Tuesday 19 August 2014

တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများတွင် မုန့်အရောင်းဆိုင်များသို့ သတိပေးစည်းကမ်းချက်များထုတ်ပြန်

တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် သတ်မှတ်ထားသော မုန့်များရောင်း ချ ရန်နှင့် ဈေးဆိုင်များ လိုက်နာရန် စည်း ကမ်းချက်များ ထုတ်ပြန်သွားမည် ဟု တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
သရေစာများ အပါအ၀င် အ ချို့မုန့်များမှာ အခြားနိုင်ငံမှအသင့် ထုပ်ပိုးထားပြီး  ၀င်ရောက်လာမှု များလာကာ အချို့မုန့်များမှာ အရည်သွေးမီ သတ်မှတ်ချက်များ မပါဝင်သဖြင့် ကျောင်းမုန့်ဆိုင် များတွင် ရောင်းချခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

ကျောင်းကျန်းမာရေးအဖွဲ့ က စာသင်ကျောင်းများနှင့် ယင်း အနီးတစ်ဝိုက် မုန့်ဆိုင်များတွင် ရောင်းချနေသော မုန့်များမှ ရေ ခဲထုပ်၊ အချဉ်ထုပ်၊ အချိုရည် ဘူးစသည့် မုန့်များအပါအ၀င် ဆိုး ဆေးလွန်ကဲစွာ ပါဝင်နေသော မုန့်များ၊ အစိမ်းစားနိုင်သော အသားတုချောင်းများ၊ ဆေးပြား၊ စီးကရက်ပုံစံမုန့်များ၊ အာဟာရ ဖွံ့ဖြိုးမှုအတွက် အထောက်အကူ မပြုသော မုန့်ထုပ်များအပါအ ၀င် သက်တမ်းကုန်ဆုံးနေသော၊ ပေါက်ပြဲနေသော မုန့်ထုပ် များကို ကျောင်းမုန့်ဆိုင်များနှင့် အနီးပတ်ဝန်းကျင်ဆိုင်များတွင် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထား သည်။

ဈေးဆိုင်များတွင်လည်း အထုပ်အပိုးမပါသော မုန့်များကို အဖုံးဖုံးထားရန်၊ တစ်ခါသုံး လက် အိတ်များဖြင့် ကိုင်တွယ်ရန်၊ ဈေးဆိုင်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ဆောင်ရွက်ရန်၊ ဈေးရောင်းသူတွင် ကူးစက် တတ်သော ရောဂါ လက္ခဏာများရှိနေပါက ကျန်းမာရေးဌာနများတွင် စစ်ဆေးမှု ခံယူရန်စသည့် စည်းကမ်း သတ်မှတ်ချက်များကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန် မည်ဟု ထားဝယ်ကျောင်း ကျန်းမာ ရေးအဖွဲ့ တာဝန်ခံဆရာဝန်တစ် ဦးက ပြောသည်။

‘‘နှစ်တိုင်းကတော့ ကျောင်း ကျန်းမာရေးအနေနဲ့ ပညာပေး တွေ၊ စစ်ဆေးမှုတွေ ဆောင်ရွက် နေတာပါပဲ။ အခုက ထုပ်ပိုးပြီး သား မုန့်တွေကို ပြန်လည်ကြပ် မတ်ဆောင်ရွက်တာ။ မရောင်း သင့်တဲ့ မုန့်တွေကို သတ်မှတ်ပေး လိုက်တဲ့အပြင် ဈေးရောင်းသူအ တွက်ပါ စည်းကမ်းချက်တွေ ထုတ်ပြန်ထားတာပါ’’ ဟု တာ ၀န်ခံဆရာဝန်က ပြောသည်။

သတ်မှတ်ထားသည့် မုန့် များကို တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်မြို့ကြီးများ အပါအ၀င် ကျောင်းကျန်းမာရေး အဖွဲ့များရှိ သည့် ဒေသများရှိ ဈေးဆိုင်များ တွင် ဖြန့်ဝေပေးထားပြီး ကျန်ရှိ နေသော ဒေသများရှိ ကျောင်း များကို ယခုလအတွင်း ဖြန့်ဝေ ပေးသွားမည်ဟု ဆိုသည်။

ယခုနှစ် ကျန်းမာရေးဝန်ကြီး ဌာန၏ စာသင်ကျောင်း မုန့်ဈေး တန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း စီမံ ချက်အရ နေပြည်တော် လယ်ဝေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီး တို့ရှိ ကျောင်းမုန့်ဈေးတန်းများမှ အသင့်ထုပ်ပြီး အရောင်ပါသော မုန့်များကို ဈေးကွက်နမူနာ ကောက်ယူပြီး အစားအသောက် တွင်သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးပါဝင်မှု ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးထားကြောင်း သိရသည်။

တနင်္သာရီဒေသတွင် ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ ကျောင်း ကျန်း မာရေး အဖွဲ့များ အနေဖြင့် အသိပေးအကြံပြုခြင်း သာ ပြုလုပ်နိုင်ပြီး သတ်မှတ်ထား သည့် အချက်များကို လိုက်နာကြ စေရန်နှင့် တားမြစ်မှုများကို သက် ဆိုင်ရာ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များက ဆောင်ရွက် ရမည်ဟု တိုင်းဒေသကြီး ကျန်း မာရေးဦးစီးမှူးက ပြောသည်။

7Day DAILY

No comments:

Post a Comment