Wednesday 11 February 2015

" ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော်ကို ယူမသွားခဲ့ဘူး "


”လူကောင်းတစ်ယောက် ကွယ်လွန်သွားသည့်အခါ လူမိုက်သိန်းသောင်းများစွာ ပျော်ရွှင်ကြပါလိမ့်မည်”
ထိုအတွေးနှလုံးသားထဲဝင် လာတိုင်း အခိုးအမျိုးမျိုးဖြင့် မှုန်မှိုင်းနေသော နိုင်ငံကို မချိတင်ကဲ ငေးမိစမြဲဖြစ်သည်။ မချိတင်ကဲ။ ဤစကားလုံးကို တကူးတက ယူငင်သုံး လို က်ခြင်းမဟုတ်သော် လည်း တွေးမိသည့်အခါ လေးလံသောခံစားမှုဖြင့် အားတင်းလိုက်ရပြန်သည်မို့ မချိတင်ကဲရေး လိုက်မိခြင်းရယ်သာ။ ထိုပျော် ရွှင်မှု မည်မျှကြာမြင့်ပါ သ လဲဟု ကျွန်တော် ဆက်တွေးသည်။ကျွန်တော့်တွင် အဖြေက ရှိပြီးသား။

လူကောင်းတစ်ယောက်ကွယ် လွန်သွားသည့်အခါ လူမိုက်သိန်းသောင်း များစွာတို့ အနည်း ဆုံးနှစ် ၁ဝဝ ပျော်ရွှင် ခွင့်ရနိုင်ပါသည်။ ထို့ကြောင့်ပင် ကျွန်တော်မချိတင်ကဲ ခံစားရခြင်း ဖြစ်သည်။
(က)
”လူကောင်းတစ်ယောက် ကွယ်လွန်သွားသည့်အခါ လူမိုက်သိန်းသောင်းများစွာ ပျော်ရွှင်ကြပါလိမ့်မည်”
ထိုအတွေးနှလုံးသားထဲဝင် လာတိုင်း အခိုးအမျိုးမျိုးဖြင့် မှုန်မှိုင်းနေသော နိုင်ငံကို မချိတင်ကဲ ငေးမိစမြဲဖြစ်သည်။ မချိတင်ကဲ။ ဤစကားလုံးကို တကူးတက ယူငင်သုံး လို က်ခြင်းမဟုတ်သော် လည်း တွေးမိသည့်အခါ လေးလံသောခံစားမှုဖြင့် အားတင်းလိုက်ရပြန်သည်မို့ မချိတင်ကဲရေးလိုက်မိခြင်းရယ်သာ။  ထိုပျော် ရွှင်မှု မည်မျှကြာမြင့်ပါ သ လဲဟု ကျွန်တော် ဆက်တွေးသည်။ကျွန်တော့်တွင် အဖြေက ရှိပြီးသား။ လူကောင်းတစ်ယောက်ကွယ် လွန်သွားသည့်အခါ လူမိုက်သိန်းသောင်း များစွာတို့ အနည်း ဆုံးနှစ် ၁ဝဝ ပျော်ရွှင် ခွင့်ရနိုင်ပါသည်။ ထို့ကြောင့်ပင် ကျွန်တော်မချိတင်ကဲ ခံစားရခြင်း ဖြစ်သည်။
နှစ် ၁ဝဝ ၊  လူမိုက်တို့ပျော်၍ ပြည်သူတို့ မပျော်နိုင်ခဲ့သည့် နှစ်ကာလများ
ထိုမျှလောက်သော နှစ်ကာလများစွာကြာအောင် လူမိုက်တို့ ပျော်စေနိုင်သည့် လူကောင်းတစ်ယောက်ဆိုသည်က သာမန်လူတော့မဖြစ်နိုင်။ ခေါင်းဆောင်ကောင်းတစ်ဦး၊ သူရဲကောင်းတစ်ဦး၊ အာဇာနည်တစ်ဦး။ သူတစ်ဦးတစ်ယောက်တည်းနှင့်ပင် ပြည်သူအားလုံးကို ကိုယ်စားပြုသည်။ ထို့ကြောင့်ပင် သူမရှိတော့သည်နှင့် ဆန့်ကျင်ဘက် လူမိုက်တို့ ဤမျှလောက် ပျော် ခွင့်ရခဲ့ခြင်းဖြစ်၏။ ထိုသည်ကပင် သူရဲဘောနည်းသူတို့၏ အပြုအမူ။ ကျွန်တော့်စကား မဟုတ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့ည ၇ နာရီ၁၅ မိနစ်အချိန်တုန်းက မြန်မာနိုင်ငံ၏  ဘုရင်ခံမင်းကြီး ဆာဟူဘတ်ရမ့်စ် ပြောခဲ့ ခြင်းဖြစ်သည်။
သူရဲဘောနည်းသူတို့၏ အပြုအမူ
ပစ္စုပ္ပန်ကိုငေးရင်း ကျွန်တော်ဆက်တွေးသည်။ အတူတူပါပဲ။ သူရဲဘောနည်းသူတို့၏ အပြုအမူတို့က ကွဲလွဲမှုမရှိ။ အတူတူနှင့် အနူနူချည်းသာ။ ပြည်သူ့ ကိုယ် စားပြုေ သာ၊ ပြည်သူတို့၏ စိတ်ဝမ်းနှင့်တစ်သားတည်းရှိသော တစ်စုံတစ်ယောက် ပေါ်ပေါက်လာပါက အဓမ္မတရား၏ အမှောင်ကိုကြိုက်သောလူ မိုက်တို့အတွက် အရုဏ် တတ် လာသည်ကို မြင်သောညဥ့်ငှက်တို့ကဲ့သို့ အလန့်တကြား ဖြစ်ကြရစမြဲ။ ထိုအခါ သူရဲဘောနည်းသော၊ သူရဲ ဘောကြောင်သောအပြုအမူတို့ကို အရှက် မဲ့စွာ လုပ်ကြ သည်။ လုပ်ကြလိမ့်ဦးမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်အ တွေးစက မဆုံးသေးသောကြောင့် ဖြစ်သည်။  ”လူကောင်းတစ်ယောက် ကွယ်လွန်သွား သည့် အခါ လူ မိုက် သိန်းသောင်းများစွာ ပျော်ရွှင်ကြပါလိမ့်မည်။
ထို့အတူ လူကောင်းတစ်ယောက်မွေး ဖွားလာသည့်အခါ လူမိုက်သိန်းသောင်း များစွာတို့ ကြောက်ရွံ့ထိတ်လန့်ပြီးနောက် အဆုံးတိုင်ရှုံးနိမ့်ပျက်စီးကြရမည်ဖြစ်သည်” ထို အတွေးအတွက်လည်း မေးခွန်းရှိရ ဦးမည်။ မည်မျှ ကြာပါမည်လဲ။ ဓမ္မ၏ ထို အောင်ပွဲအတွက်လည်း နှစ် ၁ဝဝ ကြာမြင့် နိုင်ပါသည်။ တကယ်တော့ ထိုနှစ်ကာ လ မျှ လောက်ကိုတော့ ပြည်သူတို့မမှုပါ။ နှစ် ၁ဝဝ လုံးလုံးရသင့်သော ပြည်သူ့အခွင့် အရေးများ၊ ပြည်သူအားလုံးပိုင်ဆိုင်သော တိုင်းပြည်၏သယံဇာတများအလွဲသုံးစားမှု၊  အချ ည်းနှီးဖြစ်ခဲ့ရသော ဖွံ့ဖြိုးတိုးတက်ရ မည့်အချိန်ကာလများ၊ နှစ် ၁ဝဝ လုံးလုံး ပြည်သူက အရှုံးတွင် ခံနိုင်ရည်ရှိရှိ နေခဲ့ ပြီးပြီ။ ထို့အတွက် လူမိုက်တို့အရှုံးပေးရမည့် လူကောင်း တစ်ယောက်မွေးဖွားလာမည့် နှစ် ၁ဝဝ ကို အဘယ့်ကြောင့်မတောင့်တဘဲ နေနိုင်ပါမည်နည်း။ လူမိုက်တို့ငို၍ ပြည်သူ တို့အောင်ပွဲခံတေးဆိုရမည့် နှစ် ၁ဝဝ။ ကျွန်တော် အံကြိတ်၍ ရေရွတ်မိပါသည်။
”တရားမျှတမှု၊ ပြည်သူ့အာဏာ နိုးကြားမှု တွေကိုခေါ်လာပြီး ပြန်လည်မွေးဖွားလာပေးတဲ့အတွက် ကျေးဇူးပါဗိုလ်ချုပ်ခင်ဗျာ”
(ခ)
”ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား”
မြန်မာပြည်သူတိုင်းရသော ဆရာ တင်မိုး၏ကဗျာ။ ယခု ၂ဝ၁၅ ခုနှစ်ဆိုလျှင်  ဗိုလ်ချုပ်အောင်ဆန်းအသက် ၁ဝဝ ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ သက်တော်ရှည် အဘိုး။ ကျွန်တော်တို့၏ ချစ်သောဖခင်။ လူတစ်ယောက်ကိုချစ်ရသည်မှာ ထင်သ လောက်လွယ်ကူသည်တော့ မဟုတ်။ ထို့ ထက်မူ လူတစ်ယောက်ကို နှစ် ၁ဝဝ ကြာ မြင့်အောင် ချစ်ခင်လေးစားတန်ဖိုးထားမှု နှင့်အတူ တသသနှိုင်းယှဉ်တမ်းတမိဖို့က  သာ၍ပင် ခက်ပါလိမ့်မည်။ အခုတော့ မြန် မာတစ်နိုင်ငံလုံးနေရာအနှံ့တွင် ဗိုလ်ချုပ်၏ ရုပ်ပုံကားချပ်၊ ရုပ်တုဟန်ပန်၊ အသံနှင့် ရာ ပြည့်မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားများ။ ပြီးတော့ ”ပဲပြုတ်နှင့်နံပြား”။
တကယ်တော့ ထိုပဲပြုတ်နှင့် နံပြား သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသည် ဤ သို့သောပုဂ္ဂိုလ်ဖြစ်သည်ဟူသော အဓိပ္ပာယ် ဖွင့်ဆို ချက် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော ပြည်သူတို့၏ ထောက်ခံအားပေး မှုအပြည့်အဝရရှိထားသော၊ အမြင့်ဆုံး သြဇာအာဏာကိုရရှိထားသော ပုဂ္ဂိုလ်မျိုး က ပဲပြု တ်နှင့် နံပြားကိုသာ ရိုးရိုးသားသား တောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ပဲပြုတ်နှင့်နံပြားတို့ကိုသာ တောင်းဆိုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင် ငံရေးကိုယ်ကျင့်တရား နှင့် စာရိတ္တအတွက် ဗိုလ်ချုပ်ကိုကြည်ညို လေးစားချစ်ခင်ကြခြင်း ဖြစ်သည်။
”ဟေ့ရောင် ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီး ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့ပီအေအဖြစ် တစ်ရက် နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်၊ အစိုးရ အဖွဲ့ အနေနဲ့ ငါတို့မှာအဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ ငါအခု ပြောနေတာကို မင်းမြဲမြဲမှတ်ထားစမ်း၊ အာဏာရလာတယ်ဆိုရင်ပဲ ငါတို့ကိုချဉ်း ကပ် အကူအညီ တောင်းတာတွေလည်း လာလိမ့်မယ်၊ ဒီ တော့ ငါ့ရဲ့ဆွေမျိုးတွေ ငါ့မိန်းမဘက်က ဆွေမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့  အပေါင်းအသင်းတွေအားလုံး ဘယ် သူကိုမှ မတရားအခွင့်အရေး မပေးရဘူး၊ သူတို့ အကူအညီတောင်းတာကို လုပ်မပေးရဘူး၊ မင်းတို့ငါတို့ကလည်း ဘယ်သူ့ ဆီကမှ အကူအညီ မယူရဘူး၊ အဲဒါအိမ်မှာ အားလုံးကိုပြောထားလိုက်၊ ငါအခုပြော တဲ့အတိုင်းမလိုက်နာရင်မင်းနဲ့ငါနဲ့အသိပဲ”
”မမကြည် အိမ်မှာချက်ဖို့ ဆန်မရှိရင် ကျွန်တော်တို့ ရဲဘော်တွေ ကြံဖန်ရှာပေးပါ့မယ်၊ ဆန်အိတ်တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီး ပွားရေး သမားတွေကိုတော့ လုံးဝလက်မခံပါနဲ့၊ ဗိုလ်ချုပ်က ဒီအတိုင်းကျွန်တော့ကို ပြောထားလို့ပါ”
”ဘာလဲ မင်းကရုံးမန်နေဂျာကို တယ်လီဖုန်းဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့ မဟုတ်လား၊ မတောင်းရဘူး၊ ရုပ်ရှင်ကြည့်ရင်ပိုက်ဆံနဲ့ လက်မှတ်ဝယ်ကြည့်ရ မယ်၊ မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့် အရေးယူတာတစ်မျိုးပဲ၊ မင်းတို့ ငါတို့ အနေနဲ့  မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာကလက်မှတ်နှစ်စောင် မဟုတ် ဘူး။ဆယ်စောင်ဆိုလည်းပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး၊ ရုပ်ရှင်ရုံပိုင်ရှင်တို့၊ မန်နေဂျာတို့ဆိုတာ စီးပွားရေးသမားတွေကွ၊ အာဏာရှိတဲ့လူဆိုရင် မျက်နှာလို မျက်နှာရလုပ်တတ်တယ်။ သူတို့က အခွင့်အရေးတစ်ခုပေးပြီးရင် ဆယ်ခုပြန်တောင်း လိမ့်မယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး”
ကျွန်တော် အဘယ့်ကြောင့် မချိတင်ကဲငေးမိသည်ကို ရှင်းပြရန် လိုမည်မထင်ပါ။ အဘယ့်ကြောင့် သူပြန်လည်မွေးဖွားလာမည်ကို အဓမ္မတရား၏ဘက်တော်သား လူ မိုက် များအသေအလဲကြောက်လန့် နေကြသည်ဆိုသည်ကိုလည်း အကျယ်ချဲ့ ပြစရာလိုမည်မထင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိစီးသည့်ကားပျက်ပါက ကိုယ်တိုင် ဆင်းတွန်း သည့်သူသာ ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရုပ်ရှင် ကို တစ်မတ်တန်းမှကြည့်သူသာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂုဏ်ပကာသန ကိန်းကြီးခန်းကြီးနှင့် ဟန် လုပ်ခြင်းကို မုန်း သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့မျက်နှာကိုသာကြည့်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပဲပြုတ်နှင့်နံပြား ကိုသာစားချင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ပြီး အခြား ပြည်သူ့ဘဏ္ဍာ၊ သယံဇာတနှင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တို့ကို အထိပါး မခံ၊ တစ်မှုန်တစ်စမျှ မစားခဲ့သောကြောင့် ဖြစ်သည်။  ထိုဂုဏ် ပုဒ်များကြောင့် နှစ်ပေါင်း ၁ဝဝ အကြာ၌ သူပြန်လည်မွေးဖွားလာခြင်းကို အဓမ္မဘက်တော်သားများ ကြောက်လန့်နေခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ေ အာင်ဆန်းနောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ၊ အာဏာ ပိုင်ဆိုင်ထားသူများသည် ပဲပြုတ်နံပြားမှ လွဲ၍အကုန်စားခဲ့ကြသောကြောင့်ဖြစ်၏။
(ဂ)
နိုင်ငံတော်နှင့် ပြည်သူတို့ထံမှ ရသမျှအကုန်ယူနေသောခေတ်ကာလတစ်လျှောက် နှင့် ပဲပြုတ်နံပြားမှလွဲ၍ ကိုယ်ကျိုးအတွက် ရသမျှ စားချင်နေသော အုပ်ချုပ်သူလူ တန်း စားများအောက် နေလာခဲ့ရသော၊ နေနေရဆဲဖြစ်သော ပြည်သူအားလုံး ဗိုလ် ချုပ်အောင်ဆန်းကို ချစ်ခင်တန်ဖိုးထား ဂုဏ်ပြုကြသည်က မထူးဆန်းပါ။ ရာပြည့် မွေးေ န့ဂုဏ်ပြုပွဲများခြိမ့်ခြိမ့်သဲကျင်းပနေ ခြင်းကလည်း လိုတောင်လိုနေသေးသည် ဆိုရမည်။ ဗိုလ်ချုပ်အမှတ်တရ ဓာတ်ပုံ အင်္ကျီဗီနိုင်း ပိုစတာများချိတ်ဆွဲထား သည် ကလည်း အမြင်နှင့်စိတ်အာရုံအနှောင့် အယှက်ဖြစ်စရာလည်း မရှိ။
နှစ် ၁ဝဝ လုံးလုံး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံတော်နှင့်နိုင်ငံသားတို့ထံ မှမည်သည့်အရာကို မျှမတရားသဖြင့်အတင်း အဓမ္မယူဆောင်သွားခဲ့ဖူးခြင်း မရှိခဲ့။ ပြည် သူ တို့၏ အသက်ဇီဝိန်နှင့် မိသားစုများကို လည်းကွေကွင်းပျက်စီးအောင်မလုပ်ဖူးခဲ့။ ထို့ကြောင့်ပင် ပြည်သူတို့က နှစ် ၁ဝဝ ကာလပတ်လုံးစိတ်ရှည်လက်ရှည်စောင့်ကာ ဤနိုင် ငံတော်အား ဗိုလ်ချုပ်အောင် ဆန်းထံသို့   လိုလိုချင်ချင်ပေးအပ်နေခြင်း ပင်ဖြစ်သည်ဟု ကျွန်တော် အလေးအနက် ခံစားနေမိပါသည်။ ဗိုလ်ချုပ်စိတ်ဓာတ်၊ ဗိုလ်ချုပ် ထား ခဲ့ သော အမှာစကားများနှင့် ဗိုလ်ချုပ်ပေး ခဲ့သော သက်ရှိအမွေတစ်ခု။ ကျွန်တော် သည် အသံမထွက်ပါဘဲ နှလုံးသားဖြင့်  နိုင်ငံတော်သီချင်းကို လှိုက်လှိုက်လှဲလှဲ ဆို နေမိ ပါ သည်။
”—- ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့ မြေ”
နက္ခတ်နီ
ကိုးကား။ ။ တက္ကသိုလ်နေဝင်း အမှတ်တရ ဗိုလ်ချုပ်
popularmyanmar.com

No comments:

Post a Comment