Tuesday 19 August 2014

ထိုင်းဘွိုင်လာပေါက်ကွဲမှုမှ ထိခိုက်ခဲ့သည့် မြန်မာများကို ၀န်ကြီးဌာန က ထောက်ပံ့မည်

Photo: ထိုင်းဘွိုင်လာပေါက်ကွဲမှုမှ ထိခိုက်ခဲ့သည့် မြန်မာများကို ၀န်ကြီးဌာန က ထောက်ပံ့မည်
Tuesday, August 19, 2014

ထိုင်းနိုင်ငံတွင် သြဂုတ် ၁၇ ရက်က ဖြစ်ပေါ်ခဲ့သော ဆေးဆိုးပန်းရိုက်စက်ရုံသုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို အလုပ်ရှင်နှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့က ထောက်ပံ့ကြေး ပေးအပ်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သြဂုတ် ၁၇ ရက်က ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ၊ စမုပရကန်ခရိုင်၊ ပါ့နန်းမြို့နယ် ထိုင်းဘန်း အရပ်တွင် မြန်မာလုပ်သားအများစု လုပ်ကိုင်လျက်ရှိသည့် Wongpasit Printing Co.,Ltd ဆေးဆိုးပန်းရိုက်စက်ရုံ၌ အသုံးပြုနေသော ရေနွေးငွေ့သုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးနှင့် ထိုင်းနိုင်ငံသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးအနက် လေးဦးမှာ အရေးကြီးလူနာဖြစ်ပြီး နှစ်ဦးမှာ အသက်စိုးရိမ်ရသည့် အခြေအနေရှိသည်။

မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက စိုးရိမ်ရသော လူနာနှစ်ဦးအတွက် တစ်ဦးလျှင် ဘတ် ၅,၀၀၀ (ကျပ် ၁၅၀,၀၀၀ ခန့်)၊ အရေးကြီးလူနာ လေးဦးအတွက် တစ်ဦးလျှင် ဘတ် ၃,၀၀၀ (ကျပ် ၉၀,၀၀၀ ခန့်) ကျန်လူနာများအတွက် တစ်ဦးလျှင် ဘတ် ၂,၀၀၀ (ကျပ် ၆၀,၀၀၀ ခန့်) နှုန်း ပေးအပ်သွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကုမ္ပဏီပိုင်ရှင် အလုပ်ရှင်က နေရာအခက်အခဲ ဖြစ်သွားသော မြန်မာလုပ်သားများအား အရေးပေါ်သုံးငွေ တစ်ဦးလျှင် ဘတ် ၅၀၀ (ကျပ် ၁၅,၀၀၀ ခန့်) ပေးခြင်း၊ ပျက်စီးသွားသော အိမ်တန်းလျား ၁၁ ခန်းကို ပြန်လည်ဆောက်လုပ်နေစဉ်တွင် အလုပ်သမားများကို နေထိုင်ရန် စီစဉ်ပေးခြင်း၊ လတ်တလောတွင် နေထိုင်စရာ စားစရာမျာကို အခမဲ့ပေးအပ်ခြင်း၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာနမှ လျော်ကြေးငွေအပြင် အလုပ်မှ လူမှုနစ်နာကြေးများ ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးမည်ဟူသော သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသည်။

