Tuesday 19 August 2014

ဗြိတိန်ရောက်ကုန်သေတ္တာထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆစ်ခ်လူမျိုးများ

Photo: ဗြိတိန်ရောက်ကုန်သေတ္တာထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆစ်ခ်လူမျိုးများ
Tuesday, August 19, 2014

ဗြိတိန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကုန်သေတ္တာထဲမှာ ကလေး (၁၃) ယောက် အပါအ၀င် အာဖဂန်လူမျိုးတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။  
ဆိပ်ကမ်းကိုရောက်ရှိ လာတဲ့ ကုန်သေတ္တာတစ်ခုထဲကနေ အာဖဂန်နိုင်ငံ ကဆစ်ခ်လူမျိုး (၃၄) ဦး ကို တွေ့ရှိကယ်ဆယ်ခဲ့ရပြီး (၁၃)ယောက်က ကလေးငယ်တွေဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ မှာ ပြောကြားခဲ့ပါတယ်။
 
စနေနေ့ညက လန်ဒန်မြို့ အရှေ့ဘက်ဆိပ်ကမ်းမှာရှိတဲ့ ကုန်သေတ္တာတစ်ခုထဲက ထုရိုက်သံနဲ့ အော်သံတွေကြောင့် သွားရောက်ဖွင့်ကြည့်တဲ့အခါမှာ သေဆုံးနေသူ တစ်ဦးနဲ့ အသက်ရှင်သူ(၃၄) ဦး တို့ကို ကယ်တင်နိုင်ခဲ့တာပါ။ အသက် (၇၂) နှစ်ကနေ (၁၈) နှစ် အတွင်းရှိတဲ့ ယောက်ျားကိုးဦး၊ မိန်းမရှစ်ဦးနဲ့အတူ တစ်နှစ်ကနေ (၁၂) နှစ်အတွင်း ကလေးငယ်(၁၃) ဦးတို့ကိုပါ တွေ့ရှိခဲ့ပါတယ်။
 
အားလုံးကို အာဟာရပြတ်လပ်မှုအစရှိတဲ့ ဝေဒနာတွေ ကုသပေးဖို့အတွက် ဆေးရုံတင်ထားပြီး ကုသမှုပေးနေတယ်လို့ သိရပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က သူတို့ကို ဒီလိုအခြေအနေရောက်ရှိခဲ့ရတဲ့ အကြောင်းရင်းကို မေးမြန်းသွားမှာဖြစ်ပြီး လန်ဒန်မှာ တွေ့ရှိခဲ့ပြီး နောက် (၁၂) နာရီအကြာမှာ ဘယ်ဂျီယံကိုရောက်ရှိလာတဲ့ ကုန်သေတ္တာ တစ်ခုထဲမှာလည်း လူ(၁၂) ဦးကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လိုက်ပါလာတဲ့သူအားလုံးက အာဖဂန်နိုင်ငံက ဆစ်ခ်လူမျိုးတွေချည်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ 

MRTV-4
ဗြိတိန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကုန်သေတ္တာထဲမှာ ကလေး(၁၃) ယောက်အပါအ၀င် အာဖဂန် လူ မျိုးတွေ ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 
ဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကုန်သေတ္တာတစ်ခုထဲကနေ အာဖဂန်နိုင်ငံ ကဆစ်ခ်လူမျိုး (၃၄)ဦးကို တွေ့ရှိ ကယ်ဆယ်ခဲ့ရပြီး (၁၃)ယောက်က ကလေးငယ်တွေဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ မှာ ပြော ကြားခဲ့ပါတယ်။

စနေနေ့ညက လန်ဒန်မြို့ အရှေ့ဘက်ဆိပ်ကမ်းမှာရှိတဲ့ ကုန်သေတ္တာတစ်ခုထဲက ထုရိုက်သံနဲ့ အော် သံတွေကြောင့် သွားရောက်ဖွင့်ကြည့်တဲ့အခါမှာ သေဆုံးနေသူ တစ်ဦးနဲ့ အသက်ရှင်သူ(၃၄) ဦး တို့ကို ကယ်တင်နိုင်ခဲ့တာပါ။ အသက် (၇၂) နှစ်ကနေ (၁၈) နှစ် အတွင်းရှိတဲ့ ယောက်ျားကိုးဦး၊ မိန်းမရှစ်ဦးနဲ့အတူ တစ်နှစ်ကနေ (၁၂) နှစ်အတွင်း ကလေးငယ်(၁၃) ဦးတို့ကိုပါ တွေ့ရှိခဲ့ပါတယ်။

အားလုံးကို အာဟာရပြတ်လပ်မှုအစရှိတဲ့ ဝေဒနာတွေ ကုသပေးဖို့အတွက် ဆေးရုံတင်ထားပြီး ကုသ မှုပေးနေ တယ်လို့ သိရပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က သူတို့ကို ဒီလိုအခြေအနေရောက်ရှိခဲ့ရတဲ့ အကြောင်း ရင်းကို မေးမြန်းသွားမှာဖြစ်ပြီး လန်ဒန်မှာ တွေ့ရှိခဲ့ပြီး နောက် (၁၂) နာရီအကြာမှာ ဘယ်ဂျီယံကိုရောက်ရှိ လာတဲ့ ကုန်သေတ္တာ တစ်ခုထဲမှာလည်း လူ(၁၂) ဦးကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လိုက်ပါလာတဲ့သူ အားလုံးက အာဖဂန်နိုင်ငံက ဆစ်ခ်လူမျိုးတွေချည်းပဲဖြစ်တယ်လို့ ဆိုပါတယ်။

MRTV-4

No comments:

Post a Comment