Tuesday 19 August 2014

ယာဉ်မတော်တဆမှုကြောင့် ခရီးသည်သေဆုံးပါက ယာဉ်လိုင်းပိတ်သိမ်းသည် အထိ အရေးယူသွားမည်

Photo: ယာဉ်မတော်တဆမှုကြောင့် ခရီးသည်သေဆုံးပါက ယာဉ်လိုင်းပိတ်သိမ်းသည် အထိ အရေးယူသွားမည်
Tuesday, August 19, 2014

အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်သေဆုံးသည်အထိ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြစ်စဉ်ပေါ်မူတည်ကာ ယာဉ်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အရင်က ခရီးသည် ဘယ်နှစ်ဦးသေဆုံးမှဆိုတဲ့ သတ်မှတ်ချက်နဲ့ ယာဉ်လိုင်း၊ ယာဉ်ကို ပိတ်သိမ်းတဲ့ မူပုံစံကို ချမှတ်ထားပေမယ့် အခုတော့ ခရီးသည်တစ်ဦးဖြစ်ဖြစ် ဘယ်နှစ်ဦးဖြစ်ဖြစ် သေဆုံးသည် အထိ ပေါ့လျော့အောင် မောင်းနှင်တဲ့အတွက် ယာဉ်လိုင်းကို ပိတ်သိမ်းမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို သြဂုတ်လ ပထမအပတ်က နေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 
သြဂုတ်လ ၁၅ ရက်က တိုင်းအတွင်းရှိ ယာဉ်အသင်း ၃၄၀ ကျော်ကို မန္တလေးတိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနက အသိပေးညွှန်ကြားထားပြီးဖြစ်ရာ မန္တလေးမြို့အခြေစိုက်ယာဉ် အသင်း၊ မန္တလေးတိုင်း အခြေစိုက်၊ အခြားတိုင်းနှင့် ပြည်နယ် အခြေစိုက် ယာဉ်အသင်းအားလုံး ဤသတ်မှတ်ချက်တွင် အကျုံးဝင်မည်ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ခရီးသည် သေဆုံးရခြင်းမှာ ယာဉ်မောင်း၏ ပေါ့ဆမှု မဟုတ်ဘဲ အခြားယာဉ်ကြောင့် ဖြစ်ပွားခြင်း၊ ယာဉ်နှင့် ယာဉ်မောင်း အမှားမရှိသည့် ယာဉ်တိုက်မှုများအပေါ် မူတည်၍ အရေးယူသွားမည်ဖြစ်သည်။

သြဂုတ်လ ဒုတိယပတ်က မန္တလေး-မေမြို့ခရီးစဉ်ကို ပြေးဆွဲနေသည့် အများပိုင်ယာဉ်အသင်း တစ်သင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ခရီးသည် တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ရာ ၎င်းယာဉ်ကို မောင်းနှင်သူသည် ယာဉ်မောင်းလိုင်စင် မရှိသူဖြစ်ကြောင်း ကော်မတီက စစ်ဆေးတွေ့ရှိရသည်။

သို့သော် အသင်းသည် အများပိုင်အသင်းဖြစ်နေသောကြောင့် ယာဉ်မောင်းကို ဥပဒေအရ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ယာဉ်ကိုလည်း ပြေးဆွဲခွင့် တစ်နှစ်ပိတ်သိမ်းသည်ထိ အရေးယူထားသည်။

“ကိုယ်က မမှားဘဲ သူများက လာတိုက်တာဆိုရင်တော့ လူမှုရေးအရ တစ်မျိုးစဉ်းစားရမှာပေါ့။ အခုက အငှားလိုင်စင် မရှိတောင် ရိုးရိုးယာဉ်မောင်းလိုင်စင်လောက်တော့ အဝေးပြေးအသင်းမှာ မောင်းမယ့် ယာဉ်မောင်းတစ်ယောက်က ရှိထားသင့်တယ်။ ဒါတွေကိုလည်း အခုအဖွဲ့ နှစ်ဖွဲ့ခွဲပြီး သေချာကြပ်မတ် စစ်ဆေးနေပါပြီ”ဟု အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ် ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆယ်စုနှစ်အတွင်း ခရီးသည်သေဆုံး၍ ယာဉ်လိုင်းပိတ်သိမ်းအရေးယူခြင်းသည် မရှိခဲ့ဖူးဘဲ ပြီးခဲ့သည့် ဧပြီလက ရာဇာမင်းယာဉ်လိုင်းက နေပြည်တော်မှ ရန်ကုန်ခရီးစဉ်တွင် ခရီးသည် ၁၄ ဦးအထိ သေဆုံးခဲ့ သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အဆိုပါယာဉ်လိုင်းကို နေပြည်တော်-ရန်ကုန်ခရီးစဉ် ပြေးဆွဲခွင့် ရာသက်ပန် ပိတ်သိမ်းခဲ့သည်။

