Tuesday 19 August 2014

ပြင်သစ် နိုင်ငံတွင် ဆော်ဒီ မင်းသား လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက် ခံရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အပြင်ဘက်တွင် သြဂုတ် ၁၈ရက်က ဆော်ဒီမင်းသား တစ်ဦး လိုက်ပါလာသည့် ယာဉ် တန်းကို သေနတ်သမားများ တိုက်ခိုက်ခဲ့ပြီး ယူရို ၂၅ဝဝဝဝ ခန့်နှင့် အရေးကြီးသော စာရွက်စာတမ်း များကို လုယူ သွားခဲ့ကြောင်း သတင်းဌာန တစ်ခုမှ ထုတ်ပြန်ခဲ့သည်။
ဖြစ်ပွားပုံမှာ အဆိုပါ ယာဉ်တန်းသည် ဆော်ဒီသံရုံးမှ လီဘောဂတ်မြို့ရှိ လေဆိပ် တစ်ခုသို့ ထွက်ခွာလာရင်း မှ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများကို အာဏာပိုင်များက ဆက်လက် လုပ်ဆောင် လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment