Tuesday 19 August 2014

အင်ဒိုနီးရှား ကူးတို့ သင်္ဘောမှောက်မှု နိုင်ငံခြားသားနှစ်ဦး ပျောက်ဆုံးဆဲ

Photo: အင်ဒိုနီးရှား ကူးတို့ သင်္ဘောမှောက်မှု နိုင်ငံခြားသားနှစ်ဦး ပျောက်ဆုံးဆဲ
Tuesday, August 19, 2014

အင်ဒိုနီးရှားနိုင်ငံမှာ စနေ့နေ့တုန်းက ခရီးသည်တင်သင်္ဘောတစင်း နစ်မြုပ်မှုဖြစ်ခဲ့ရာမှာ အဲဒီမှာပါတဲ့ ခရီးသည် ၁၃ ဦးကျော်ကို ဆယ်ယူနိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည် ၂၀ နဲ့ အင်ဒိုနီးရှားလူမျိုး သင်္ဘောသား ငါးဦးတင်ဆောင်လာတဲ့ အဲဒီ သင်္ဘောငယ်ဟာ အင်ဒိုနီးရှား အရှေ့ခြမ်းက နာမည်ကျော် Lombok နဲ့ Komodo ကျွန်းစုတွေအကြား သွားလာနေစဉ် သန္တာကျောက်တန်းတခုနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းမှာတော့ နိုင်ငံခြားခရီးသွားဧည်သည် ၈ ဦးနဲ့ သင်္ဘောသား ၅ ဦးတို့ကို ဆယ်ယူနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ ခရီးသွား ဆယ်ဦးကို ကယ်ဆယ်ခဲ့ပြီးပါပြီ။ ခရီးသွားဧည့်သည် နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ရှိပါတယ်။ အခုလို သင်္ဘော မတော်တဆမှုတွေဟာ ကျွန်းစုတွေနဲ့ စုစည်းတည်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မကြာမကြာဖြစ်လေ့ရှိပါတယ်။

VOA
အင်ဒိုနီးရှားနိုင်ငံမှာ စနေ့နေ့တုန်းက ခရီးသည်တင်သင်္ဘောတစင်း နစ်မြုပ်မှုဖြစ်ခဲ့ရာမှာ အဲဒီမှာပါတဲ့ ခရီးသည် ၁၃ ဦးကျော်ကို ဆယ်ယူနိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
ခရီးသည် ၂၀ နဲ့ အင်ဒိုနီးရှားလူမျိုး သင်္ဘောသား ငါးဦးတင်ဆောင်လာတဲ့ အဲဒီသင်္ဘောငယ်ဟာ အင်ဒိုနီးရှား အရှေ့ခြမ်းက နာမည်ကျော် Lombok နဲ့ Komodo ကျွန်းစုတွေအကြား သွားလာနေစဉ် သန္တာေ ကျာက် တန်း တခုနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းမှာတော့ နိုင်ငံခြားခရီးသွား ဧည်သည် ၈ ဦးနဲ့ သင်္ဘောသား ၅ ဦးတို့ကို ဆယ်ယူနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ ခရီးသွား ဆယ်ဦးကို ကယ်ဆယ်ခဲ့ပြီးပါပြီ။ ခရီးသွားဧည့်သည် နှစ်ဦး ကတော့ ပျောက်ဆုံးနေဆဲ ရှိပါတယ်။ အခုလို သင်္ဘော မတော်တဆမှုတွေဟာ ကျွန်းစုတွေနဲ့ စုစည်းတည် ထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မကြာမကြာဖြစ်လေ့ရှိပါတယ်။

VOA

No comments:

Post a Comment