Mizzima - News in Burmese 

ရန်ကုန်-မန္တလေး အမြန်လမ်း ဓာတ်ပုံ - မဇ္ဈိမ
ရန်ကုန်-မန္တလေး အမြန်လမ်း ဓာတ်ပုံ - မဇ္ဈိမ
အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်သေဆုံးသည်အထိ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြစ်စဉ်ပေါ် မူတည်ကာ ယာဉ်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အရင်က ခရီးသည် ဘယ်နှစ်ဦးသေဆုံးမှဆိုတဲ့ သတ်မှတ်ချက်နဲ့ ယာဉ်လိုင်း၊ ယာဉ်ကို ပိတ်သိမ်းတဲ့ မူပုံစံကို ချမှတ်ထားပေမယ့် အခုတော့ ခရီးသည်တစ်ဦးဖြစ်ဖြစ် ဘယ်နှစ်ဦးဖြစ်ဖြစ် သေဆုံးသည် အထိ ပေါ့လျော့အောင် မောင်းနှင်တဲ့အတွက် ယာဉ်လိုင်းကို ပိတ်သိမ်းမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို သြဂုတ်လ ပထမအပတ်က နေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သြဂုတ်လ ၁၅ ရက်က တိုင်းအတွင်းရှိ ယာဉ်အသင်း ၃၄၀ ကျော်ကို မန္တလေးတိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနက အသိပေးညွှန်ကြားထားပြီးဖြစ်ရာ မန္တလေးမြို့အခြေစိုက်ယာဉ် အသင်း၊ မန္တလေးတိုင်း အခြေစိုက်၊ အခြားတိုင်းနှင့် ပြည်နယ် အခြေစိုက် ယာဉ်အသင်းအားလုံး ဤသတ် မှတ်ချက်တွင် အကျုံးဝင်မည်ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ခရီးသည် သေဆုံးရခြင်းမှာ ယာဉ်မောင်း၏ ပေါ့ဆမှု မဟုတ်ဘဲ အခြား ယာဉ်ကြောင့် ဖြစ်ပွားခြင်း၊ ယာဉ်နှင့် ယာဉ်မောင်း အမှားမရှိသည့် ယာဉ်တိုက်မှုများအပေါ် မူတည်၍ အရေးယူ သွားမည်ဖြစ်သည်။

သြဂုတ်လ ဒုတိယပတ်က မန္တလေး-မေမြို့ခရီးစဉ်ကို ပြေးဆွဲနေသည့် အများပိုင်ယာဉ်အသင်း တစ် သင်း ဖြစ် ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ခရီးသည် တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ရာ ၎င်းယာဉ် ကို မောင်းနှင်သူသည် ယာဉ်မောင်းလိုင်စင် မရှိသူဖြစ်ကြောင်း ကော်မတီက စစ်ဆေးတွေ့ရှိရသည်။

သို့သော် အသင်းသည် အများပိုင်အသင်းဖြစ်နေသောကြောင့် ယာဉ်မောင်းကို ဥပဒေအရ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ယာဉ်ကိုလည်း ပြေးဆွဲခွင့် တစ်နှစ်ပိတ်သိမ်းသည်ထိ အရေးယူထားသည်။

“ကိုယ်က မမှားဘဲ သူများက လာတိုက်တာဆိုရင်တော့ လူမှုရေးအရ တစ်မျိုးစဉ်းစားရမှာပေါ့။ အခုက အငှားလိုင်စင် မရှိတောင် ရိုးရိုးယာဉ်မောင်းလိုင်စင်လောက်တော့ အဝေးပြေးအသင်းမှာ မောင်းမယ့် ယာဉ်မောင်းတစ်ယောက်က ရှိထားသင့်တယ်။ ဒါတွေကိုလည်း အခုအဖွဲ့ နှစ်ဖွဲ့ခွဲပြီး သေချာကြပ်မတ် စစ်ဆေးနေပါပြီ”ဟု အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ် ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆယ်စုနှစ်အတွင်း ခရီးသည်သေဆုံး၍ ယာဉ်လိုင်းပိတ်သိမ်းအရေးယူခြင်းသည် မရှိခဲ့ဖူးဘဲ ပြီးခဲ့သည့် ဧပြီလက ရာဇာမင်းယာဉ်လိုင်းက နေပြည်တော်မှ ရန်ကုန်ခရီးစဉ်တွင် ခရီးသည် ၁၄ ဦးအထိ သေဆုံးခဲ့ သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အဆိုပါယာဉ်လိုင်းကို နေပြည်တော်-ရန်ကုန်ခရီးစဉ် ပြေးဆွဲခွင့် ရာသက်ပန် ပိတ်သိမ်းခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment