Tuesday 19 August 2014

ဖက်ဒရယ်ကို စာချုပ်ထဲမှာ မဟုတ်ဘဲ လက်တွေ့ဖြစ်ရန် နိုင်ငံရေးပါတီများ အစိုးရသို့ တိုက်တွန်း

Photo: ဖက်ဒရယ်ကို စာချုပ်ထဲမှာ မဟုတ်ဘဲ လက်တွေ့ဖြစ်ရန် နိုင်ငံရေးပါတီများ အစိုးရသို့ တိုက်တွန်း
Tuesday, August 19, 2014

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို စာချုပ်ထဲမှာသာမဟုတ် လက်တွေ့အကောင် အထည်ဖော်ဖို့ နိုင်ငံရေးအင်အားစုပါတီများက သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရကို တိုက်တွန်းလိုက်သည်။

လက်နက်ကိုင် တိုင်းရင်းသားများနှင့် ဆွေးနွေးမှု သုံးရက်မြောက်နေ့တွင် အစိုးရ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)  နှင့် နိုင်ငံရေးပါတီ ၃၄ ခုတို့ တွေ့ဆုံကြပြီး နိုင်ငံရေးအင်အားစုများက ထိုသို့တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“ဖက်ဒရယ်လို့ ပြောပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ရုံနဲ့ ဖက်ဒရယ် မဟုတ်ပါဘူး။ အာဏာကို ပြည်ထောင်စုနဲ့ ပြည်နယ် ဘယ်လိုခွဲဝေမလဲဆိုတာက ပဓာနကျတယ်။ ဒါကြောင့် ဖက်ဒရယ်ကို မူအားဖြင့်သာမဟုတ်ဘဲ ဖက်ဒရယ်ရဲ့အခြေခံကျတဲ့ အချက်တွေကို အရင်ဆွေးနွေးဖို့ လိုပါတယ်”ဟု ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် “ဖက်ဒရယ်လို့ ပြောပြီး ဗဟိုက နည်းမျိုးစုံနဲ့ ချုပ်ကိုင်နေသေးတယ်ဆိုရင်တော့ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုပါ အဟန့်အတားဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(MPWC) ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးအင်အားစုပါတီများသည် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များကို အကြံပေးခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဗဟိုကော်မတီဝင် ဦးဉဏ်ဝင်းက “ဖက်ဒရယ်ဆိုတာ အစိုးရက ပေးလို့ တိုင်းရင်းသားတွေရတာမျိုး မဖြစ်သင့်ဘူး၊ ဖက်ဒရယ်ဆိုတာ ဘယ်လိုပုံစံမျိုးဆိုတာ အသေးစိတ်ဆွေးနွေးပြီး တိတိကျကျပုံစံပြောင်းလဲဖို့ လိုပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များကို အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ဖက်ဒရယ်စနစ်ကိုလည်း နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာမယ့် ရလဒ်တွေအရ တည်ဆောက်သွားနိုင်ဖို့ ကျွန်တော်တို့ သဘောတူနိုင်ခဲ့ပါပြီ”ဟု ထည့်သွင်းပြောကြားခဲ့သည်။

Mizzima - News in Burmese
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို စာချုပ်ထဲမှာသာမဟုတ် လက်တွေ့အကောင် အထည်ဖော်ဖို့ နိုင်ငံရေး အင် အားစု ပါတီများက သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရကို တိုက်တွန်းလိုက်သည်။
လက်နက်ကိုင် တိုင်းရင်းသားများနှင့် ဆွေးနွေးမှု သုံးရက်မြောက်နေ့တွင် အစိုးရ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)  နှင့် နိုင်ငံရေးပါတီ ၃၄ ခုတို့ တွေ့ဆုံကြပြီး နိုင်ငံရေးအင်အားစုများက ထိုသို့တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“ဖက်ဒရယ်လို့ ပြောပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ရုံနဲ့ ဖက်ဒရယ် မဟုတ်ပါဘူး။ အာဏာ ကို ပြည်ထော င်စုနဲ့ ပြည်နယ် ဘယ်လိုခွဲဝေမလဲဆိုတာက ပဓာနကျတယ်။ ဒါကြောင့် ဖက်ဒရယ်ကို မူအားဖြင့်သာ မဟုတ် ဘဲ ဖက်ဒရယ်ရဲ့အခြေခံကျတဲ့ အချက်တွေကို အရင်ဆွေးနွေးဖို့ လိုပါတယ်”ဟု ရခိုင်အမျိုးသား ပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် “ဖက်ဒရယ်လို့ ပြောပြီး ဗဟိုက နည်းမျိုးစုံနဲ့ ချုပ်ကိုင်နေသေးတယ်ဆိုရင်တော့ အပစ် ရပ်ရေး နဲ့ နိုင် ငံရေး ဆွေးနွေးပွဲတွေကိုပါ အဟန့်အတားဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(MPWC) ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှို င်းရေး အဖွဲ့ (NCCT) နှင့် နိုင်ငံရေးအင်အားစုပါတီများသည် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များကို အကြံပေးခြ င်းဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဗဟိုကော်မတီဝင် ဦးဉဏ်ဝင်းက “ဖက်ဒရယ်ဆိုတာ အစိုးရ က ပေးလို့ တိုင်းရင်းသားတွေရတာမျိုး မဖြစ်သင့်ဘူး၊ ဖက်ဒရယ်ဆိုတာ ဘယ်လိုပုံစံမျိုးဆိုတာ အသေး စိတ်ဆွေးနွေးပြီး တိတိကျကျပုံစံပြောင်းလဲဖို့ လိုပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များကို အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု ကော် မတီခေါင်းဆော င် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက “ဖက်ဒရယ်စနစ်ကိုလည်း နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ် လာမယ့် ရလဒ်တွေအရ တည်ဆောက်သွားနိုင်ဖို့ ကျွန်တော်တို့ သဘောတူနိုင်ခဲ့ပါပြီ”ဟု ထည့်သွင်းပြော ကြား ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment