Thursday 24 December 2015

ရေမြုပ်ခဲ့သော မြောက်ဦးခရိုင်ရှိ လယ်မြေများ မတ်ပဲစိုက်၍ အဆင်ပြေ

ဇူလိုင်လကုန်ပိုင်းက စတင် ရေကြီးနစ်မြုပ်ခဲ့သည့် မြောက်ဦး ခရိုင်အတွင်းရှိ လယ်မြေများတွင် တင်ကျန်ခဲ့သည့် နုန်းမြေများကြောင့် မတ်ပဲစိုက်ရာသီတွင် ဓာတ်မြေသြဇာသုံးစွဲရန်မလိုအပ်ဘဲ တောင်သူများအဆင်ပြေနေကြောင်းသတင်းရရှိသည်။
‘‘မတ်ပဲကို စပါးရိတ်သိမ်း ချိန် နီးတဲ့အခါ စပြီး ကြဲကြပါ တယ်။ အဲဒီအချိန်က လယ်ကွင်း တွေမှာ ရေကြီးမှုကြောင့်တင်ကျန် ခဲ့တဲ့ နုန်းမြေတွေကခြောက်သွေ့ နေပါတယ်။ ကံကောင်းတာက နို ၀င်ဘာလလယ်ပိုင်းမှာ မိုးတစ် ကြိမ်၊နှစ်ကြိမ်ရွာခဲ့တာကြောင့် ဓာတ်မြေသြဇာဖိုးလည်း အကုန် သက်သာပြီးတော့ တောင်သူတွေ အသက်ရှူ ချောင်သွားပါတယ်’’ ဟု မြောက်ဦးမြို့နယ် နန်းကျား ကျေးရွာမှ မတ်ပဲစိုက်တောင်သူ တစ်ဦးကပြောသည်။

ရေကြီး နစ်မြုပ်မှုဒဏ်ကို အဆိုးဆုံး ခံခဲ့ရသည့် မြောက်ဦးနှင့် မင်းပြားမြို့နယ်မှ စပါးစိုက် တောင်သူများသည် စုဆောင်းထားသည့် ၀မ်းစာစပါးများ ရေကြီးနစ်မြုပ်စဉ်က ပျက်စီးဆုံးရှုံးခဲ့၍ စပါးပေါ်ချိန်တွင် ရိတ်သိမ်းရရှိ သည့်စပါးများကို အပြင်သို့ထုတ် ရောင်းခြင်းထက် ၀မ်းစာအဖြစ် သိုလှောင်နေကြပြီး မိသားစုဝင် ငွေရရှိရန် ဆောင်းသီးနှံကို အ လေးထားစိုက်ပျိုးနေကြကြောင်း တောင်သူများကပြောသည်။

‘‘စိုက်ပျိုးရေးကို အခြေခံပြီး လုပ်နေတဲ့ဒေသဖြစ်တဲ့အတွက် တောင်သူတွေ အဆင်ပြေဖို့ အ တွက် စိုက်ပျိုးသင့်တဲ့ သီးနှံတွေ ကို တိုးချဲ့စိုက်ပျိုးတာ၊ အထွက် ကောင်းအောင် စိုက်ပျိုးတာကလွဲ လို့ ဘာမှအလုပ်မရှိပါဘူး။ အဲဒါ ကြောင့် ကိုယ်နဲ့ကိုက်တဲ့ သီးနှံတွေ ကို တိုးချဲ့စိုက်ပျိုးဖို့ ပြောချင်ပါ တယ်’’ ဟု မြောက်ဦးမြို့နယ် စိုက် ပျိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ပဲစိုက်ပျိုးရာ၌ ဘိုကိတ်ပဲနှင့်မြေပဲ ကိုသာ အဓိကထားစိုက်ပျိုးခဲ့ကြ သော်လည်း လွန်ခဲ့သည့်ဆယ်နှစ် ခန့်မှ စတင်ကာ မတ်ပဲတိုးချဲ့စိုက် ပျိုးလာကြပြီး မတ်ပဲ၏ အဓိက ဈေးကွက်မှာ မန္တလေးဖြစ်ကြောင်း မတ်ပဲ အရောင်းအ၀ယ် သမား တစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်က မတ်ပဲတစ် ပိဿာလျှင် ကျပ်၁၂,၀၀၀ ဈေးရှိခဲ့သည်။

7Day Daily

No comments:

Post a Comment