Tuesday 7 April 2015

ချယ်ရီဦးမှတင်သွင်းသည့်နာရီများ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူခွင့်ပေးသည့် လေဆိပ်ကုန်လှောင်ရုံတာဝန်ခံအား အရေးယူမည်

ချယ်ရီဦးကုမ္ပဏီမှတင် သွင်းလာသည့်နာရီများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်း မရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူ ခွင့်ပေးခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံတာဝန်ခံကို ဝန်ထမ်း စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာ ဝန်ရှိသူများထံမှသိရသည်။

ချယ်ရီဦးကုမ္ပဏီအနေဖြင့် တောင် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှတင်သွင်း လာသော Romanson အမှတ်တံဆိပ်ပါ နာ ရီ ၉၃၇ လုံးကို လေဆိပ်ကုန်လှောင်ရုံ၌ပြီး ခဲ့သည့်၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ရက်က ထုတ်ယူရန်ဆောင်ရွက်ရာ အကောက်ခွန် ဦးစီးဌာနမှထုတ်ယူခွင့်ပေးခဲ့ပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီ မှကန့်ကွက်ခဲ့ရာက ပြဿနာတချို့ပေါ်ပေါက် ခဲ့ပြီး သတင်းမီဒီယာများ၏ရေးသားဖော်ပြ ချက်များကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အ ကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများပူးပေါင်းပြီး မတ် ၃ဝ ရက်က နေပြည်တော်ဘဏ္ဍာရေးဝန်ကြီး ဌာနတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြု လုပ်ခဲ့ခြင်းဖြစ်သည်။
ချယ်ရီဦးမှတင်သွင်းလာသည့် ထုတ်လုပ်သည့် နိုင်ငံဖော်ပြမထားသော နာ ရီများကို အကောက်ခွန်ဦးစီးဌာနမှထုတ် ယူခွင့်ပေးခဲ့သော်လည်း တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (Mobile Team) မှ လက်ခံနိုင်ခြင်းမရှိသောကြောင့် အကောက်ခွန်ဦးစီးဌာနချုပ်သို့ဆက်လက် တင်ပြရန်အတွက် လေဆိပ်အကောက်ခွန် ကုန်လှောင်ရုံတာဝန်ခံအား ပြောကြားခဲ့သော် လည်း တာဝန်ခံက ယင်း၏သဘောအလျောက် ဆုံးဖြတ်ပြီး ချယ်ရီဦးကုမ္ပဏီမှ တာဝန်ရှိသူ များအား ပြန်လည်ခေါ်ယူကာ ဒဏ်ငွေကျပ် ၃၅ဝဝဝဝ ကျော် ပေးဆောင်စေခဲ့ကြောင်း သိရသည်။
ထုတ်လုပ်သည့်နိုင်ငံ ဖော်ပြမထား သည့်နာရီများအား ကိုရီးယားနိုင်ငံထုတ်ဖြစ် သည်ဟုဆုံးဖြတ်ပေးခဲ့ခြင်းမှာ လုပ်ထုံးလုပ် နည်းနှင့်ကိုက်ညီသော်လည်း ကုန်လှောင်ရုံတာ ဝန်ခံအနေဖြင့် ဖြစ်စဉ်ကို အကောက်ခွန်ဦး စီးချုပ်ထံ တင်ပြခဲ့ခြင်းမရှိသည့်အပြင် ပစ္စည်း ထုတ်ပေးပြီးမှ ပြန်လည်ခေါ်ယူကာ ဒဏ်ငွေ ပေးဆောင်စေခဲ့ခြင်းကြောင့် ဝန်ထမ်းလုပ် ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှတာ ဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။
‪#‎TheFlowerNews‬

No comments:

Post a Comment