Tuesday 19 August 2014

ပူတာအိုနှင့် မချမ်းဘောရှိ စစ်ဘေးဒုက္ခသည်များ အထောက်အပံ့မရောက်သဖြင့် စားသောက်ရေးအခက်တွေ့နေ

Photo: ပူတာအိုနှင့် မချမ်းဘောရှိ စစ်ဘေးဒုက္ခသည်များ အထောက်အပံ့မရောက်သဖြင့် စားသောက်ရေးအခက်တွေ့နေ
Tuesday, August 19, 2014

ပူတာအိုနှင့် မချမ်း ဘောဒေသရှိ စစ်ဘေးဒုက္ခသည် များအား ထောက်ပံ့ငွေ မလောက် ၍  စားသောက်ရေးအခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ယမန်နှစ် ဩဂုတ်လကုန် ပိုင်းက အင်ခါဂါးတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် အင်ခါဂါး၊ အင်ဖီယာန်၊ ဖာကန်ယန်နှင့် ဂနောင်ယန်ကျေးရွာများမှ စစ် ဘေးဒုက္ခသည် ၁၅၀ ကျော်သည် ပူတာ အိုနှင့် မချမ်းဘောမြို့များသို့ ထွက် ပြေးတိမ်းရှောင်လာခဲ့ပြီး ယခုအထိ နေရပ်မပြန်နိုင်ကြသေးပေ။

‘‘ဒီမှာ အဓိကအခက်ဆုံးက အစားအသောက်ပဲ။ အစိုးရက လည်း ပူတာအိုမှာ ဒုက္ခသည်မရှိ ဘူးဆိုပြီး မကူညီဘူး’’ဟု အင်ခါ ဂါးမှ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ် သူ ဒေါ်နန်ထိန်က ပြောသည်။

ပူတာအိုမှ ဒုက္ခသည်များကို အစိုးရက တရားဝင်စစ်ဘေးဒုက္ခ သည်အဖြစ် မသတ်မှတ်သည့်အပြင် ကူညီထောက်ပံ့ခြင်းမရှိ၍ ပူတာအိုခရိုင်နှစ်ခြင်းအသင်းတော် က အစားအသောက်များကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပူတာအိုမှ ဘာသာရေးဆရာတစ် ဦးက ပြောသည်။

‘‘တကယ်လည်း အင်ခါဂါး မှာ တိုက်ပွဲဖြစ်သွားတာပဲ။ သူတို့ လူတွေလည်း ဒီတိုက်ပွဲမှာသေပြီ။ အခုကတိုက်ပွဲမရှိလို့ စစ်ဘေးဒုက္ခသည်မရှိဘူးလို့ ပြန်ပြောတယ်။ ဘာလို့လဲတော့ မသိဘူး’’ ဟု မချမ်းဘော ကချင်နှစ်ခြင်းအသင်းတော် မှ ဦးတူးဆိုင်းက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များကို ဒေသရှိလွှတ်တော်အမတ်များမှ တစ်ဆင့် ပုံမှန်ကူညီနေကြောင်း ကချင်ပြည်နယ်ပညာရေးနှင့် လူ မှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

‘‘ဒီဘက်မှာရှိတဲ့ IDP တွေနဲ့ အတူတူပဲ။ ဒီဘက်ကိုပေးရင် ပူတာအို IDP တွေကိုလည်း ခွဲ တမ်းအမြဲတမ်းပေးတယ်’’ဟု လူမှုရေးဝန်ကြီးက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များ သည် ၎င်းတို့မူလနေရပ်တွင် ယခု အထိ တပ်ရင်းများတပ်စွဲထားဆဲ ဖြစ်ပြီး ကေအိုင်အေစစ်စခန်းနှင့် နီးကပ်၍အိမ်မပြန်ရဲသေးကြောင်းဒုက္ခသည်များက ပြောသည်။

7Day DAILY 

မချမ်းဘောမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ(ဓာတ်ပုံ − မရန်)
မချမ်းဘောမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ(ဓာတ်ပုံ − မရန်)
ပူတာအိုနှင့် မချမ်း ဘောဒေသရှိ စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ငွေ မလောက် ၍  စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ် ဩဂုတ်လကုန် ပိုင်းက အင်ခါဂါးတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အင်ခါဂါး၊ အင်ဖီယာန်၊ ဖာကန်ယန်နှင့် ဂနောင်ယန်ကျေးရွာများမှ စစ် ဘေးဒုက္ခသည် ၁၅၀ ကျော်သည် ပူတာ အိုနှင့် မချမ်းဘောမြို့များသို့ ထွက် ပြေးတိမ်းရှောင်လာခဲ့ပြီး ယခုအထိ နေရပ်မပြန်နိုင်ကြသေးပေ။

‘‘ဒီမှာ အဓိကအခက်ဆုံးက အစားအသောက်ပဲ။ အစိုးရက လည်း ပူတာအိုမှာ ဒုက္ခသည်မရှိ ဘူးဆိုပြီး မကူညီဘူး’’ ဟု အင်ခါ ဂါးမှ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ် သူ ဒေါ်နန်ထိန်က ပြောသည်။

ပူတာအိုမှ ဒုက္ခသည်များကို အစိုးရက တရားဝင်စစ်ဘေးဒုက္ခ သည်အဖြစ် မသတ်မှတ်သည့်အပြင် ကူညီထောက်ပံ့ခြင်း မရှိ၍ ပူတာအိုခရိုင်နှစ်ခြင်းအသင်းတော် က အစားအသောက်များကူညီ ထောက်ပံ့ပေး လျက် ရှိကြောင်း ပူတာအိုမှ ဘာသာရေးဆရာတစ် ဦးက ပြောသည်။

‘‘တကယ်လည်း အင်ခါဂါးမှာ တိုက်ပွဲဖြစ်သွားတာပဲ။ သူတို့ လူတွေလည်း ဒီတိုက်ပွဲမှာသေပြီ။ အခုက တိုက်ပွဲမရှိလို့ စစ်ဘေးဒုက္ခသည်မရှိဘူးလို့ ပြန်ပြောတယ်။ ဘာလို့လဲတော့ မသိဘူး’’ ဟု မချမ်းဘော ကချင်နှစ်ခြင်းအသင်းတော် မှ ဦးတူးဆိုင်းက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များကို ဒေသရှိလွှတ်တော်အမတ်များမှ တစ်ဆင့် ပုံမှန်ကူညီနေကြောင်း ကချင်ပြည် နယ် ပညာရေးနှင့် လူ မှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

‘‘ဒီဘက်မှာရှိတဲ့ IDP တွေနဲ့ အတူတူပဲ။ ဒီဘက်ကိုပေးရင် ပူတာအို IDP တွေကိုလည်း ခွဲ တမ်းအမြဲ တမ်းပေး တယ်’’ဟု လူမှုရေးဝန်ကြီးက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များ သည် ၎င်းတို့မူလနေရပ်တွင် ယခု အထိ တပ်ရင်းများတပ်စွဲ ထားဆဲ ဖြစ်ပြီး ကေ အိုင်အေ စစ်စခန်းနှင့် နီးကပ်၍အိမ်မပြန်ရဲသေးကြောင်းဒုက္ခသည်များက ပြောသည်။

7Day DAILY

No comments:

Post a Comment