Thursday 24 December 2015

ကျွန်လုပ်သားပြဿနာများရှိသော်လည်း အောင်ပွဲခံနေသည့် ထိုင်းပင်လယ်စာလုပ်ငန်းများ

အဓမ္မခိုင်းစေခံ ကျွန် လုပ်သားများကို အ သုံးပြုနေကြောင်း ဖော်ထုတ်တွေ့ရှိသဖြင့် အကြီး အကျယ် နာမည်ပျက်ခဲ့သည့်တိုင် ထိုင်းနိုင်ငံ၏ ပင်လယ်စာ ပို့ကုန်လုပ်ငန်းသည် အရှိန်မပျက် ဆက်လက် အောင်ပွဲခံနေဆဲ ဖြစ်သည်။
ထိုင်းငါးဖမ်းလှေများတွင် ကျေးကျွန်သဖွယ် ရက်ရက်စက်စက် ခိုင်းစေခံရသည့် ကျွန်လုပ်သားများ၏ ဘဝကို မီဒီယာများက ဖော်ထုတ် ရေးသားခဲ့သည့်နောက် ထိုကိစ္စသည် တစ်ကမ္ဘာလုံးကို အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။

ထိုင်းငါးဖမ်း သင်္ဘောများ သည် အင်ဒိုနီးရှား ရေပိုင်နက်ထဲရှိ အလွန်ဝေးလံသီခေါင်ပြီး လူသူအရောက်အပေါက် နည်းပါးသော ကျွန်းများတွင် အခြေစိုက်ကာ ငါး နှင့်ပုစွန်များကို ဖမ်းယူလေ့ရှိ သည်။ ပင်လယ်ပြင် အတွင်း ထွက် ခွာ၍ လပေါင်းများစွာ လုပ်ကိုင်ရသော အဆိုပါ ငါးဖမ်းလှေများ ပေါ်တွင် မြန်မာနှင့် အခြားသော အရှေ့တောင်အာရှ နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများကို အသုံးပြုနေကြောင်း အေပီသတင်း ဌာနက စတင်ဖော်ထုတ် ရေးသား ခဲ့သည်။Thursday, December 24, 2015Thursday, December 24, 2015

ထိုသင်္ဘောများမှ ရရှိသည့် ပင်လယ်စာများကို ဥရောပ၊ အ မေရိကတို့သို့ အဓိက တင်ပို့နေ ခြင်း ဖြစ်သည်။ ကျွန်လုပ်သားများ ကိစ္စ လူသိရှင်ကြား ဖြစ်လာပြီး နောက် ထိုင်းပင်လယ်စာများမှာ ယူတင်သွင်းမှုကို စိစစ်ရန် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၌ တောင်းဆိုမှုများ မြင့်တက်လာသည့်တိုင် ကြီးမားသော ထိခိုက်သက်ရောက်မှု အလွန်နည်းကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ် တွင် ပင်လယ်စာ တင်ပို့ရောင်းချမှု တတိယ အမြင့်မားဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံ၏ ဂျီဒီပီပမာဏ ရာခိုင်နှုန်း အတိုင်းအတာ တစ်ရပ်ထိ ထောက် ပံ့ပေးနေသည်။ ကျေးကျွန်လုပ်သားများ ကိစ္စ
ပေါ်ပေါက် လာပြီးနောက် အဆိုပါ လုပ်ငန်းအပေါ် ဖိအားများ တိုးပွားလာပြီး ထိုင်း၏ ပင်လယ်စာ တင်ပို့မှုကို ပိတ်ပင် ရန် တောင်းဆိုမှုများလည်း အားကောင်းလာခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမေရိ ကန်နှင့် ပစိဖိတ်ရေးရာ ဌာနခွဲမှ အကြီးအကဲဖြစ်သူ ဆွန်ဆက်ခ်ဆိုင် ချီဝါက ‘‘အမေရိကန်နဲ့ ဥရောပက မှာယူမှုတွေရှိနေတုန်းပါ။ ဩစတြေးလျ ပင်လယ်စာ တင်သွင်းတဲ့ ကုမ္ပဏီတွေကလည်း ဒီလို ပြ ဿနာတွေ ရှိနေတဲ့တိုင်အောင် ပင်လယ်စာတွေ ဝယ်ယူဦးမယ် လို့ အသိပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမှောင်ခိုမှု၊ အဓမ္မခိုင်းစေမှုတွေ ပပျောက်အောင် ထိုင်းနိုင်ငံက အမှန်တကယ် အားထည့် လုပ်ဆောင်နေတယ် ဆိုတာကို သူတို့တွေ ယုံကြည်လို့ပါပဲ’’ ဟု ပြောကြားခဲ့သည်။

ဧပြီလ နောက်ပိုင်း ကတည်းက ထိုင်းအစိုးရသည် ပင်လယ်စာ ထုတ်လုပ်မှု လုပ်ငန်းခွင် ၁၀၀ ကျော်ကို စစ်ဆေးစောင့်ကြည့်ခဲ့ ပြီး ငါးဖမ်းလုပ်ငန်း တစ်ခုကို အရေးယူ ပိတ်သိမ်းခဲ့ကြောင်းလည်း ဆွန်ဆက်ခ်က ဆိုသည်။

‘‘အမေရိကန်၊ ဥရောပနဲ့ ဩစတြေးလျတို့က ကျွန်တော်တို့ နိုင်ငံရဲ့ ပင်လယ်စာ အရည်အသွေးကို ယုံကြည်ကြ တယ်လေ’’ ဟုလည်း ၎င်းက မှတ် ချက်ပြုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်ရှိ အမေရိကန်နှင့် ဩ စတြေးလျ သံရုံးများက နှုတ် ဆိတ်နေဆဲဖြစ်ပြီး ဥရောပကော် မရှင်ကမူ ထိုင်းအစိုးရ၏ ကြေ ညာချက်ကို မှတ်ချက်မပေးလို ကြောင်း ငြင်းဆန်ထားသည်။

အေပီသတင်းဌာန၏ ဖော်ပြ ချက်ကြောင့် ထိုင်းငါးဖမ်းလှေများပေါ်မှ ကျွန်လုပ်သားများ၏ ဘဝမှာ လူသိများလာခဲ့ပြီး အင်ဒိုနီးရှား အာဏာပိုင်များက ကျွန်လုပ်သား ရာပေါင်းများစွာကို သွားရောက် ကယ်တင်ကာ
မွေးရပ်နိုင်ငံ များသို့ ပြန်ပို့ပေးနိုင် ခဲ့သည်။

ထိုင်းငါးဖမ်းလှေ မာလိန်မှူး များ၏ ရက်စက် ကြမ်းတမ်းသည့် မညှာမတာ ခိုင်းစေမှုကြောင့် ပင်လယ်ပြင်တွင် ကျွန်လုပ်သား မြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရပြီးဟု ယူဆရသည်။ ကျွန်လုပ် သားများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် စွန့်စား ထွက်ခွာ လာသည့် ရွှေ့ပြောင်းလုပ်သား အများစုဖြစ်ပြီး လူပွဲစားများက လိမ်လည်လှည့်ဖြားကာ ငါးဖမ်း လှေများပေါ် ရောင်းစားခံရခြင်း ဖြစ်သည်။

ကျွန်လုပ်သား အများစုက ၎င်းတို့၏ ဘဝကို ပြန်လည်ပြော ပြခဲ့ရာတွင် အလွန်ညံ့ဖျင်းသည့် ထမင်းကိုသာ အာဟာရမပြတ်ရုံ စားရပြီး သန့်ရှင်းသည့် သောက် ရေကိုလည်း သောက်ခွင့်မရကြဟု ဆိုသည်။ ထို့အပြင် လုပ်ခ လစာလည်း တစ်ပြားတစ်ချပ်မျှ မရရှိဘဲ တစ်နေ့လျှင် နာရီ ၂၀ မျှ ထိ မတန်တဆ အလုပ်လုပ်ရကြောင်း အေပီက ကာယကံရှင် များ၏ အဆိုကို ကိုးကား ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား ကမ်းလွန်ရှိ ငါး သယံဇာတ အလွန်ကြွယ်ဝရာ အေ ရာဖူရာ ပင်လယ်ထဲတွင် ထိုင်းငါးဖမ်းသင်္ဘောများ အဓိက လှုပ်ရှားကြပြီး အနီးအနားရှိ ကျွန်းများ တွင် ခိုအောင်းနေလေ့ ရှိသည်။ ထိုအခါ ယင်းသင်္ဘောများပေါ်ရှိ ကျွန်လုပ်သားများ သည်လည်း အင်ဒိုနီးရှား ကမ်းလွန်ကျွန်းများ တွင် ပိတ်မိကာ နေရပ်နှင့် အဆက်အသွယ် ပြတ်နေကြသည်။ အဓိက အားဖြင့် မြန်မာများ ပါဝင်ပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား များသည်လည်း ကျွန်လုပ်သား အဖြစ် ခိုင်းစေခံရလေ့ ရှိကြောင်း သိရသည်။

ကမ္ဘာကျော် စားသောက်ကုန် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Nestle က ထိုင်းပင်လယ်စာ လုပ် ငန်းတွင် ကျွန်လုပ်သားများ ပါဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိ ကြောင်း၊ လုပ်ငန်းစဉ်အဆင့်ဆင့် တွင် ကျွန်လုပ်သားများ အသုံးချမှု ကင်းရှင်းအောင် ဆောင်ရွက်သင့် ကြောင်း တိုက်တွန်းထားသည့် အ စီရင်ခံစာတစ်စောင် ထွက်ပေါ် လာပြီး မကြာမီမှာပင် ထိုင်းအစိုးရ က ကျွန်လုပ်သားပြဿနာကြောင့် ၎င်းတို့၏ ပင်လယ်စာ တင်ပို့ ရောင်းချမှု မထိခိုက်ကြောင်း ကြေ ညာခဲ့ခြင်း ဖြစ်သည်။

ဥရောပ သမဂ္ဂသည် ထိုင်းငါး ဖမ်းလှေများတွင် ကျွန်လုပ်သား များ ကိစ္စအပြင် တရားမဝင်ဘဲ စည်းမျဉ်း ဖောက်ဖျက်၍ ငါးဖမ်းနေ မှုများကို စနစ်တကျ ကိုင်တွယ်ရန် ဧပြီလ အတွင်းက ထိုင်းအစိုးရကို သတိပေးထားသည်။ ယင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်နေပြီး ၂၀၁၆ ခုနှစ်တွင် ထိုင်းပင်လယ်စာ ထုတ်ကုန်များ ဆက်လက်မှာယူခြင်း ပြု၊မပြုကို ဆုံးဖြတ်သွားမည် ဖြစ်သည်။

ထိုင်းအစိုးရကမူ မိမိတို့ သည် အဆိုပါ ကဏ္ဍတွင် ဥရောပ သမဂ္ဂနှင့် နီးနီးစပ်စပ်ပူးပေါင်း ဆောင်ရွက်ကာ ကျွန်လုပ်သား ပြဿနာကို ဖြေရှင်းနေကြောင်း ကာကွယ်ပြောဆိုထားပြီး ဇန်န ဝါရီလတွင် ထိုင်းနိုင်ငံသို့ ဥရောပ သမဂ္ဂမှ ကိုယ်စားလှယ်အဖွဲ့ လာ ရောက်မည်ဟု ကြေညာထားသည်။

ထိုင်းနိုင်ငံသည် ပင်လယ်စာ တင်ပို့ရောင်းချမှု လုပ်ငန်းမှ နှစ် စဉ် ဒေါ်လာ ၇ ဘီလီယံမျှ အကျိုးအမြတ်ရရှိနေပြီး အဆိုပါ လုပ်ငန်း သည် အရှေ့တောင်အာရှ ဒေသ တွင်းအဆင်းရဲ၊ အနွမ်းပါးဆုံး လုပ်အားရင်းမြစ်များကို အဓိက အခြေခံ လည်ပတ်နေသည်။ ထိုင်း မှတင်ပို့သော ပင်လယ်စာများ သည် အမေရိကန်၊ ဥရောပ၊ ဂျပန် ရှိ စူပါမားကက်ကြီးများ၊ စား သောက်ဆိုင်ကြီးများနှင့် တိရစ္ဆာန် အစာ ထုတ်လုပ်သည့် လုပ်ငန်း များအတွက် အဓိက ကုန်ကြမ်း များ ဖြစ်လာသည်။

အေပီသတင်းဌာန၏ ခန့်မှန်း ချက်အရ ထိုင်းငါးဖမ်းသင်္ဘောများ နှင့်အတူ ပင်လယ်ပြင်ထွက်၍ အ လုပ်လုပ်နေသူ ရွှေ့ပြောင်းအ လုပ် သမား အရေအတွက် နှစ်သိန်းကျော် ရှိနိုင်ပြီး အများအပြား သည် ကျွန်လုပ်သားများ
ဖြစ်ကြ ကြောင်း သိရှိရသည်။

—Ref: Reuters

No comments:

Post a Comment