Saturday 24 January 2015

ဗမာပြည်ကွန်မြူနစ်ပါတီကိုဆက်ခံမည့် ခေါင်းဆောင်ရွေးချယ်ထားပြီဟုဆို

ကွယ်လွန်သူ ရဲဘော်ကျင်မောင်နေရာကိုဆက်ခံမည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကို ရွေးချယ် ထားပြီး ဖြစ်သော်လည်း ပါတီ၏မြေအောက်လှုပ်ရှားမှုအနေအထား ကြောင့် ခေါင်းဆောင်ကို လတ်တလော တွင် ထုတ်ပြန်ကြေညာ မည်မဟုတ်ကြောင်း ပါတီပြော ရေးဆိုခွင့်ရှိသူရဲဘော်သံချောင်း ကပြောသည်။

ပါတီအထွေထွေအတွင်း ရေးမှူးရဲဘော်ကျင်မောင်မကွယ် လွန်မီ ၂၀၁၃ ကတည်းက ပါတီ အထူးညီလာခံ၌ ခေါင်းဆောင် ကိစ္စကိုဆွေးနွေးဆုံးဖြတ်ခဲ့ပြီးဖြစ် ကြောင်း ရဲဘော်သံချောင်းကဆို သည်။

‘‘ရဲဘော်ကျင်မောင်က ပါတီနံပါတ်တစ်တာဝန်ကို ဆက် ခံပြီးတဲ့နောက် အသစ်ထပ်ဖြည့်ခဲ့ တဲ့ခေါင်းဆောင် မှု အင်အားဟာ အခုရဲဘော်ကြင်မောင်မရှိတော့ တဲ့အချိန်မှာ အဓိကတာဝန်ဆက် ယူတဲ့လူတွေဖြစ်ပါတယ်။ သူတို့ အားလုံးနီးပါးဟာ အရင်မြေ အောက်လုပ်ငန်းကလာတဲ့လူ တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီ ရဲ့လက်ရှိအဓိကလှုပ်ရှားမှု သဏ္ဌာန်ဟာ မြေအောက်လှုပ်ရှား မှုဖြစ်ပါတယ်’’ဟု ၎င်းကပြော ကြားသည်။

နယ်ချဲ့ကိုတော်လှန်တိုက် ထုတ်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းတွင်ပါဝင်ခဲ့ သော သက် တမ်း ၇၆ နှစ်ရှိသည့် ဗကပပါတီသည် ဖဆပလအစိုးရ လက်ထက်တွင် မတရားအသင်း အဖြစ် ကြေညာ ခံရပြီးချိန်မှစ၍ မြေအောက်ပါတီအဖြစ်ရပ်တည် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ဗကပ ပါတီကို ၁၉၉၇ တွင် ဥက္ကဋ္ဌ သခင် ဗသိန်းတင်ကွယ်လွန်ပြီးနောက် ရဲဘော်ထွန်း(ခ)ဗိုလ်ကျင်မောင် က အထွေထွေအတွင်းရေးမှူး အဖြစ် ဆက်ခံ ခဲ့သည်။

ယခုလ ၃ ရက်က ရဲဘော် ကျင်မောင် ကွယ်လွန်သွားပြီး ပါတီခေါင်းဆောင်ပိုင်းမှာလည်း အသက်အရွယ် များကြီးရင့်လာ ပြီဖြစ်၍ နောက်မျိုးဆက်သစ်ကိစ္စကို စဉ်းစားနေပြီဖြစ်ကြောင်း ရဲဘော်သံချောင်းကပြော သည်။

‘‘ပါတီခေါင်းဆောင်ပိုင်းဟာ အသက်ကြီးရင့်လာပြီဆိုတာမှန် ပါတယ်။ နောက်မျိုးဆက်ကိစ္စကို စဉ်းစား သင့်ပြီဆိုတာလည်းမှန်ပါ တယ်။ စဉ်းစားနေပါတယ်လို့ပဲ ပြောချင်ပါတယ်’’ဟု ၎င်းကပြော သည်။

သမ္မတဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး စကားဆွေးနွေးပြော ဆိုနေသော် လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ကိုမူ စကားပြောဆိုဆွေးနွေးရန် ကမ်း လှမ်းခြင်းမရှိကြောင်း၊ ထို့ ပြင် ဗကပအပါအဝင် နိုင်ငံရေး လှုပ်ရှားသူပါတီအဖွဲ့အစည်းများ ကို မတရား အသင်း (၁၇/၁)ကို ယခုထိရုပ်သိမ်းထားခြင်းမရှိ သေးဘဲ ဗကပကပင် ငြိမ်းချမ်းရေး စကားပြောဆိုရန် အစိုးရဆီလျှောက်လွှာမတင်သည့်သဘော မျိုး ဝါဒဖြန့်နေကြောင်း ရဲဘော် သံချောင်းကပြောကြားသည်။

‘‘ကျွန်တော်တို့ပါတီနဲ့ လက်ရှိအစိုးရ စကားမပြောတာ ‘စကား ပြောခြင်း’ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပါတီရဲ့သဘော ထားကြောင့်မဟုတ်ပါဘူး။ အရပ် ဝတ်စစ်အစိုးရရဲ့သဘောထား ကြောင့်ဖြစ်ပါတယ်။ သူတို့အနေ နဲ့ တကယ်ရိုးသားတယ်ဆိုရင် စကားပြောပွဲတွေမစခင်ကတည်း က ဗမာပြည်ကွန်မြူနစ်ပါတီ အပါ အဝင် တချို့နိုင်ငံရေးအင်အားစု တွေအပေါ် ထုတ်ပြန်ထားတဲ့ မတရားအသင်းပုဒ်မကို ရုပ်သိမ်းကြောင်း ကြေညာသင့်ပါတယ်။ ခြုံပြောရရင် လက်ရှိအစိုးရက ကျွန်တော်တို့ပါတီကို အတတ်နိုင် ဆုံးမပြောဘဲ ခေါင်းရှောင်နေ တယ်လို့ဆိုချင်ပါတယ်။ ဒီပုဒ်မငြိ နေသူတွေ ဘယ်သူမှမြေပေါ်မှာ နေလို့မရပါဘူး’’ဟု၎င်းကပြော သည်။

အစိုးရကိုဆန့်ကျင်သည့် လက်နက်ကိုင်ရော၊ လက်နက် မကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံဆွေးနွေး မှုပြုလုပ်နေသော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီကိုမူ တွေ့ဆုံမှုမရှိသေးကြောင်းနှင့် တိုင်းပြည်၏ အမျိုးသား ရင်ကြား စေ့ရေးကို အမှန်တကယ်လုပ်လို ပြီး စစ်မှန်သည့်ပါတီစုံဒီမိုကရေ စီစနစ်ကျင့်သုံးမည်ဆိုပါက နယ် ချဲ့ကိုဆန့်ကျင်ခဲ့ပြီး ဖက်ဆစ်ဂျပန်ကိုတွန်းလှန်ခဲ့သည့်သမိုင်းဝင် ဗမာပြည် ကွန်မြူနစ်ပါတီကို ဥပဒေနှင့်အညီ တရားဝင်ပါတီ အဖြစ် ရပ်တည်ခွင့်ပေးရန်လို ကြောင်း သတင်းစာဆရာဦးစည် သူအောင်မြင့်ကပြောသည်။

‘‘ပါတီကိုလက်ခံတာ၊ လက် မခံတာ ပြည်သူတွေကအဆုံး အဖြတ်ပေးပါလိမ့်မယ်’’ဟု ၎င်းကဆိုသည်။

ဗကပပါတီသည် မြေ အောက်တွင်သာလှုပ်ရှားနေရ သဖြင့်ဗကပထိပ်ပိုင်းခေါင်းဆောင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်းကျော်ဇောမှာ မြန်မာနိုင်ငံသို့ပြန်လည်လာရောက်ရန်၂၀၁၃ တွင်မှ သမ္မတဦးသိန်းစိန်က ခွင့်ပြုခဲ့ပြီး ယင်းအချိန်တွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ကျန်းမာရေးဆိုးရွားလွန်းသဖြင့် လာရော က်နိုင်ခြင်း မရှိ ခဲ့ဘဲ မြန်မာ- တရုတ်နယ်စပ်တစ်နေရာ၌ ကွယ်လွန်ခဲ့ပြီဖြစ် သည်။

7Day DAILY

No comments:

Post a Comment