Saturday 24 January 2015

လက်ရှိအစိုးရလက်ထက်တွင် ကလေးစစ်သား ခြောက်ရာနီးပါး နုတ်ထွက်ခွင့်ပြုပြီးဟုဆို

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ကလေးစစ်သား ၄၂ဦးကို ဇန်န၀ါရီ ၂၃ရက်က နုတ်ထွက် ခွင့်ပြုလိုက် ကြောင်း သတင်းရရှိသည်။

တပ်မတော်တွင် ကလေးစစ် သားခေါ်ယူစုဆောင်းအသုံးပြုမှု အဆုံးသတ်ရန် ၂၀၁၂ ဇွန်လက မြန်မာအစိုး ရနှင့် ကုလသမဂ္ဂတို့ လုပ်ငန်းစီမံချက်လက်မှတ်ရေး ထိုးကာ (၉)ကြိမ်မြောက်အဖြစ် ယခု ထပ်မံ လွှတ်ေ ပးခြင်းဖြစ်ပြီးလက်ရှိအစိုးရ လက်ထက်တွင် ကလေးစစ်သားနုတ်ထွက်ခွင့်ပြုသူဦးရေ ၅၉၅ဦး ရှိပြီဖြစ်သည်။

‘‘ကလေးသူငယ်တွေကိုတစ် နှစ် အတွင်းမှာ စံချိန်တင်နုတ် ထွက်ခွင့်ပြုလိုက်တာက မြန်မာ အစိုးရနဲ့ တပ် မတော် တို့ရဲ့ က လေးသူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ခေါ်ယူစုဆောင်းအသုံးပြုမှုကို အဆုံးသတ်ဖို့ အရှိန်မြှင့်တဲ့ ကြိုးပမ်းအား ထုတ်မှုဖြစ်ပါတယ်’’ဟု မြန်မာနိုင် ငံဆိုင်ရာကုလသမဂ္ဂ ညှိနှိုင်းရေး မှူးမစ္စရီနာတာလော့ဒက်ဆယ်လီ ရမ်ကပြောသည်။

မြန်မာ့တပ်မတော်တွင် က လေးစစ်သားဦးရေမှာ ၁ ရာခိုင်နှုန်းပင် မရှိသော်လည်း တပ်မတော်အတွက် သိက္ခာကျစရာကိစ္စ ဖြစ်နေကြောင်း ကလေးစစ်သား များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီအို အေနှင့်တွေ့ဆုံမေးမြန်းမှု၌ပြောကြားထားသည်။

ကုလသမဂ္ဂကထုတ်ပြန် ထားသော အသက်(၁၈)နှစ်မပြည့်သေးသူများကို စစ်သားအ ဖြစ်ခေါ်ယူ အသုံးပြုမှု အကြိမ်ကြိမ် ကျူးလွန်သောအဖွဲ့အစည်းစာ ရင်းတွင် မြန်မာ့တပ်မတော်အပြင် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့ အစည်းများဖြစ်သော ဒီကေဘီ အေ၊ ကချင်လွတ်မြောက်ရေးတပ် ဖွဲ့၊ ကရင်အမျိုးသား လွတ်မြော က်ရေး တပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ငြိမ်းချမ်းရေးကောင်စီ) ကရင်နီတပ်ဖွဲ့၊ ရှမ်းပြည် နယ် တပ်ဖွဲ့တောင်ပိုင်းစသည်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment