော ကြားကြသည်။

အိမ်ဖြူတော်သည် အဆိုပါ စစ်ဆင်ရေး  လုပ်ပိုင် ခွင့်နှင့် ပတ်သက်  ၍တောင်း ခံလိမ့် မည်ဖြစ်ပြီး  ယင်းကိစ္စ သည်  သုံးနှစ်ခန့် ကြာမြင့် လိမ့်မည် ဟုအောက် လွှတ်တော် ဒီမိုကရက် တစ်များ ၏ခေါင်းဆောင် နန်စီပီလိုစီ ကပြောကြား သွားသည်။

စစ်ဆင်ရေးလုပ်ပိုင်ခွင့်၏ပထဝီရေးရာပိုင်းနှင့် တပ်ဖွဲ့ဝင်များအပေါ်မည်သည့်ကန့်သတ်မှုများထားရှိမည်ဆိုသည့်အပေါ်တို့တွင် ဆုံးဖြတ်ချက်ချမှတ် ရသေးခြင်း မရှိကြောင်း၎င်း ကပြော ကြားသွားသည်။

ယင်းကိစ္စ ရပ်သည်  ကွန်ဂရက်တွင် အချေ အတင်ဆွေးနွေး ရဖွယ်ရှိသည့် ကိစ္စရပ် လည်းဖြစ်သည်။ ဒီမိုက ရက်တစ် အမတ် အများစုက အမေရိကန် တပ်ဖွဲ့ များစေလွှတ်ပေး ပို့ခြင်းအပေါ် တားမြစ်လိုသော်လည်း စစ်ဘက် တပ်ဖွဲ့ဝင်များအပေါ် ကန့်သတ်ရန် သင့်လျော်ခြင်း မရှိကြောင်း ရီပတ်ဘလစ်ကန် အမတ်အ များစု ကပြော ကြားထားသည်။
မဇ္စျိမ

No comments:

Post a Comment