Tuesday 7 April 2015

တရုတ်-မြန်မာနယ်နိမိတ်အား နိုင်ငံတော်အဆင့် တတိယအကြိမ်ပူးတွဲ စစ်ဆေးပြီး ရေရှည်ပြဿနာမဖြစ်ပွားရေးဆောင်ရွက်မည့်အပြင် လက်ရှိအငြင်း ပွားမှုများပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့်ပူးတွဲစစ်ဆေးခြင်း ကို ရေတိုနည်း အဖြစ် ဦးစွာဆောင်ရွက်မည်ဟုဆို

တရုတ်-မြန်မာနှစ် နိုင်ငံနယ်စပ် အငြင်းပွားမှုပြဿ နာ များကြောင့် တရုတ်-မြန်မာ နယ်နိ မိတ်အား နိုင်ငံတော် အဆင့် တတိယ အကြိမ် ပူး တွဲစစ်ဆေးပြီး ရေရှည် ပြဿ နာမဖြစ်ပွားရေး ဆောင်ရွက် မည့်အပြင် လက်ရှိအငြင်းပွားမှုများ ပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့် ပူးတွဲ စစ်ဆေးခြင်းကို ရေတိုနည်းအ ဖြစ် ဦးစွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

''မြန်မာ-တရုတ်နယ်နိမိတ်စာ ချုပ်ပါ ပြဋ္ဌာန်းချက်များအရ နယ်နိ မိတ်တစ် ခုလုံး ပူးတွဲစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရပါတယ်။ ပထမအကြိမ် ပူးတွဲ စစ်ဆေးခြင်း ကို ၁၉၈၆ခုနှစ်မှာ ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်ပူးတွဲ စစ်ဆေးခြင်းကို ၁၉၉၅ခုနှစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ အခုဖြစ် ပွား နေတာ နဲ့ပတ်သက်ပြီး ရေရှည်အ တွက် နိုင်ငံတော်အဆင့်တတိယအ ကြိမ်ပူးတွဲ စစ်ဆေးဖို့ နိုင်ငံခြားရေးဝန် ကြီးဌာနအနေနဲ့ သံတမန် လမ်းကြောင်း ကနေ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ တယ်။ ဒါက ရေရှည်နှစ်ဦးနှစ်ဖက် လက်ခံနိုင် ဖို့ဖြစ် ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ကိစ္စမှာ မလိုအပ် ဘဲ လုံခြုံရေး တပ်ဖွဲ့တွေ ပါဝင်ခြင်း ဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာ မှာ အထောက် အကူမရဘူး ဆိုတာ ကိုလည်း နှစ်ဖက်အသိပေးထားပြီး ညှိနှိုင်းဆောင် ရွက်လျက်ရှိ ပါတယ်။အငြင်းပွားနေရာဒေသတွေမှာ ကျွမ်း ကျင်သူအဆင့် ပူးတွဲကွင်းဆင်းစစ် ဆေးခြင်းကို ဆောင်ရွက်နိုင်ဖို့ ညှိ နှိုင်းနေပါတယ်။ ဒါက ရေတိုနည်း ပါ။လက်ရှိ အငြင်းပွား မှုတွေကို ပြေ ပျောက်စေ ဖို့ပဲဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတရုံးအကြီးတန်းအရာရှိ က ပြောသည်။
တရုတ်-မြန်မာနယ်စပ်နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုနေရာတွင် ယ ခင်က တရုတ်နိုင်ငံနှင့် ဒေသခံများ အကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဧပြီ ၃ရက် တွင် လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ် ကုန်းဆာရွာသို့ တရုတ်နိုင်ငံမှ ဆောက် လုပ်ရေးအဖွဲ့ မြေ တိုင်း အဖွဲ့ များအပါအဝင် လက်နက်ကိုင် ၁၂ ဦးပါရှိသည့်အဖွဲ့သည် ရောက်ရှိလာ ပြီး တံတားဆောက်ရန်အတွက်ဟု ဆိုကာ တရုတ်နိုင်ငံ အလံစိုက်ထူခဲ့ ရာမှ အဆိုပါဒေသရှိကျေးရွာသုံးရွာ မှ ဒေသခံ ၅၀ဝကျော်က တားမြစ် ကန့်ကွက်ခဲ့ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
''နှစ်နိုင်ငံနယ်နိမိတ်အဖြစ် ရွှေ လီမြစ်ကို သတ်မှတ်ထားခဲ့ကြတဲ့အ တွက် အခုလိုမြစ်ကြောင်းပြောင်းလဲ သွားတဲ့အချိန်မှာ အငြင်းပွား မှုတွေ ဖြစ်ပေါ် လာခြင်းပဲဖြစ်ပါတယ်။ ဒါ ဟာလဲ သဘာဝတရားအရဖြစ်တဲ့အ တွက် ဒီသဘာ ဝကို နားလည်ပြီး နှစ်ဖက် ညှိနှိုင်းဖြေ ရှင်း သွား မယ်ဆို ရင် ပဋိပက္ခတွေ ကင်းဝေးနိုင်မှာဖြစ် ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ အဆိုပါအကြီးတန်း အရာရှိက ပြော သည်။
နှစ်နိုင်ငံအကြား နယ်နိမိတ် သတ်မှတ်ချက်များသည် နှစ်ကာလ ကြာလာ သည်နှင့်အမျှ မြေမျက်နှာ ပြောင်းလဲမှုများဖြစ်ပေါ်နိုင်ပြီး ယင်း ကိစ္စအား ဖြေရှင်းရန်အတွက် ပြန် လည်တိုင်းတာခြင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကာ ယင်းကဲ့သို့နိုင်ငံ တော် အဆင့် နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာခြင်းဆောင်ရွက်မည်ဆိုပါ က နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တာ ဝန်ရှိသူများပါဝင်သည့် ပူးတွဲကော် မရှင်ဖွဲ့ကာ လွှတ်တော်၏အတည်ပြု ချက်ကိုရရှိရန်လည်းလိုအပ်မည်ဖြစ် ကြောင်း ယင်းက ဆက်ပြောသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်နှင့် ပတ် သက်ပြီး ၂၀၁၄ခုနှစ်တွင်လည်း အ ငြင်းပွာမှုဖြစ်ပွားခဲ့ပြီး ယင်းအချိန် က နှစ်နိုင်ငံ ကျွမ်းကျင်သူများ ပါဝင် သည့် ကျွမ်းကျင်သူအဆင့်ပူးတွဲကွင်း ဆင်းစစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ ရာ ယင်းပူးတွဲ ကွင်းဆင်း စစ်ဆေး ချက်အရ ယခင်နယ်နိမိတ်မျဉ်းတစ် လျှောက် စီးဆင်းခဲ့သည့် နှစ်နိုင်ငံ ကြားရှိ ရွှေလီမြစ်သည် ယနေ့အချိန် တွင် ရေစီးကြောင်းပြောင်း လဲ သွား ခြင်း၊ ယင်းကြောင့် နယ်နိမိတ်မူလ နေရာ သည် မြေနုကျွန်း အဖြစ်ရောက် ရှိသွားခြင်း၊ ယင်းကဲ့ သို့ဖြစ်ပေါ်မှု အပေါ် သတိမပြုမိဘဲ အငြင်း ပွားမှု များဖြစ်ပေါ်လာခြင်း စသည့်အချက် များကို စစ်ဆေးတွေ့ ရှိထားကြောင်း သိရသည်။
YM
‎Democracytoday‬

No comments:

Post a Comment