Saturday 24 January 2015

ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရန် လူကုန်ကူးသူ လမ်းတွင် ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရန် ပေါ်ဆောင်လာ သူကို လမ်းတွင် ဖမ်းဆီး မိကြောင်း  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 ဖြစ်စဉ်မှာ (၂၂.၁.၂၀၁၅) ရက်နေ့ (၁၄း၄၅) အချိန်တွင် ပုသိမ်ကြီး မြို့နယ် အောင်ချမ်းသာ ကျေးရွာ ရွှေကျင် စစ်ဆေးရေးဂိတ်တွင် အမှတ်(၁၁)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (မန္တလေး)မှ ဒုရဲအုပ် သက်ထွန်းဝင်းနှင့် ပူပေါင်းအဖွဲ့သည် မန္တလေးမှ ဗန်းမော်သို့ ထွက်ခွာ လာသည့် ၇ဃ/ ၂၀၉၆ ရွှေလွန်းပျံ ခရီးသည်တင် ယာဉ်အား သတင်းအရ သက်သေများနှင့် အတူ ရပ်တန့် စစ်ဆေးရာ မသီရိ (ခ) မရှင်းသန့် (၃၀)နှစ် ရောင်း/၀ယ် (ဘ) ဦး---------၊ ရိုးကြီး ကျေးရွာ၊ ဗန်းမော် မြို့နေသူနှင့် ချမ်းမြသာစည် မြို့နယ်၊ သံလက်မှော်တောင် ရပ်ကွက် နေသူများ ဖြစ်သည့် မ.....(၂၀)နှစ် ဈေးရောင်း (ဘ) ဦ.....၊ မ........(၂၀) နှစ် ဈေးရောင်း(ဘ) ဦး.........၊ မ........(၁၉) နှစ် ဈေးရောင်း (ဘ) ဦး....... တို့အား တွေ့ရှိရ သဖြင့် အမှတ် (၁၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ စုရုံးသို့ ခေါ်ဆောင်စစ်ဆေး မေးမြန်းခဲ့ကြောင်းသိရသည်။

မသီရိ (ခ) မရှင်းသန့် မှ မ-------ပါ သုံးဦးအား ဗန်းမော်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်နှင့် အကျိုးအမြတ် အနေဖြင့် တစ်ဝက်စီ ရရှိမည် ဖြစ်ကြောင်း စည်းရုံးပြီး ကြိုတင်ငွေ အဖြစ် သုံးဦး အတွက် ငွေကျပ် နှစ်သိန်းပေးကာ ခေါ်ဆောင် လာခြင်း ဖြစ်ကြောင်း သိရှိ ရသည်။  ထို့ကြောင့် (၁၈း၃၀) အချိန်တွင် ဒုရဲအုပ် သက်ထွန်းဝင်းက တရားလို ပြုလုပ်၍ မသီရိ(ခ) မရှင်းသန့်အား မမစ (ပုသိမ်ကြီး) (ပ) ၁၉/၂၀၁၅ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေ ပုဒ်မ (၂၄)အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment