Saturday 24 January 2015

အင်တာနက်ပျောက် ကွယ်သွား လိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ ဆွစ်ဇာလန် တွင်ပြော

Photo: အင်တာနက်ပျောက် ကွယ်သွား လိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ ဆွစ်ဇာလန် တွင်ပြော
Saturday, January 24, 2015

မကြာ မီတွင် အင်တာနက်သည် ကျွန်တော် တို့၏ ဘဝ ရှုထောင့် အားလုံး တွင်နေရာ တကာ ပျံ့နှံ့ သက်ရောက် လာမည်ဖြစ် သဖြင့် အင်တာနက်မှာ ကိုယ်နှင့် မကွာ ရှိနေ မည့်နောက်ခံ အနေ အထား တစ်ရပ် အဖြစ် သို့ပြောင်း လဲရောက်ရှိ လာမည်ဖြစ်ရာ အင်တာနက်ကို အထူး သတိပြုရန် မလိုတော့ သဖြင့် ''ပျောက်ကွယ်''  သကဲ့သို့ ဖြစ် လာလိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ အဲရစ်ရှမစ်က ဇန်နဝါရီ ၂၂ ရက် ကဟောကိန်း ထုတ်လိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ရှမစ်က စီးပွားရေး လုပ်ငန်း ရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

''အာရုံခံ ကိရိယာတွေ အများကြီး ရှိလာ ပါလိမ့်မယ်။ လူကြီးမင်းတို့ အနေနဲ့ အဲဒါတွေကို အထူးသတိပြု မိတော့မှာတောင် မဟုတ်ပါဘူး။ နည်းပညာ ဟာလူကြီး မင်းတို့ ရဲ့ဘေးပတ် လည်နေရာ အားလုံးမှာ ရှိလာ မှာပါ''ဟု ၄င်းက ဆိုခဲ့သည်။

''အဲဒါဟာ လူကြီးမင်း တို့နဲ့ တစ်ချိန်လုံး ရှိနေမှာပါ။ အခန်း တစ်ခုထဲ ကိုလျှောက်လာ တယ်လို့ လူကြီးမင်း စဉ်းစား စိတ်ကူး ကြည့်လိုက်ပါ။ လူကြီးမင်း ဟာအဲဒီ အခန်းထဲမှာရှိတဲ့ အရာအားလုံးနဲ့ အပြန်အလှန် သက် ရောက်မှု ရှိနေပါလိမ့်မယ်''ဟု ၄င်း ကပြောခဲ့ပြီး လူတစ်ဦးချင်းစီ၏ အနေအထားနှင့် ကိုက်ညီကာ အလွန် စိတ်ဝင်စား ဖွယ်ကောင်းမည့် ကမ္ဘာ တစ်ခု ထွက်ပေါ်လာ လိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

 လျင်မြန်သော အရှိန်အဟုန်ဖြင့် နည်းပညာများ အံ့မခန်း တိုးတက် လာခြင်းကြောင့် အချို့ အလုပ်အကိုင် များပျောက် ကွယ်သွားနိုင် သည်ဟူသော စိုးရိမ်မှုများ လည်းရှိနေရာ ဂူဂဲလ် ၊ ဖေ့စ်ဘွတ်ခ်၊ မိုက် ကရိုဆော့ဖ်နှင့် ဗိုဒါဖုန်းတို့မှ အဆင့်မြင့်  အရာ ရှိများ ပါဝင်သော  အဖွဲ့သည် လူများသည် ထိုစိုးရိမ်မှု များပြေပျောက် သွားစေရန် ကြိုးစားပြော ဆိုခဲ့ကြသည်။

 ''အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီးလူတိုင်းက စိုးရိမ်နေကြပါတယ်''ဟုဖေ့စ်ဘွတ်ခ်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ရှားလ်ဆန်းဘာ့ဂ်(Sheryl Sandberg ) ကဝန်ခံခဲ့သည်။

 ပြောင်းလဲမှုများစွာဖြစ်ပေါ်နေသောနည်းပညာကမ္ဘာနှင့်ပတ်သက်၍၄င်းက''ပြောင်းလဲမှုတွေဟာဘယ်တုန်းကနဲ့မှမတူလောက်အောင်အလျင် အမြန်ဖြစ်ပေါ်နေ ကြပါတယ်။ ဒါပေမဲ့ နည်းပညာဟာလည်း အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ နည်းပညာ ရပ်ဝန်းထဲမှာတင်မကဘဲ နည်းပညာရပ်ဝန်း အပြင်ဘက်မှာ ပါအလုပ် အကိုင်တွေ ဖန်တီးပေးနိုင် ပါတယ်''ဟုပြော ခဲ့သည်။

Mizzima - News in Burmese
မကြာမီတွင် အင်တာနက်သည် ကျွန်တော်တို့၏ ဘဝရှုထောင့် အားလုံးတွင်နေရာ တကာပျံ့နှံ့ သက်ရောက် လာမည်ဖြစ်သဖြင့် အင်တာနက်မှာ ကိုယ်နှင့် မကွာ ရှိနေ မည့်နောက်ခံ အနေ အထား တစ်ရပ် အဖြစ် သို့ပြောင်း လဲရောက်ရှိလာမည်ဖြစ်ရာ အင်တာနက်ကို အထူး သတိပြုရန် မလိုတော့ သဖြင့် ''ပျောက်ကွယ်''  သကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ အဲရစ်ရှမစ်က ဇန်နဝါရီ ၂၂ ရက် ကဟောကိန်း ထုတ်လိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ရှမစ်က စီးပွားရေး လုပ်ငန်း ရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

''အာရုံခံ ကိရိယာတွေ အများကြီး ရှိလာ ပါလိမ့်မယ်။ လူကြီးမင်းတို့ အနေနဲ့ အဲဒါတွေကို အထူးသတိပြု မိတော့မှာတောင် မဟုတ်ပါဘူး။ နည်းပညာ ဟာလူကြီး မင်းတို့ ရဲ့ဘေးပတ် လည်နေရာ အားလုံးမှာ ရှိလာ မှာပါ''ဟု ၄င်းက ဆိုခဲ့သည်။

''အဲဒါဟာ လူကြီးမင်း တို့နဲ့ တစ်ချိန်လုံး ရှိနေမှာပါ။ အခန်း တစ်ခုထဲ ကိုလျှောက်လာ တယ်လို့ လူကြီးမင်း စဉ်းစား စိတ်ကူး ကြည့်လိုက်ပါ။ လူကြီးမင်း ဟာအဲဒီ အခန်းထဲမှာရှိတဲ့ အရာအားလုံးနဲ့ အပြန်အလှန် သက် ရောက်မှု ရှိနေပါလိမ့်မယ်''ဟု ၄င်း ကပြောခဲ့ပြီး လူတစ်ဦးချင်းစီ၏ အနေအထားနှင့် ကိုက်ညီကာ အလွန် စိတ်ဝင်စား ဖွယ်ကောင်းမည့် ကမ္ဘာ တစ်ခု ထွက်ပေါ်လာ လိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

လျင်မြန်သောအရှိန်အဟုန်ဖြင့် နည်းပညာများအံ့မခန်းတိုးတက်လာခြင်းကြောင့် အချို့အလုပ်အကိုင် များပျောက်ကွယ်သွားနိုင်သည်ဟူသော စိုးရိမ်မှုများ ည်းရှိနေရာ ဂူဂဲလ် ၊ ဖေ့စ်ဘွတ်ခ်၊ မိုက် ကရိုဆော့ဖ်နှင့် ဗိုဒါဖုန်းတို့မှ အဆင့်မြင့်အရာရှိများပါဝင်သောအဖွဲ့သည် လူများသည် ထိုစိုးရိမ်မှု များပြေပျောက် သွားစေရန် ကြိုးစားပြော ဆိုခဲ့ကြသည်။

 ''အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီးလူတိုင်းက စိုးရိမ်နေကြပါတယ်''ဟုဖေ့စ်ဘွတ်ခ်၏ လုပ်ငန်းလည် ပတ်ရေး အရာရှိချုပ် ရှားလ်ဆန်းဘာ့ဂ်(Sheryl Sandberg ) ကဝန်ခံခဲ့သည်။

 ပြောင်းလဲမှုများစွာဖြစ်ပေါ်နေသောနည်းပညာကမ္ဘာနှင့်ပတ်သက်၍၄င်းက''ပြောင်းလဲမှုတွေဟာဘယ်တုန်းကနဲ့မှမတူလောက်အောင်အလျင် အမြန်ဖြစ်ပေါ်နေ ကြပါတယ်။ ဒါပေမဲ့ နည်းပညာဟာလည်း အလုပ် အကိုင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ နည်းပညာ ရပ်ဝန်းထဲမှာတင်မကဘဲ နည်းပညာရပ်ဝန်း အပြင် ဘက်မှာ ပါအလုပ် အကိုင်တွေ ဖန်တီးပေးနိုင် ပါတယ်''ဟုပြော ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment