Thursday 24 December 2015

ဖိုးတခေတ်မွေးနေ့ပွဲမှအပြန် အမျိုးသားတစ်ဦး ဓားထိုးခံရ

ဖိုးတခေတ်၏ မွေးနေ့ပွဲ မှ ပြန်လာသူအမျိုးသားတစ်ဦး သည် သာမညနှင့် ကျုံဒိုးရွာကြား တွင် ဓားထိုးခံရပြီး ဆိုင်ကယ်လု ယူခံခဲ့ရကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဘားအံမြို့နယ် ကျုံဒိုးရွာအ နီးတွင် ဒေသခံများက ကရင် ကိုယ်တော်လေးဟုခေါ်ကြသည့် ဖိုးတခေတ်၏ မွေးနေ့ပွဲကို ဒီဇင် ဘာ ၁၉ ရက်မှစတင်ကာ ဇာတ်ပွဲ များဖြင့် ကျင်းပနေသည်။ ယင်း ပွဲမှ ပြန်လာသည့် အမျိုးသားတစ် ဦးသည် သာမညနှင့် ကျုံဒိုးရွာ ကြား သာယာကုန်းတွင် ဒီဇင်ဘာ ၂၁ ရက်က ဓားထိုးခံရခြင်းဖြစ် ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲ မှူးကြီးထွန်းဦးက ပြောသည်။ ၀မ်းဗိုက်၊ လည်ပင်းနေရာအပြင် ခန္တာကိုယ်အနှံ့ ဓားဒဏ်ရာခြောက် ချက်ရရှိသွားကြောင်း သတင်းရရှိ သည်။

‘‘ဓားနဲ့အထိုးခံရတဲသူက ဖိုးတခေတ်ပွဲကို သွားကြည့်ပြီး တော့ ပြန်လာတာ။ လမ်းပေါ်မှာ လူတစ်ယောက်က တားတယ်။ တားတဲ့သူကို ဆိုင်ကယ်ကြုံ ကောက်တင်လာတယ်။ လမ်း တစ်ဝက်လည်းရောက်ရော လိုက်လာတဲ့သူက ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယူသွားရော။ လမ်း ပေါ်မှာ ဒဏ်ရာတွေနဲ့ ဒယိမ်းဒ ယိုင်ဖြစ်နေတာ နောက်ကလိုက် လာတဲ့ ဘုန်းကြီးတွေကတွေ့လို့ ဆေးရုံပို့လိုက်ရတာ’’ဟု ရဲမှူးကြီး ထွန်းဦးက ပြောသည်။

ဓားထိုးခံရသူအမျိုးသား သည် ဘားအံဆေးရုံ၌ တက် ရောက်ကုသနေပြီး ဒဏ်ရာပြင်း ထန်သော်လည်း အသက်အန္တ ရာယ်မစိုးရိမ်ရတော့ကြောင်း ဘားအံမြို့မရဲစခန်းမှ သတင်းရရှိ သည်။ ၎င်းသည် ပြစ်မှုကျူးလွန် သူ၏ ပုံသဏ္ဌာန်ကို ရဲတပ်ဖွဲ့သို့ ပြောပြနိုင်ခဲ့၍ ဒီဇင်ဘာ ၂၃ ရက် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူ ကို စစ်ဆေးနေကြောင်း ရဲမှူးကြီး ထွန်းဦးက ပြောသည်။

ကရင်ရိုးရာ ထိန်းသိမ်းသည် ဟုဆိုကာ ၀တ်ရုံရှည်အမြဲဝတ် ဆင်ပြီး ဆိတ်၊ ကျွဲ၊ ဆတ်ကဲ့သို့ တိရစ္ဆာန်အချို့ကို လှည်းဖြင့် စီး သောကြောင့် ဒေသတွင်းနာမည် ကြီးနေသော ဖိုးတခေတ်၏ မွေး နေ့ပွဲသည် ဒီဇင်ဘာ ၂၂ ရက်၌ ပြီးဆုံးသွားကြောင်း သတင်းရ ရှိသည်။

7Day Daily

No comments:

Post a Comment