Saturday 24 January 2015

စိတ်ဓာတ် ဖြောင့်မတ်သော ခေါင်းဆောင်သာလျှင် ဖြောင့်မတ်သည့် လမ်းပေါ်သို့ ခေါ်ဆောင် နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မည်သည့် နိုင်ငံမဆို စိတ်ဓာတ် ဖြောင့်မတ်သော ခေါင်းဆောင် သာလျှင် မိမိနိုင်ငံကို ဖြောင့်မတ် မှန် ကန်သော လမ်းပေါ်သို့ တင်ပေး နိုင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
နေပြည်တော် ကောင်စီ ပျဉ်းမနားမြို့၊ ပေါင်းလောင်းကွင်း၌ ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ် ရာပြည့် အကြို တေးဂီတ ဖျော်ဖြေပွဲ၌ ပျဉ်းမနားမြို့ လူထုအား အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ အတွက် စေတနာ မမှန်တဲ့ ခေါင်းဆောင်တွေ ဆိုရင် ပြောဆို တာလည်း မဖြောင့် မမတ်၊ မမှန်ကန် တာတွေ ဖြစ်လာတယ်။ မဖြောင့်မတ်တဲ့ ခေါင်းဆောင် ဆိုရင် နိုင်ငံကို ဖြောင့်မတ်တဲ့ လမ်းပေါ် ခေါ်သွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။မြန်မာ နိုင်ငံအနှံ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲ များအား လူငယ် များမှ ဦးဆောင်ကာ ကျင်းပခြင်း အတွက် ဂုဏ်ယူ ကျေနပ်ကြောင်းနှင့် လူငယ်များ အနေဖြင့် အများ မထိခိုက်စေသော ပျော်ရွှင်မှု မျိုးဖြင့် ကျင်းပစေ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပျဉ်းမနားမြို့ လူငယ် များအား ပြောကြားသည်။

လူငယ်ရဲ့ ပျော်ရွှင်မှုကို လိုလားတာ သဘာဝ ကျတယ်။ ချစ်ဖို့ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ အများကို မထိခိုက်စေတဲ့ ပျော်ရွှင်မှုမျိုး ဖြစ်ဖို့ လိုတယ်။ လူငယ် ဘ၀ကတည်းက အများ မထိခိုက်အောင် ပြုမူနိုင်မှ နောင်တစ်ချိန်မှာ ဖြောင့်မတ်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာနိုင်တဲ့ မျိုးစေ့ပါပဲ ဟု ၎င်းက ဆက်လက် ပြောသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် တစ် ရာပြည့် အထိမ်းအမှတ်ပွဲအား ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ဟောပြောပွဲများ၊ တေးဂီတ ဖျော်ဖြေပွဲ များအား ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment