Saturday 24 January 2015

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ၎င်းအနေဖြင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ယူထားသည့် မြေတစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆို

Photo: ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ၎င်းအနေဖြင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ယူထားသည့် မြေတစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆို
Saturday, January 24, 2015

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ထားသည့်မြေ တစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇန်န၀ါရီ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ မြှင့်တင် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်က မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ် အနေဖြင့် ဆောင်ရွက်ရန် မရှိဘူး ဆိုပါက လယ်ယာမြေများကို စက်မှုလယ်ယာမြေစနစ် အကောင်အထည်ဖော်သင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။   

“အချို့ကလည်း မြို့သစ်စီမံကိန်း လုပ်ချင်တယ်ဆိုပြီး အဆိုပြုလာလို့ ဒါကို လွှတ်တော်ကို တင်ပြပြီး ကြိုးစားခဲ့တယ်။ ကုမ္ပဏီ တစ်ခုကလည်း Proposal တင်တော့ လုပ်နိုင်မယ်ဆိုပြီး တံတားကြီးတွေ၊ မြို့သစ်ကြီးတွေ၊ ရှော့ပင်းမောလ်တွေ၊ ဟိုတယ် စသည်ဖြင့် ပြည်စုံအောင်ပေါ့။ ဒါက ကျွန်တော်တို့ လိုအပ်ချက် ဆိုပေမယ့် ကျွန်တော်တို့အားလုံး မြင်သာအောင် တင်ဒါခေါ်လိုက်ရမှာ။ ကျွန်တော်တို့ ရိုးရိုးသားသားပါ။ ကျွန်တော်တို့ ဘာမှ မပတ်သက်ပါဘူး။ ကျွန်တော်တို့ စေတေနာအမှန်နဲ့ တင်လိုက်တာပါ။ သို့သော်လည်းပဲ ကန့်ကွက်တဲ့အတွက် ရပ်ဆိုင်းလိုက်ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

“အခုတော့ တော်တော်များများ ဒါကိုလုပ်ပေးပါလို့ တောင်းဆိုတာတွေလည်း အများကြီး တွေ့ရပါတယ်။ အဲဒီတော့ တစ်နေ့ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန် ဖုန်းဆက်တယ်။ သူ့အနေနဲ့ အဲဒီဘက်ဒေသက လူထုတွေ တောင်းဆိုတဲ့အတွက် သူက လွှတ်တော်မှာ တင်ပြမယ်ဆိုတဲ့ အနေအထား သူလုပ်သွားမယ်။ အနည်းဆုံးတော့ တံတားကြီးတစ်စင်း ဆောက်ဖို့၊ အဲဒီ တံတားကြီးကလည်း နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျတ်နဲ့ဆိုတဲ့ သဘောနဲ့ သူတင်မယ်လို့ ပြောသွားတယ်။ ဒါနဲ့ ပတ်သက်လို့ သူက အသိပေးတာ။ ကျွန်တော်တို့က ဘာမှ မပြောလိုဘူး။ သူတင်ရင်လည်း တင်ပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။  

“သူတို့က တံတားငါးစင်းကို အလကားလှူမယ်။ ဟိုဘက်မှာ ဆောက်တာကို သူတို့ စိုက်ထုတ်မယ်။ အဲဒီဘက်မှာ လူနေမှု အဆင့်အတန်း မြင့်မားအောင် စက်မှုဇုန်တွေထောင်ပြီး လုပ်မယ်။ ကျွန်တော်တို့က ဒါကို လုပ်သင့်တယ်ဆိုပြီး တင်လိုက်တာ လွှတ်တော်မှာကတည်းက ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က နေပြည်တော်မှာ တင်ပြထားတဲ့ အနေအထားဆိုတော့ ဘာဆက်လုပ်မလဲ မသိဘူးပေါ့။ ဒါကို ပြည်သူ့လွှတ်တော်ကလည်း ထောက်ခံမယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ထောက်ခံမယ်ဆိုရင်တော့ သ၀ဏ်လွှာ ပြည်ထောင်စုအစိုးရကို တင်ရင်တော့ တစ်ပတ်ပြန်လှည့်ရင် လှည့်မှာပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်တို့ဆီမှာ တစ်ဧကလည်း မရှိဘူး။ တစ်လက်မလည်း မရှိဘူး” ဟု ဦးမြင့်ဆွေက ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စတင်ရန် တိုက်တွန်းခြင်း မပြုလုပ်ကြောင်းလည်း ဆိုသည်။

ယင်းနှင့်ပတ်သက်၍ “ဒီကိစ္စ ပြည်သူ့လွှတ်တော်မှာ တင်မယ်ဆိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။ ဒီကိစ္စက တိုင်းဒေသကြီး လွှတ်တော်မှာ ရုပ်သိမ်းပြီးသွားတဲ့ ကိစ္စကို တစ်ဖက်လှည့်နဲ့ ပြည်သူ့လွှတ်တော်မှာ ပြန်တင်မယ်ဆိုတော့ ဒါ လုံးဝကို မရိုးသားဘူးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း မလုပ်သင့်ဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။ 

Eleven Media Group 

ရန်ကုန်မြို့သစ် စီမံကိန်း၌ ပါဝင်ခဲ့သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လယ်မြေအချို့အား ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်မြို့သစ် စီမံကိန်း၌ ပါဝင်ခဲ့သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လယ်မြေအချို့အား ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) 
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ထားသည့်မြေ တစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇန်န၀ါရီ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘ၀ မြှင့်တင် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်က မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ် အနေဖြင့် ဆောင်ရွက်ရန် မရှိဘူး ဆိုပါက လယ်ယာမြေများကို စက်မှုလယ်ယာမြေစနစ် အကောင်အထည်ဖော်သင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့မှုအပေါ် ရန်ကုန် တိုင်းဒေ သ ကြီး ၀န်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။   

“အချို့ကလည်း မြို့သစ်စီမံကိန်း လုပ်ချင်တယ်ဆိုပြီး အဆိုပြုလာလို့ ဒါကို လွှတ်တော်ကို တင်ပြပြီး ကြိုးစားခဲ့တယ်။ ကုမ္ပဏီ တစ်ခုကလည်း Proposal တင်တော့ လုပ်နိုင်မယ်ဆိုပြီး တံတားကြီးတွေ၊ မြို့သစ် ကြီးတွေ၊ ရှော့ပင်းမောလ်တွေ၊ ဟိုတယ် စသည်ဖြင့် ပြည်စုံအောင်ပေါ့။ ဒါက ကျွန်တော်တို့ လိုအပ်ချက် ဆိုပေမယ့် ကျွန်တော်တို့အားလုံး မြင်သာအောင် တင်ဒါခေါ်လိုက်ရမှာ။ ကျွန်တော်တို့ ရိုးရိုး သား သားပါ။ ကျွန်တော်တို့ ဘာမှ မပတ်သက်ပါဘူး။ ကျွန်တော်တို့ စေတေနာအမှန်နဲ့ တင်လိုက်တာပါ။ သို့သော်လည်းပဲ ကန့်ကွက်တဲ့အတွက် ရပ်ဆိုင်းလိုက်ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

“အခုတော့ တော်တော်များများ ဒါကိုလုပ်ပေးပါလို့ တောင်းဆိုတာတွေလည်း အများကြီး တွေ့ရပါတယ်။ အဲဒီတော့ တစ်နေ့ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန် ဖုန်းဆက်တယ်။ သူ့အနေနဲ့ အဲဒီ ဘက်ဒေသက လူထုတွေ တောင်းဆိုတဲ့အတွက် သူက လွှတ်တော်မှာ တင်ပြမယ်ဆိုတဲ့ အနေအထား သူလုပ်သွားမယ်။ အနည်းဆုံးတော့ တံတားကြီးတစ်စင်း ဆောက်ဖို့၊ အဲဒီ တံတားကြီးကလည်း နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျတ်နဲ့ဆိုတဲ့ သဘောနဲ့ သူတင်မယ်လို့ ပြောသွားတယ်။ ဒါနဲ့ ပတ်သက်လို့ သူက အသိပေးတာ။ ကျွန်တော်တို့က ဘာမှ မပြောလိုဘူး။ သူတင်ရင်လည်း တင်ပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။  

“သူတို့က တံတားငါးစင်းကို အလကားလှူမယ်။ ဟိုဘက်မှာ ဆောက်တာကို သူတို့ စိုက်ထုတ်မယ်။ အဲဒီဘက်မှာ လူနေမှု အဆင့်အတန်း မြင့်မားအောင် စက်မှုဇုန်တွေထောင်ပြီး လုပ်မယ်။ ကျွန်တော်တို့က ဒါကို လုပ်သင့်တယ်ဆိုပြီး တင်လိုက်တာ လွှတ်တော်မှာကတည်းက ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က နေပြည်တော်မှာ တင်ပြထားတဲ့ အနေအထားဆိုတော့ ဘာဆက် လုပ်မလဲ မသိဘူးပေါ့။ ဒါကို ပြည်သူ့လွှတ်တော်ကလည်း ထောက်ခံမယ်။ ပြည်ထောင်စု လွှတ်တော် ကလည်း ထောက်ခံမယ်ဆိုရင်တော့ သ၀ဏ်လွှာ ပြည်ထောင်စုအစိုးရကို တင်ရင်တော့ တစ်ပတ်ပြန် လှည့်ရင် လှည့်မှာပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်တို့ဆီမှာ တစ်ဧကလည်း မရှိဘူး။ တစ်လက်မလည်း မရှိဘူး” ဟု ဦးမြင့်ဆွေက ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စတင်ရန် တိုက်တွန်းခြင်း မပြုလုပ်ကြောင်း လည်း ဆိုသည်။

ယင်းနှင့်ပတ်သက်၍ “ဒီကိစ္စ ပြည်သူ့လွှတ်တော်မှာ တင်မယ်ဆိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေ အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။ ဒီကိစ္စက တိုင်းဒေသကြီး လွှတ်တော်မှာ ရုပ်သိမ်းပြီး သွားတဲ့ ကိစ္စကို တစ်ဖက်လှည့်နဲ့ ပြည်သူ့လွှတ်တော်မှာ ပြန်တင်မယ်ဆိုတော့ ဒါ လုံးဝကို မရိုးသားဘူးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း မလုပ်သင့်ဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။ 

Eleven Media Group 

No comments:

Post a Comment