Saturday 24 January 2015

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းဆွေးနွေးရာတွင် သိမ်မွေ့ စွာဆွေးနွေးရန် ဦးခင်အောင်မြင့် သတိပေး

Photo: ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းဆွေးနွေးရာတွင် သိမ်မွေ့ စွာဆွေးနွေးရန် ဦးခင်အောင်မြင့် သတိပေး
Saturday, January 24, 2015

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များသည် ဘာသာရေး ကိစ္စဖြစ် သည့်အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေးရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးပြော ကြားလိုက်သည်။

''အချိန်ကို ငဲ့ ကွက်တဲ့ အနေနဲ့လိုရင်းတို ရှင်းဆွေးနွေးကြဖို့နဲ့ ဘာသာရေးကိစ္စဖြစ် တဲ့အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေး ကြဖို့ လွှတ်တော်ကိုယ် စားလှယ်များ ကို ကြိုတင်သတိပေး လိုပါတယ်''ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကဆွေးနွေးသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး ပဉ္စမရက်တွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်  ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေး မည်ဖြစ် ပြီးအချိန်မလောက် သည့်အ တွက် သုံးဦး သာဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံသည် ဒုတိယ အကြိမ် ဒီမိုကရေစီ ကျင့်သုံးခြင်း  ကိုလေးနှစ် သက်တမ်းသာ ရှိသည့် အချိန်တွင် ဘာသာရေး ဆိုင်ရာ အငြင်းပွားနိုင်သော အဆိုတစ်ရပ် တင်းသွင်းခြင်းမှာ စဉ်းစားရမည့် ကိစ္စဖြစ် သည်ဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်း ကဆွေးနွေး သည်။

''အခုချိန်မှာကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်း မယ်ဆိုပါက တိုင်းပြည် နဲ့ပြည်သူများ အတွက် မလိုလား အပ်သောပြဿနာနဲ့ အန္တရာယ်ဖြစ်နိုင် သဖြင့် ယင်းဥပဒေပြဋ္ဌာန်းခြင်းကို ရပ်ဆိုင်းထားသင့် ပါကြောင်းဆွေးနွေး လိုပါတယ်''ဟု ဦးပေါလ်ထန်ထိုင်း ကပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာနိုင်ငံတော်က အသိအမှတ်ပြုသည့် ဘာသာကြီး ငါးပါးရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ် ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနတ် ကိုးကွယ်သော ဘာသာ အားခွင့်ပြု ထားသည် ဟုဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်  (၃)မှ  ဦးခင်မောင်က '' ဒီဥပဒေကြမ်း သည် လွတ်လပ်စွာ တည်ဆောက်နိုင်တဲ့ အခွင့် အရေးတွေကို လည်းပေး ထားတယ်။ စည်းကမ်း  စနစ်တကျ  ဘာသာ  ကူးပြောင်း  ပိုင်ခွင့်  လည်းပေး ထားတယ်။  ပွင့်လင်းမြင့် သာမှုလည်း ပါတယ်။ ဘာသာ တစ်ခုက တစ်ခုကို အတင်း အကျပ် ကူးပြောင်းစေမှု၊ အရွယ် မရောက်သော မိန်းကလေးတွေကို နည်းမျိုးစုံနဲ့  လက်ထပ် ပြီးတော့  ဘာသာ ကူးပြောင်းစေ မှုတွေကို ကာကွယ်ပေးထား တဲ့အတွက် အင်မတန်မှ သင့်မြတ်ပါတယ်။ ဘယ်ဘာသာကိုမှ ထိခိုက်တာ မရှိပါဘူး'' ဟုဆွေးနွေးသည်။

အဆိုပါဥပဒေကြမ်းကို ဇန်နဝါရီ ၂၆ ရက် တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ပြီး မျိုးစောင့်ဥပဒေဟု လူသိ များထားသည့် ဘာသာရေးဆိုင်ရာ ဥပဒေ ကြမ်းလေး ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Mizzima - News in Burmese
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များ သည် ဘာသာရေးကိစ္စဖြစ်သည့်အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးပြော ကြားလိုက်သည်။

''အချိန်ကို ငဲ့ကွက်တဲ့ အနေနဲ့လိုရင်းတို ရှင်းဆွေးနွေးကြဖို့နဲ့ ဘာသာရေးကိစ္စဖြစ်တဲ့အတွက် သိမ် သိမ်မွေ့မွေ့ဆွေးနွေး ကြဖို့ လွှတ်တော်ကိုယ် စားလှယ်များ ကို ကြိုတင်သတိပေး လိုပါတယ်''ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကဆွေးနွေးသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး ပဉ္စမရက်တွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်  ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေး မည်ဖြစ် ပြီးအချိန်မလောက် သည့်အ တွက် သုံးဦး သာဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံသည် ဒုတိယ အကြိမ် ဒီမိုကရေစီ ကျင့်သုံးခြင်း  ကိုလေးနှစ် သက်တမ်းသာ ရှိသည့် အချိန်တွင် ဘာသာရေး ဆိုင်ရာ အငြင်းပွားနိုင်သော အဆိုတစ်ရပ် တင်းသွင်းခြင်းမှာ စဉ်းစားရမည့် ကိစ္စဖြစ် သည်ဟု ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်း ကဆွေးနွေး သည်။

''အခုချိန်မှာကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း မယ်ဆိုပါက တိုင်းပြည်နဲ့ပြည်သူများ အတွက် မလိုလား အပ်သောပြဿနာနဲ့ အန္တရာယ်ဖြစ်နိုင် သဖြင့် ယင်းဥပဒေပြဋ္ဌာန်းခြင်းကို ရပ်ဆိုင်းထားသင့် ပါကြောင်းဆွေးနွေး လိုပါတယ်''ဟု ဦးပေါလ်ထန်ထိုင်း ကပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာနိုင်ငံတော်က အသိအမှတ်ပြုသည့် ဘာသာကြီး ငါးပါးရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ် ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနတ် ကိုးကွယ်သော ဘာသာ အားခွင့်ပြု ထားသည် ဟုဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်  (၃)မှ  ဦးခင်မောင်က '' ဒီဥပဒေကြမ်း သည် လွတ်လပ်စွာ တည်ဆော က်နိုင် တဲ့ အခွင့် အရေးတွေကို လည်းပေး ထားတယ်။ စည်းကမ်း  စနစ်တကျ  ဘာသာ  ကူးပြောင်း  ပိုင်ခွင့်  လည်းပေး ထားတယ်။  ပွင့်လင်းမြင့် သာမှုလည်း ပါတယ်။ ဘာသာ တစ်ခုက တစ်ခုကို အတင်း အကျပ် ကူးပြောင်းစေမှု၊ အရွယ် မရောက်သော မိန်းကလေးတွေကို နည်းမျိုးစုံနဲ့  လက်ထပ် ပြီးတော့  ဘာသာ ကူးပြောင်းစေ မှုတွေကို ကာကွယ်ပေးထား တဲ့အတွက် အင်မတန်မှ သင့်မြတ်ပါတယ်။ ဘယ်ဘာသာကိုမှ ထိခိုက်တာ မရှိပါဘူး'' ဟုဆွေးနွေးသည်။

အဆိုပါဥပဒေကြမ်းကို ဇန်နဝါရီ ၂၆ ရက် တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ပြီး မျိုးစောင့်ဥပဒေဟု လူသိ များထားသည့် ဘာသာရေးဆိုင်ရာ ဥပဒေ ကြမ်းလေး ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment