Saturday 24 January 2015

IS စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် နှစ်နှစ်ခန့် အချိန်ယူရမည်ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

Photo: IS စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် နှစ်နှစ်ခန့် အချိန်ယူရမည်ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား
Saturday, January 24, 2015

အီရတ်အစိုးရ တပ်များအနေဖြင့် ယင်း နိုင်ငံအတွင်းရှိ IS စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ထိရောက်စွာ ချေမှုန်းနိုင် စွမ်းမရှိခြင်းကြောင့် အမေရိကန် ဦးဆောင် သည့် မဟာမိတ် နိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် နှစ်နှစ်ခန့် အထိကြာမြင့်နိုင်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်းမွန်း က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ စစ်သွေြး<ွကများကို တိုက်ခိုက်ရာတွင်လည်း အချိန်ယူလုပ် ဆောင်ရမည်ဖြစ်ကြောင်း လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့၏ အစည်းအဝေးပွဲတွင် ဟမ်းမွန်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဝင် ၂၁နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက် ခဲ့သည်ဟု သိရသည်။ ထို့ပြင် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အီရတ် ဝန်ကြီးချုပ် ဟေဒါအယ်လ် အဘာဒီတို့အကြား အီရတ်နိုင်ငံအတွင်း မြင့်တက် လျက်ရှိသည့် IS စစ်သွေးကြွများ၏ တိုက်ခိုက် မှုများနှင့် စပ်လျဉ်း၍ အသေး စိတ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment