Tuesday 7 April 2015

သင်္ကြန်အထူးရထားခရီးစဉ်များ ဧပြီ ၁၀ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်-နေပြည်တော်-မန္တလေးသင်္ကြန်အထူးရထား ခရီးစဉ်များကို ဧပြီ ၁၀ ရက်မှ စတင် ပြေးဆွဲမည်ဖြစ် ကြောင်း သတင်းရရှိသည်။ နေပြည်တော် မှ ရန်ကုန် ခရီးစဉ်ကို အစုန် (၁) နှင့် အစုန် (၂) ဟူ၍ ဧပြီ ၁၀ ရက်ည ၇ နာရီ ခွဲနှင့် ၉ နာရီတွင်လည်း ကောင်း၊ ရန်ကုန်မှ မန္တလေးသို့ အဆန်အထူး (၁)၊ (၂) ခရီးစဉ် များကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက် များတွင် ညနေ ၄ နာရီ၌လည်း ကောင်း၊ မန္တလေးမှ ရန်ကုန်သို့ အစုန်အထူး (၁)၊ (၂) ကို ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်များ၌ ညနေ ၄ နာရီတွင် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်အဆန် အထူး (၁) (၂) ခရီးစဉ်များအား ဧပြီ ၂၁ ရက် ည ၇ နာရီခွဲနှင့် ၈ နာရီတွင် လည်းကောင်း၊ အထူးရထား ခရီးစဉ် ရှစ်ခုပြေးဆွဲပေးမည်ဖြစ် ကြောင်း အထက်မြန်မာပြည် မြန်မာ့ မီးရထားလုပ်ငန်း သွား လာရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

‘‘မနှစ်ကတော့ ၁၁ ရက်က စတယ်။ ဒီနှစ်ကတော့ ၁၀ ရက် ကစပြီး ပြေးဆွဲမယ်။ တခြားတော့ ပြောင်းတာ မရှိပါဘူး’’ ဟု အ ထက်ပါ တာဝန်ရှိသူက ပြော သည်။ သင်္ကြန်ပွဲတော်ကာလအ တွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အ ထိ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်မန္တလေး-ရန်ကုန်၊ အ မှတ် (၃၃) အဆန်၊ အမှတ် (၄၃) အစုန်၊ မန္တလေး-မြစ်ကြီးနား၊ အ မှတ် (၅၇) အဆန်၊ အမှတ် (၅၈) အစုန်၊ မန္တလေး-မြစ်ကြီးနား၊ အမှတ် (၁၁၉) အဆန်၊ အမှတ် (၁၂၀) အစုန် မန္တလေး-ပုဂံ၊ အ မှတ် (၁၂၃) အဆန်၊ အမှတ် (၁၂၄) အစုန် မန္တလေး-မုံရွာ အစ ရှိသည့် လူစီးရထားခရီးစဉ်များကို လည်း ဖျက်သိမ်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းက အသိ ပေးထားသည်။ 

7Day DAILY 

No comments:

Post a Comment