Tuesday 19 August 2014

"ရင်ခုန်ဖော်ရင်ခုန်ဘက်" ဒုတိယစီးရီး စီစဉ်နေသည့် ပူစူး

Photo: "ရင်ခုန်ဖော်ရင်ခုန်ဘက်" ဒုတိယစီးရီး စီစဉ်နေသည့် ပူစူး
Tuesday, August 19, 2014

သီချင်းအေးအေးများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် အဆိုတော် ပူစူးက ၎င်း၏ ဒုတိယ တစ်ကိုယ်တော် ဖြစ်သည့်"ရင်ခုန်ဖော် ရင်ခုန်ဘက်"ကို စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။

"ဘယ် ထုတ်လုပ်ရေးက ထွက်ဖြစ်မယ် မသိသေးပါဘူး။ အရင်သီချင်းတွေ ထဲကနေပြီး ခွဲထွက်မှာပါ" ဟု၎င်းကပြောသည်။

အဆိုပါ ရင်ခုန်ဖော်ရင်ခုန်ဘက် အယ်ဘမ်အတွက် သီချင်း(၁ဝ)ပုဒ် ပြီးစီးပြီ ဖြစ်ပြီး ၁၂ပုဒ် ပါဝင်မည်ဖြစ်ကာ အော်ဒီယို အဖြစ် ထွက်ရှိမည်ဖြစ်သည်။

ယင်း အယ်ဘမ်တွင် ပေါ့ပ်သီချင်းပုံစံ များအပြင် ၎င်းသီဆိုနေကျ သီချင်းပုံစံထက် ကွဲလွဲသည့် တေးဂီတများလည်း ပါဝင်မည်ဖြစ်ကာအဆိုတော် ပူစူးရေးသား ထားသည့် သီချင်း ခုနစ်ပုဒ် အပြင် နန္ဒ ၊သုအောင် နှင့်ခိုင်မြဲ တို့၏ တေးသီချင်းများလည်း ပါဝင်မည်ဖြစ်သည်။

"ရင်ခုန်ဖော်ရင်ခုန်ဘက်" စီးရီးခေါင်းစဉ် သီချင်းကို စုံတွဲ သီချင်းပုံစံ အဖြစ် Lဆိုင်းဇီနှင့် တွဲဖက်သီဆို မည်ဖြစ်သည်။ ယင်း အယ်ဘမ် ကို ဒီဇင်ဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး Immortal Band ဖြင့် တီးခတ် ထားကာImmortal Studio တွင် အသံသွင်း ထားသည်။

အဆိုတော် ပူစူးသည် ၂ဝဝ၄ ခုနှစ်က စတင်ပြီး ဂီတလောက ထဲကို စတင် ဝင်ရောက် ခဲ့ပြီး "နေချင်တာမင်းအနား"သီချင်းဖြင့်ပရိသတ် သိရှိ ခဲ့ကာ"တစ်မိုးအောက် "အယ်ဘမ်ကို ၂ဝဝ၅ခုနှစ်တွင် ထွက်ရှိခဲ့သည်။

Mizzima - News in Burmese
သီချင်းအေးအေးများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် အဆိုတော်ပူစူးက ၎င်း၏ ဒုတိယတစ် ကိုယ်တော် ဖြစ် သည့်"ရင်ခုန်ဖော် ရင်ခုန်ဘက်"ကို စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။
"ဘယ် ထုတ်လုပ်ရေးက ထွက်ဖြစ်မယ် မသိသေးပါဘူး။ အရင်သီချင်းတွေ ထဲကနေပြီး ခွဲထွက်မှာပါ" ဟု၎င်းကပြောသည်။

အဆိုပါ ရင်ခုန်ဖော်ရင်ခုန်ဘက် အယ်ဘမ်အတွက် သီချင်း(၁ဝ)ပုဒ် ပြီးစီးပြီ ဖြစ်ပြီး ၁၂ပုဒ် ပါဝင်မည်ဖြစ် ကာ အော်ဒီယို အဖြစ် ထွက်ရှိမည်ဖြစ်သည်။

ယင်း အယ်ဘမ်တွင် ပေါ့ပ်သီချင်းပုံစံ များအပြင် ၎င်းသီဆိုနေကျ သီချင်းပုံစံထက် ကွဲလွဲသည့် တေးဂီတ များလည်း ပါဝင်မည်ဖြစ်ကာအဆိုတော် ပူစူးရေးသား ထားသည့် သီချင်း ခုနစ်ပုဒ် အပြင် နန္ဒ ၊သုအောင် နှင့် ခိုင်မြဲ တို့၏ တေးသီချင်းများလည်း ပါဝင်မည်ဖြစ်သည်။

"ရင်ခုန်ဖော်ရင်ခုန်ဘက်" စီးရီးခေါင်းစဉ် သီချင်းကို စုံတွဲ သီချင်းပုံစံ အဖြစ် Lဆိုင်းဇီနှင့် တွဲဖက်သီဆို မည်ဖြစ်သည်။ ယင်း အယ်ဘမ် ကို ဒီဇင်ဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး Immortal Band ဖြင့် တီးခတ် ထားကာImmortal Studio တွင် အသံသွင်း ထားသည်။

အဆိုတော် ပူစူးသည် ၂ဝဝ၄ ခုနှစ်က စတင်ပြီး ဂီတလောက ထဲကို စတင် ဝင်ရောက် ခဲ့ပြီး "နေချင်တာ မင်းအနား"သီချင်းဖြင့်ပရိသတ် သိရှိ ခဲ့ကာ"တစ်မိုးအောက် "အယ်ဘမ်ကို ၂ဝဝ၅ခုနှစ်တွင် ထွက်ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment