Tuesday 19 August 2014

ISIS အဖွဲ့ သိမ်းယူ ထားသော မိုဆူးလ် ဆည်ကို ကာ့ဒ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းယူ

Photo: ISIS အဖွဲ့ သိမ်းယူ ထားသော မိုဆူးလ် ဆည်ကို ကာ့ဒ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းယူ
Tuesday, August 19, 2014

အစ္စလာမ်မစ် စစ်သွေးကြွများဖြစ်သည့် ISIS အဖွဲ့မှ သိမ်းယူထားသော အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးဆုံးဆည်ကြီးကို ကာ့ဒ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကာ့ဒ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ မိုဆူးလ်ဆည်ကြီးကို ပြန်လည်သိမ်းယူ နိုင်ရန်အတွက် ကာ့ဒ်မြေပြင်တပ်ဖွဲ့ ဝင်များသည် အမေရိကန်၏ လေကြောင်းပစ်ကူဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြေပြင်တပ်ဖွဲ့ဝင်များသည် အဆိုပါဆည်ကြီးကို ပြန်လည်သိမ်းယူရာတွင် မိုင်းများနှင့် ထောင်ချောက်များကို နာရီပေါင်းများစွာ ရှင်းလင်းခဲ့ရကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။ ISIS အဖွဲ့သည် မဟာဗျူဟာအရ အရေးပါသော အဆိုပါဆည်ကြီးကို သြဂုတ် ၇ ရက်က သိမ်းယူခဲ့ကြခြင်း ဖြစ်သည်။ ၎င်းဆည်ကြီး သည် အီရတ်နိုင်ငံမြောက်ပိုင်း တစ်ဝန်းလုံးကို လျှပ်စစ်နှင့်ရေ ထောက်ပံ့ပေးနေသည့် အဓိကဆည်ကြီး ဖြစ်သည့်အပြင် စစ်သွေးကြွများသည် ဆည်ကြီးကိုဖျက်ကာ အဆိုပါ ဒေသအား ရေလွှမ်းမိုးအောင် လုပ်ဆောင်နိုင်ဖွယ် ရှိခြင်းကြောင့် ပြန်လည်သိမ်းယူရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အစ္စလာမ်မစ် စစ်သွေးကြွများဖြစ်သည့် ISIS အဖွဲ့မှ သိမ်းယူထားသော အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးဆုံးဆည်ကြီးကို ကာ့ဒ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကာ့ဒ်တပ်ဖွဲ့ တာဝန် ရှိသူ များက ပြောကြားခဲ့သည်။ အဆိုပါ မိုဆူးလ်ဆည်ကြီးကို ပြန်လည်သိမ်းယူ နိုင်ရန်အတွက် ကာ့ဒ်မြေပြင် တပ်ဖွဲ့ ဝင်များသည် အမေရိကန်၏ လေကြောင်းပစ်ကူဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မြေပြင်တပ်ဖွဲ့ဝင်များသည် အဆိုပါဆည်ကြီးကို ပြန်လည်သိမ်းယူရာတွင် မိုင်း များနှင့် ထောင်ေ ချာက် များကို နာရီပေါင်းများစွာ ရှင်းလင်းခဲ့ရကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။ ISIS အဖွဲ့ သည် မဟာဗျူဟာအရ အရေးပါသော အဆိုပါဆည်ကြီးကို သြဂုတ် ၇ ရက်က သိမ်းယူခဲ့ကြခြင်း ဖြစ်သည်။ ၎င်းဆည်ကြီးသည် အီရတ်နိုင်ငံမြောက်ပိုင်း တစ်ဝန်းလုံးကို လျှပ်စစ်နှင့်ရေ ထောက်ပံ့ပေးနေသည့် အဓိက ဆည်ကြီး ဖြစ်သည့်အပြင် စစ်သွေးကြွများသည် ဆည်ကြီးကိုဖျက်ကာ အဆိုပါ ဒေသအား ရေ လွှမ်းမိုးအောင် လုပ်ဆောင်နိုင်ဖွယ် ရှိခြင်းကြောင့် ပြန်လည်သိမ်းယူရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment