Saturday 24 January 2015

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းရန် လွှတ်တော်အတည်ပြု

Photo: ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းရန် လွှတ်တော်အတည်ပြု
Saturday, January 24, 2015

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ရန်ကုန် မြို့ရှိ ကန်တော်မင်ပန်းခြံ(ခေါ်) ကန်တော်မင်္ဂလာပန်းခြံကို ရခိုင် တိုင်းရင်းသားဖြစ်သည့် ဆရာ တော်ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၂၃ ရက်တွင်ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေမဲဆန္ဒ နယ်မှ ရခိုင်တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်ညို က အထက်ပါအတိုင်း အမည် ပြောင်းလဲသတ်မှတ်ပေးရန် အဆို တင်သွင်းမှုအပေါ် ပြည်သူ့လွှတ် တော်မှ ကန့်ကွက်သူမရှိဘဲ ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ် သည်။

‘‘ဒီပန်းခြံဟာ အရင်က ဦးဥတ္တမပန်းခြံလို့ သတ်မှတ်ထား ရာကနေ နောက်ပိုင်းမှာ သမိုင်း ကို ဖျောက်ဖျက်ချင်လို့ ဒီလိုနာ မည်ပြောင်းခဲ့တာဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံဆိုတာ သတ်မှတ် ထားကြောင်း စွယ်စုံကျမ်းစတုတ္ထ တွဲအပါအဝင် တက္ကသိုလ်သင်ရိုး ညွှန်းတမ်းတချို့မှာ ပြဋ္ဌာန်းခဲ့ပါ တယ်။ ဒါကြောင့် အဲဒီပန်းခြံကို ဦးဥတ္တမပန်းခြံလို့ ဆိုင်းဘုတ် ပြောင်းလဲပေးရန်ဖြစ်ပါတယ်’’ဟု ဦးမောင်ညိုက ဆိုသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းအစိုးရကိုယ်စား သမ္မတရုံးဒုတိယဝန်ကြီး ဦးအောင်သိမ်းက လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကန်တော်မင်္ဂလာပန်းခြံ (ခေါ်) ဦးဥတ္တမပန်းခြံဟု ပြောင်းလဲပေးမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းချက်အပေါ် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က မိမိတို့ ကော်မတီအနေဖြင့် ယင်းကိစ္စရပ် အား သမိုင်းမှတ်တမ်းအထောက် အထားများနှင့်အညီ လေ့လာ စိစစ်မှုပြုခဲ့ရာ နယ်ချဲ့အင်္ဂလိပ် အား ဆန့်ကျင်တော်လှန်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှုတွင် ရှေ့ တန်းမှပါဝင်ခဲ့သူ ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ်သာ သတ် မှတ်သင့်ကြောင်း ပြောကြား သည်။

‘‘ဒီလို ကန်တော်မင်္ဂလာပန်း ခြံ (ခေါ်) ဦးဥတ္တမပန်းခြံလို့ သတ် မှတ်ပေးမယ်ဆိုတာကို ကျွန်တော် တို့ ကော်မတီအနေနဲ့ လုံးဝလက် မခံနိုင်ပါဘူး။ ကန်တော်မင်ပဲခေါ် ခေါ် ကန်တော်မင်္ဂလာပဲခေါ်ခေါ် ဒါက ကိုလိုနီခေတ်အငွေ့အသက် တွေရှိနေပါတယ်။ အဲဒါကြောင့် ဦးဥတ္တမပန်းခြံလို့ပဲ ပြောင်းလဲပေး ဖို့ ထောက်ခံတင်ပြပါတယ်’’ဟု သူရဦးအေးမြင့်က ပြောသည်။

ဆရာတော်ဦးဥတ္တမသည် ရခိုင်တိုင်းရင်းသား ဆရာတော် တစ်ဦးဖြစ်ပြီး အမျိုးသားရေးလှုပ် ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ သူဖြစ်သည့်အတွက် အမည် ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ် သည် နိုင်ငံအတွက် အရေးကြီး သော တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က မှတ်ချက်ပြုသည်။

လွှတ်တော်မှ အတည်ပြု လိုက်သော ယင်းအဆိုသည် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်း အဆိုဖြစ်သဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များအနေဖြင့် မဖြစ်မနေဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း ကိုယ် စားလှယ်အချို့က ဆိုသည်။

7Day DAILY 

ကန်တော်မင်ပန်းခြံအတွင်းဖွင့်လှစ်ထားသော Happy World ကစားကွင်းတစ်နေရာ (ဓာတ်ပုံ−နစ်ကီ)
ကန်တော်မင်ပန်းခြံအတွင်းဖွင့်လှစ်ထားသော Happy World ကစားကွင်းတစ်နေရာ (ဓာတ်ပုံ−နစ်ကီ)
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ရန်ကုန် မြို့ရှိ ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာပန်းခြံကို ရခိုင် တိုင်းရင်းသားဖြစ်သည့် ဆရာ တော်ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ် လိုက်ကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၂၃ ရက်တွင်ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေမဲဆန္ဒ နယ်မှ ရခိုင်တိုင်း ရင်း သားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်ညို က အထက်ပါအတိုင်း အမည် ပြောင်းလဲသတ် မှတ်ပေး ရန် အဆို တင်သွင်းမှုအပေါ် ပြည်သူ့လွှတ် တော်မှ ကန့်ကွက်သူမရှိဘဲ ထောက်ခံ အတည်ပြုခဲ့ခြင်းဖြစ် သည်။

‘‘ဒီပန်းခြံဟာ အရင်က ဦးဥတ္တမပန်းခြံလို့ သတ်မှတ်ထား ရာကနေ နောက်ပိုင်းမှာ သမိုင်း ကို ဖျောက်ဖျက် ချင်လို့ ဒီလိုနာ မည်ပြောင်းခဲ့တာဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံဆိုတာ သတ်မှတ် ထားကြောင်း စွယ်စုံကျမ်း စတုတ္ထ တွဲအပါအဝင် တက္ကသိုလ်သင်ရိုး ညွှန်းတမ်းတချို့မှာ ပြဋ္ဌာန်းခဲ့ပါ တယ်။ ဒါကြောင့် အဲဒီပန်းခြံကို ဦးဥတ္တမပန်းခြံလို့ ဆိုင်းဘုတ် ပြောင်းလဲပေးရန်ဖြစ်ပါတယ်’’ဟု ဦးမောင်ညိုက ဆိုသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းအစိုးရကိုယ်စား သမ္မတရုံးဒုတိယဝန်ကြီး ဦးအောင်သိမ်းက လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကန်တော်မင်္ဂလာပန်းခြံ (ခေါ်) ဦးဥတ္တမပန်းခြံဟု ပြောင်းလဲပေးမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းချက်အပေါ် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေး ဖွံ့ဖြိုး တိုးတက် မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က မိမိတို့ ကော်မတီအနေဖြင့် ယင်းကိစ္စရပ် အား သမိုင်း မှတ်တမ်းအထောက် အထားများနှင့်အညီ လေ့လာ စိစစ်မှုပြုခဲ့ရာ နယ်ချဲ့အင်္ဂလိပ် အား ဆန့်ကျင်တော်လှန်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှုတွင် ရှေ့တန်းမှပါဝင်ခဲ့သူ ဆရာတော် ဦးဥတ္တမပန်းခြံ အဖြစ် သာ သတ် မှတ်သင့်ကြောင်း ပြောကြား သည်။

‘‘ဒီလို ကန်တော်မင်္ဂလာပန်း ခြံ (ခေါ်) ဦးဥတ္တမပန်းခြံလို့ သတ် မှတ်ပေးမယ်ဆိုတာကို ကျွန်တော် တို့ ကော်မတီ အနေနဲ့ လုံးဝလက် မခံနိုင်ပါဘူး။ ကန်တော်မင်ပဲခေါ် ခေါ် ကန်တော်မင်္ဂလာပဲခေါ်ခေါ် ဒါက ကိုလိုနီခေတ်အငွေ့အသက် တွေရှိနေပါတယ်။ အဲဒါကြောင့် ဦးဥတ္တမပန်းခြံလို့ပဲ ပြောင်းလဲပေး ဖို့ ထောက်ခံတင်ပြပါတယ်’’ဟု သူရဦးအေးမြင့်က ပြောသည်။

ဆရာတော်ဦးဥတ္တမသည် ရခိုင်တိုင်းရင်းသား ဆရာတော် တစ်ဦးဖြစ်ပြီး အမျိုးသားရေးလှုပ် ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ သူဖြစ်သည့်အတွက် အမည် ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ် သည် နိုင်ငံအတွက် အရေးကြီး သော တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်တစ် ခုဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က မှတ်ချက်ပြုသည်။

လွှတ်တော်မှ အတည်ပြု လိုက်သော ယင်းအဆိုသည် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်း အဆိုဖြစ်သဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များအနေဖြင့် မဖြစ်မနေဆောင် ရွက်ပေးရမည်ဖြစ်ေ ကြာင်း ကိုယ် စားလှယ်အချို့က ဆိုသည်။

7Day DAILY 

No comments:

Post a Comment