ဘွိုင်လာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အများစုမှာ ရေနွေးပူလောင်မိသည့် ဒဏ်ရာနှင့် အဆောင်အအုံ ပြိုကျ၍ ပိမိသဖြင့် ဒဏ်ရာရရှိသူများဖြစ်ပြီး စမွတ်ပရာကန်ဆေးရုံနှင့် စူလာလောင်ကွန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်သည်။ အဆိုပါ ဆေးရုံပေါက်ကွဲမှုမှာ သြဂုတ် ၁၇ ရက် နံနက် ငါးနာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆမုတ်ပရာကန်ခရိုင်အတွင်းရှိ Wong Pisit Printing Limited ဆေးဆိုးပန်းရိုက်စက်ရုံ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့စဉ်။ ဓာတ်ပုံ-ဟင်္သာနီ မွန်မြေ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆမုတ်ပရာကန်ခရိုင်အတွင်းရှိ Wong Pisit Printing Limited ဆေးဆိုး ပန်းရိုက်စက်ရုံ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့စဉ်။ ဓာတ်ပုံ-ဟင်္သာနီ မွန်မြေ
ထိုင်းနိုင်ငံတွင် သြဂုတ် ၁၇ ရက်က ဖြစ်ပေါ်ခဲ့သော ဆေးဆိုးပန်းရိုက်စက်ရုံသုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို အလုပ်ရှင်နှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့က ထောက်ပံ့ကြေး ပေးအပ်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သြဂုတ် ၁၇ ရက်က ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ၊ စမုပရကန်ခရိုင်၊ ပါ့နန်းမြို့နယ် ထိုင်းဘန်း အရပ်တွင် မြန်မာလုပ်သားအများစု လုပ်ကိုင်လျက်ရှိ သည့် Wongpasit Printing Co.,Ltd ဆေးဆိုးပန်းရိုက်စက်ရုံ၌ အသုံးပြုနေသော ရေနွေးငွေ့သုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးနှင့် ထိုင်းနိုင်ငံသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးအနက် လေးဦးမှာ အရေးကြီးလူနာဖြစ်ပြီး နှစ်ဦးမှာ အသက်စိုးရိမ်ရသည့် အခြေအနေရှိသည်။

မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက စိုးရိမ်ရသော လူနာနှစ်ဦးအတွက် တစ်ဦးလျှင် ဘတ် ၅,၀၀၀ (ကျပ် ၁၅၀,၀၀၀ ခန့်)၊ အရေးကြီးလူနာ လေးဦးအတွက် တစ်ဦးလျှင် ဘတ် ၃,၀၀၀ (ကျပ် ၉၀,၀၀၀ ခန့်) ကျန်လူနာများအတွက် တစ်ဦးလျှင် ဘတ် ၂,၀၀၀ (ကျပ် ၆၀,၀၀၀ ခန့်) နှုန်း ပေးအပ်သွားမည်ဟု ယင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

အဆိုပါကုမ္ပဏီပိုင်ရှင် အလုပ်ရှင်က နေရာအခက်အခဲ ဖြစ်သွားသော မြန်မာလုပ်သားများအား အရေးပေါ် သုံးငွေ တစ်ဦးလျှင် ဘတ် ၅၀၀ (ကျပ် ၁၅,၀၀၀ ခန့်) ပေးခြင်း၊ ပျက်စီးသွားသော အိမ်တန်းလျား ၁၁ ခန်း ကို ပြန်လည်ဆောက်လုပ်နေစဉ်တွင် အလုပ်သမားများကို နေထိုင်ရန် စီစဉ်ပေးခြင်း၊ လတ်တလော တွင် နေထိုင်စရာ စားစရာမျာကို အခမဲ့ပေးအပ်ခြင်း၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ လူမှုဖူလုံရေးဦးစီး ဌာနမှ လျော်ကြေးငွေအပြင် အလုပ်မှ လူမှုနစ်နာကြေးများ ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးမည်ဟူသော သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က အဆိုပါ ထုတ်ပြန် ချက်တွင် ထည့်သွင်းပြောကြားသည်။

ဘွိုင်လာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အများစုမှာ ရေနွေးပူလောင်မိသည့် ဒဏ်ရာနှင့် အဆောင်အအုံ ပြိုကျ၍ ပိမိသဖြင့် ဒဏ်ရာရရှိသူများဖြစ်ပြီး စမွတ်ပရာကန်ဆေးရုံနှင့် စူလာလောင်ကွန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်သည်။ အဆိုပါ ဆေးရုံပေါက်ကွဲမှုမှာ သြဂုတ် ၁၇ ရက် နံနက် ငါးနာရီခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment