Thursday 24 December 2015

မန္တလေးရှိ သဲထုတ်လုပ်ရေး လုပ်ငန်းများ ရောင်းအားကျဆင်း

၂၀၁၅ တွင် ဆောက် လုပ်ရေးလုပ်ငန်းများ၌ အသုံးပြု သည့်သဲများ ရောင်းအားကျဆင်း ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ရောင်းအားကျဆင်း လျက်ရှိကြောင်း မန္တလေးမြို့ ဂေါ ၀ိန်ဆိပ်ကမ်းအနီးရှိ သဲထုတ်ယူ ရောင်းချနေသည့် လုပ်ငန်းများမှ သတင်းရရှိသည်။
‘‘အရင်နှစ်တွေက တစ်နေ့ ကို သဲကျင်းလေးဆယ်၊ ငါးဆယ် အထိ ရောင်းရတယ်။ အခုက တစ်နေ့ကို သဲကျင်း နှစ်ဆယ် လောက်ပဲ ရောင်းရတယ်။ ရောင်း အားတွေက ထက်ဝက်နီးပါးကို ကျလာတာ။ ဈေးကတော့ သိသိ သာသာ အတက်အကျမရှိပါဘူး။ ၀ယ်မယ့်သူနည်းလာတာပဲ’’ ဟု မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်း ဂေါဝိန်ဆိပ်ကမ်းအနီးရှိ သဲထုတ် လုပ်ရောင်းချသူတစ်ဦးက ပြော သည်။ နှစ်စဉ် ၀ါဆို၊ ၀ါခေါင်လများ တွင် မြစ်ရေတက်သည့်အတွက် သဲရှားပါးပြီး ဈေးကောင်းရခဲ့သော်လည်း ယခုနှစ်၌ သဲရှားပါးသည့် ဇွန်လမှ စက်တင်ဘာအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူမှုသိသာစွာလျော့ကျလာကြောင်း သဲထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

‘‘ဒီနှစ်က နိုင်ငံရေး ရွေး ကောက်ပွဲကြောင့်လည်း ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေက အသစ်မဆောက်ရသေးဘူး။ ရပ် တန့်နေတာ များကြတယ်။ အဲဒီ တော့ နိုင်ငံရေးကို စောင့်ကြည့်နေ ကြတော့ ဆောက်လုပ်ရေးလုပ် ငန်းထဲပါတဲ့ သဲ၊ကျောက်၊ အုတ် ရောင်းအားတွေလည်း ကျဆင်း လာတာပေါ့’’ ဟု မန္တလေးမြို့ ဂေါဝိန်ဆိပ် သဲလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချစ်ဖွယ်ကပြော သည်။ ထို့ပြင် ဆယ်စုနှစ်အတွင်း ဂေါဝိန်ဆိပ်ကမ်းအနီး သဲထုတ်လုပ် ရောင်းချသူဦးရေများပြားလာပြီး မြစ်ထဲမှ သဲစုပ်ယူသည့် ခေတ်မီ ဒီဇယ်စက်သုံးသင်္ဘောများအသုံး ပြု၍ သဲထုတ်လုပ်မှုပမာဏ မြင့် တက်လာသော်လည်း ယခုနှစ် တွင် သဲထုတ်လုပ်ရောင်းချသူအ များစု သိသာစွာ ရောင်းအားကျ ဆင်းလျက်ရှိကြောင်း ဂေါဝိန်ဆိပ် အနီးရှိ သဲထုတ်လုပ်ရောင်းချသူ များကဆိုသည်။

‘‘နိုင်ငံရေးအပေါ်မူတည်မယ် ထင်တာပဲ။ ဆောက်လုပ်ရေးလုပ် ငန်းတွေကလည်း အသစ်ထပ် ဆောက်တာမရှိဘူး။ အရင်အ ဟောင်းတွေကိုပဲ လက်စသတ် လုပ်နေကြတာ။ အရင် အန်တီတို့ စရောင်းတဲ့ ၁၉၉၉၊ ၂၀၀၀ လောက်ကဆိုရင် ၀ယ်မယ့်ကား တွေကို တန်းစီပြီး စောင့်ခိုင်းရ တယ်။ အခုတော့ မြင်တဲ့အတိုင်းပဲ လာဝယ်တဲ့ကားကို မရှိဘူး’’ ဟု ရွှေယဉ်ဦး သဲရောင်းဝယ်ရေးမှ ဒေါ်အေးအေးကပြောသည်။

မန္တလေးမြို့ ဧရာဝတီ မြစ် ကမ်းရှိ ဂေါဝိန်ဆိပ်ကမ်းမှ သဲ အများဆုံး ထုတ်လုပ်ရောင်းချပြီး မန္တလေးတိုင်း အတွင်းမှ အဓိက ၀ယ်ယူသည့်အပြင် ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုး၊ ကျောက်ဆည် မြို့တို့မှ လာရောက်ဝယ်ယူလျက် ရှိကြောင်း သဲထုတ်လုပ်ရောင်းချ သူများကပြောသည်။

ယခုနှစ်ဒီဇင်ဘာတွင်ဂေါဝိန် ဆိပ်ကမ်းရှိ သဲတစ်ကျင်းလျှင် ၂,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်အထိ ရှိပြီး မန္တလေးမြို့ အိမ်အရောက်ပို့ အလုပ်သမားခ အပါအ၀င် သဲ တစ်ကျင်းလျှင် ၁၀,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။

No comments:

Post a Comment