Thursday 19 June 2014

မူးယစ်ဆေးဝါးသုံးစွဲနေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ကာမိုင်းမြို့၊ မြစိမ်းရောင်ရပ်ကွက် အနောက်ဘက်ရှိ တော တန်းတွင် ဇွန်(၁၅)ရက် ညနေ(၄)နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး သုံးစွဲ နေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

`` အဲဒီတောထဲမှာ မူးယစ်ဆေးသုံးနေတာကြပါပြီ၊ အခုမှပဲ ဖမ်းမိတော့ တယ်၊ ကောင်းပါတယ်၊ မြို့လည်း သန့်သွားတာပေါ့၊ ဒါမှ မူးယစ်ဆေးဝါးသုံး တဲ့လူတွေ နောင်မလုပ်ရဲမှာ ´´ ဟု မြို့ခံ ဦးတူနန်က ပြောသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများတွင် KIA တပ်ဖွဲ့ဝင် တစ်ဦးပါရှိနေရာ ၄င်းမှ ဦးစီးဦးဆောင် လုပ်ပြီး မြို့ခံများအား စည်းရုံး ကာ မူးယစ်ဆေးဝါးလာရောက် သုံးစွဲနေခြင်းဖြစ်ကြောင်း သိရသည်။ 

`` KIA တပ်ဖွဲ့ဝင်တွေလည်းပါတယ်ဆိုတာ အစောကတည်း ကသတင်းရထားတာပါ၊ တကယ်တမ်း ဖမ်းမိတော့ တရားခံ တွေကိုစစ်လိုက်တော့ တပ်ဖွဲဝင်တစ်ဦးပါတယ်၊ သူအားကိုးနဲ့ကျန်တဲ့သူတွေကလည်း လာသုံးနေတာဖြစ်မယ်´´ ဟု ပူးပေါင်းအဖွဲ့မှ ဒုရဲအုပ် ဇော်သူလှိုင်က ပြောကြားသည်။ 

မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိတရားခံ (၁၂)ဦးတွင် ပါဝင်သော KIA တပ်ဖွဲ့ဝင်မှာ တပ်ကြပ်အဆင့်ရှိ ပန်းအောင် (၂၂)နှစ်(ဘ)ဦးပေါလူ၊ ကချင်၊ဇိုင်းဝါး၊ခရစ်ယာန်၊ဆိုင်းဖရာကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ကာမိုင်းမြို့နယ်ခွဲနေသူ ဖြစ်ပြီး KIA လက်အောက်ခံ လ၀ါးပါတိုက်နယ်ရုံးမှ ဖြစ်ကြောင်း သိရှိရသည်။ 

`` KIA အဖွဲ့က မူးယစ်ဆေးစွဲနေတဲ့ ဒေသခံတွေကို ဆေးဖြတ်ပေးမယ် ဆိုပြီး ခေါ်နေတာရှိတယ်၊ အခု သူ့တပ်ဖွဲ့ဝင် ကိုယ်တိုင် မူးယစ်ဆေးသုံးနေတော့ ဘယ်လိုလုပ်မလဲ၊ KIA အဖွဲ့ထဲမှာလဲ မူးယစ်ဆေးသုံးနေတဲ့ တပ်ဖွဲ့ဝင်တွေဘယ် လောက်များနေမလဲ စဉ်းစားသာကြည့်တော့၊ ဒေသခံတွေကို မူးယစ်ဆေးဝါးဖြတ်ပေး မယ်ဆိုပြီး ခေါ်နေမယ့်အစားသူတို့ တပ်ဖွဲ့ဝင်တွေကိုပဲ အရင်ဦးဆုံးဖြတ်ပေးပါအုန်း ´´ ဟု မြို့ခံတစ်ဦးက ပြောကြားသွားသည်။

credit to : အယ်နော်ဆိုင်း

No comments:

Post a Comment