Thursday 24 December 2015

လာမည့်နှစ်တွင် အီးယူနှင့် သဘောတူညီမှုအသစ် ရရှိမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြောကြား


ဥရောပခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဂျာမနီအဓိပတိတို့ကို တွေ့ရစဉ်။(ဓာတ်ပုံ-reuters)
ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ (အီးယူ)ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၁၆ အတွင်း အီးယူ နှင့် ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲသွားမည်ဟု ပြောကြားလိုက်သည်။
လူထုဆန္ဒခံယူပွဲ ကျင်းပကာ ဗြိတိန်ပြည်သူများသို့ချပြမည့် ၎င်းလိုလားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခွင့်ရရေးတစ်ဆင့် နီးလာပြီဟု ဒေးဗစ်ကင်မရွန်း က ပြောသည်။၎င်းမျှော်လင့်ထားသကဲ့သို့ ဖေဖော်ဝါရီတွင် သဘောတူညီမှုရရန် အမှန်တကယ်ခက်ခဲမည်ဖြစ်သော်လည်း လာမည့်နှစ်၌ သဘောတူညီမှုရလိမ့်မည်ဟု ကင်မရွန်းက ပြောသည်။

အီးယူနှင့် ဗြိတိန်နိုင်ငံတို့ကြား ရင်းနှီးသော ဆက်ဆံရေးရှိ ခြင်းကို ဆန့်ကျင်သူများက ကင်မရွန်း၏ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများသည် အနည်းငယ်သာ တန်ဖိုးရှိသည်ဟု ပြောကြားသည်။
အီးယူခေါင်းဆောင်များ နောက်ထပ်တစ်ကြိမ် မတွေ့ဆုံမီလာမည့် သီတင်းခြောက်ပတ်အတွင်း ကိစ္စအနည်းငယ်သာ သေချာမှု ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း လေဘာပါတီခေါင်းဆောင် ဂျရမီးကော်ဘီက ပြောသည်။
ကင်မရွန်း၏ ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုများတွင် ဗြိတိန်နိုင်ငံရှိ အီးယူမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် အလုပ်လုပ်ခွင့်ကို လေးနှစ်ကြာ ရပ်တန့်ရေး အပါအဝင် အချက် (၄) ချက်ပါရှိသည်။
ဘရပ်ဆဲလ်မြို့တွင် ဆွေးနွေးစဉ်က ယင်းအချက် (၄) ချက်ကို အီးယူခေါင်းဆောင်များအား ကင်မရွန်းက အသေးစိတ်ချပြခဲ့သည်။
အီးယူသည် သဘောတူညီမှုရရေး လမ်းကြောင်းပေါ်တွင် ကောင်းစွာရှိနေသည်ဟု ကင်မရွန်းက သတင်းထောက်များအား ပြောကြားသည်။
သို့သော်ယခုအချိန်နှင့် ဖေဖော်ဝါရီကြားပြီးမြောက်အောင် လုပ်ဆောင်ရမည့် ခက်ခဲသော အလုပ်များစွာရှိနေသေးပြီး နယ်ပယ်များစွာတွင် အခက်အခဲများရှိသည်ဟု ၎င်းက သတိပေးထားသည်။
ဖေဖော်ဝါရီအတွင်း ဥရောပကောင်စီအစည်းအဝေးနောက် တစ်ကျော့ကျင်းပရန် စီစဉ်ထားသည်။
ဗြိတိန်နိုင်ငံ အီးယူအဖွဲ့ဝင် ဖြစ်ခြင်းအပေါ် စိုးရိမ်မှုများကို နောက်ဆုံးတွင် ဖြေရှင်းနိုင်မည့်၊ အီးယူနှင့် ဗြိတိန်ဆက်ဆံရေးကို အခြေခံကျကျပြောင်းလဲမည့် လူထုဆန္ဒခံယူပွဲတစ်ရပ် ၂၀၁၆ တွင်ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ကင်မရွန်းက ပြောသည်။
ယင်းအချိန်တွင်မှ အီးယူအဖွဲ့တွင် ဗြိတိန်နိုင်ငံ ဆက်လက်ပါဝင်မည်လား(သို့မဟုတ်) အီးယူ မှ ထွက်ခွာမည်လားဆိုသည်ကို ဗြိတိန်နိုင်ငံသားများက ဆုံးဖြတ်ရ လိမ့်မည်ဟု ကင်မရွန်းက ပြော သည်။

Ref:BBC

No comments:

Post a Comment