Tuesday 19 August 2014

အူရီးဒူးဆင်းမ်ကတ်ထွက်သော်လည်း အမ်ပီတီကတ်များ အရောင်းအ၀ယ်ဖြစ်ဆဲ

 Photo: အူရီးဒူးဆင်းမ်ကတ်ထွက်သော်လည်း အမ်ပီတီကတ်များ အရောင်းအ၀ယ်ဖြစ်ဆဲ
Tuesday, August 19, 2014

၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များကို အူရီးဒူးမြန်မာ ကုမ္ပဏီက သြဂုတ်လဆန်းပိုင်းမှ စတင်ရောင်းချပေးခဲ့သော်လည်း ယခင်က ရောင်းချပေးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ဝယ်ယူမှုများရှိနေဆဲဖြစ် ပြီး ယခင်ပေါက်ဈေးများထက် အနည်းငယ်လျော့ကျသွား ကြောင်း စုံစမ်းသိရသည်။

‘‘MPT ဖုန်းတွေက GSM ရော WCDMA ရော ရောင်းနေရတုန်း ပဲ။ လာရောင်းတဲ့ သူရှိရင်တော့ သုံးသောင်းခွဲနဲ့ ၀ယ်တယ်။ ပြန် ရောင်းရင်တော့ လေးသောင်းလောက်နဲ့ ပြန်ရောင်းတယ်၊ CDMA တွေလည်း လေးသောင်းလောက်ပေါက်တယ်။ နယ်ဘက်တွေကအ၀ယ်လိုက်နေတုန်းပဲ။ ဒါပေမဲ့ MPT ဖုန်းတွေက ပြန်ရောင်းတဲ့ သူက ရှားသွားပြီ’’ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင် ကိုတင်ဝင်းလှိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမို ဘိုင်းဆင်းမ်ကတ်များမှာ လစဉ်မဲ စနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ပင်စင်စားဝန်ထမ်းများအတွက် ချ ထားပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ရောင်းချသူများရှိခြင်းကြောင့် လက်ရှိတိုင် အရောင်းအ၀ယ်ရှိနေဆဲဖြစ်ပြီး ယခင်က GSM နှင့် WCDMA ဖုန်းများ ကျပ်ကိုးသောင်းဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

လက်ရှိအကန့်အသတ်မရှိ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များမှာ ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များတွင် လိုင်း မမိခြင်းများကြောင့် ယခင်က ထက်လာရောက်ဝယ်ယူမှုလျော့ကျသွားကြောင်း သိရှိရသည်။

‘‘အူရီးဒူးဖုန်းစစရောင်းခါစ ကဆို တစ်ရက်ကို ကတ်က ၃၀၀၊ ၄၀၀ လောက်ရောင်းရတယ်၊ အခုဆိုလာကို မမေးကြတော့ဘူး။ လိုင်းမိတဲ့ မြို့နယ်တွေလောက်ပဲ ၀ယ်ကြတော့တယ်’’ဟု မိုဘိုင်း ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အူရီးဒူးဆင်းမ်ကတ်များကို  ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း မြို့နယ်တိုင်း၌ လိုင်း မမိခြင်း၊ အင်တာနက်သုံးစွဲခကျသင့်မှုပိုမိုများပြားခြင်း၊ မိုဘိုင်း ဖုန်းခေါ်ဆိုခ ၂၅ ကျပ်သာ ကျသင့်သော်လည်း မက်ဆေ့ခ်ျပို့ခြင်းနှုန်း ထားမှာလည်း ဆက်သွယ်ရေးနှုန်း ထားနှင့် တူညီခြင်းတို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးထားသည့် မိုဘိုင်းဖုန်းများကိုသာ သုံးစွဲမှုများပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ဓာတ်ပုံ - နစ်ကီ
ဓာတ်ပုံ - နစ်ကီ
၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များကို အူရီးဒူးမြန်မာ ကုမ္ပဏီက သြဂုတ်လဆန်းပိုင်းမှ စတင်ရောင်း ချပေးခဲ့သော်လည်း ယခင်က ရောင်းချပေးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ်များ ကို လာရောက်ဝယ်ယူမှုများရှိနေဆဲဖြစ်ပြီး ယခင်ပေါက်ဈေးများထက် အနည်းငယ်လျော့ကျ သွား ကြောင်း စုံစမ်း သိရသည်။
‘‘MPT ဖုန်းတွေက GSM ရော WCDMA ရော ရောင်းနေရတုန်းပဲ။ လာရောင်းတဲ့ သူရှိရင်တော့ သုံးသောင်း ခွဲနဲ့ ၀ယ်တယ်။ ပြန် ရောင်းရင်တော့ လေးသောင်းလောက်နဲ့ ပြန်ရောင်းတယ်၊ CDMA တွေလည်း လေးေ သာင်းလောက်ပေါက်တယ်။ နယ်ဘက်တွေကအ၀ယ်လိုက်နေတုန်းပဲ။ ဒါပေမဲ့ MPT ဖုန်းတွေ က ပြန်ရောင်း တဲ့ သူက ရှားသွားပြီ’’ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင် ကိုတင်ဝင်းလှိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမို ဘိုင်းဆင်းမ်ကတ်များမှာ လစဉ်မဲ စနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ပင်စင်စားဝန်ထမ်း များအတွက် ချထားပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ရောင်းချသူများရှိခြင်းကြောင့် လက်ရှိ တိုင်အရောင်းအ၀ယ်ရှိနေဆဲဖြစ်ပြီး ယခင်က GSM နှင့် WCDMA ဖုန်းများ ကျပ်ကိုးသောင်း ၀န်း ကျင် ဈေးပေါက်ကြောင်း သိရသည်။

လက်ရှိအကန့်အသတ်မရှိ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များမှာ ရန်ကုန်မြို့ရှိ အချို့သော မြို့နယ် များတွင် လိုင်း မမိခြင်းများကြောင့် ယခင်က ထက်လာရောက်ဝယ်ယူမှုလျော့ကျသွားကြောင်း သိရှိရ သည်။

‘‘အူရီးဒူးဖုန်းစစရောင်းခါစ ကဆို တစ်ရက်ကို ကတ်က ၃၀၀၊ ၄၀၀ လောက်ရောင်းရတယ်၊ အခုဆိုလာကို မမေးကြတော့ဘူး။ လိုင်းမိတဲ့ မြို့နယ်တွေလောက်ပဲ ၀ယ်ကြတော့တယ်’’ဟု မိုဘိုင်း ဖုန်းဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

အူရီးဒူးဆင်းမ်ကတ်များကို  ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း မြို့နယ်တိုင်း၌ လိုင်း မမိခြင်း၊ အင်တာနက်သုံးစွဲခကျသင့်မှုပိုမိုများပြားခြင်း၊ မိုဘိုင်း ဖုန်းခေါ်ဆိုခ ၂၅ ကျပ်သာ ကျသင့်သော်လည်း မက်ဆေ့ခ်ျပို့ခြင်းနှုန်း ထားမှာလည်း ဆက်သွယ်ရေးနှုန်းထားနှင့် တူညီခြင်းတို့ကြောင့် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးထားသည့် မိုဘိုင်းဖုန်းများကိုသာ သုံးစွဲမှုများပြားနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment