Saturday 24 January 2015

ကန်ဒေါ်လာသန်း ၁၃ဝကျော် အကုန်အကျခံကာ ဆူးလေဆိပ်ကမ်းကို နိုင်ငံ တကာ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်မည်

အမေရိကန် ဒေါ်လာသန်း၁၃ဝကျော်ရင်း နှီးမြှုပ်နှံ၍ ဆူးလေဆိပ်ကမ်းကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် အ ဆင့်မြှင့်တင်မှုကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်း ရရှိသည်။

အဆိုပါဆိပ်ကမ်းကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ကန်ဒေါ်လာ သန်း၆ဝနှင့် ဆင်ကောင်းရတနာ ကုမ္ပဏီမှ ကန်ဒေါ်လာသန်း၇ဝ ဒသမ၃၁သန်းဖြင့် အကျိုးတူပူး ပေါင်း၍ နိုင်ငံတကာဆိပ်ကမ်းတစ် ခုဖြစ်လာရန် အဆင့်မြှင့်တင် သွား မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဒုတိယမြို့ပြအင်ဂျင်နီယာချုပ် က ''ဆူးလေဆိပ်ကမ်းကိုနိုင်ငံတကာ အဆ င့်မြှင့် တင် လုပ်ငန်းစတင်ဖို့က အစိုးရအဖွဲ့ကို တင်ပြထားတယ်။အစိုးရအဖွဲ့က ခွင့်ပြုချက်ကျလာမှ စလုပ် ရမှာပါ။ ဒီနှစ်ထဲမှာတော့စ သွားမှာပါ''ဟုပြောသည်။

အဆိုပါ ဆူးလေဆိပ်ကမ်းကို အဆင့်မြှင့်တင်ရာတွင် ဆိပ်ခံတံ တားများတွင် ကုန်သေတ္တာများကိုင် တွယ်နို င်စေ ရန် တည်ဆောက် ပြုပြင်မှုများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

ယင်းက ''ဆူးလေဆိပ်ကမ်း က တည်ဆောက်ထားတာကြာပြီ။ နိုင်ငံတကာအဆင့်မြင့် ဆိပ်ကမ်း တစ်ခုဖြစ် လာအောင် အဓိက Key ကရိန်းကြီးကို တပ်ဖို့လိုတယ်။ Equipment တွေ တပ်ဆင်ဖို့လဲလို အပ်တယ်'' ဟုပြောသည်။

ဆူးလေဆိပ်ကမ်းသည် ယခင် ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တန်ချိန် သုံးသိန်းကျော်နှင့် သွင်းကုန်တန် ချိန် ၁၇ သိန်းကျော်ကိုင်တွယ်နိုင်ခဲ့ ကြောင်းသိရသည်။

TEEP
Yangon Media Group 

No comments:

Post a Comment