Thursday 19 June 2014

မြေးဖြစ်သူ ဗန်ပါစီဂိုးသွင်းသည့် ပုံစံအတိုင်း အသက် ၉၃ နှစ်အရွယ် အဘိုး အောင်ပွဲခံ

စပိန်နှင့်ကစားခဲ့သော ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှ နယ်သာလန်အတွက် ချေပဂိုးသွင်းယူသည့် ဗန်ပါစီ၏ ပုံစံ အတိုင်း အသက် ၉၃ နှစ်အရွယ်အဘိုးဖြစ်သူက အောင်ပွဲခံခဲ့သည်။

နယ်သာလန်က ၅-၁ ဂိုးဖြင့်အနိုင်ရသော အဆိုပါပွဲမှ ဗန်ပါစီ၏ ခေါင်းတိုက်ဂိုးသွင်းပုံကို အတုယူပြီး အောင်ပွဲ ခံပုံ မှာ ကမ္ဘာတစ်ဝှမ်းလူမှုကွန်ယက် ၀က်ဘ်ဆိုက်များတွင် ထင်ရှားစွာပျံ့နှံ့နေသည်။ တိုက်စစ်မှူးဗန်ပါစီကို ပရိသတ်များက 'ပျံသန်းနေသော ဒတ်ခ်ျလူသား' ဟုပင် ခေါ်ဝေါ်နေကြသည်။ ပရိသတ်များအကြား လွန်စွာရေပန်းစားနေရာ ယခုအခါ ၎င်း၏ အဘိုးဖြစ်သူ ၀င်ရပ်စ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ 

"ဒီလိုပုံစံနဲ့ဂိုးသွင်းဖို့ ဗန်ပါစီအတွက် တစ်စက္ကန့်တောင် အချိန်မရခဲ့ပါဘူး။ ပြီးတော့ အင်မတန်မှလည်း ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်းလုပ်နေကျပုံစံမျိုးမဟုတ်လို့ပါပဲ" ဟု ၀င်ရပ်စ်က ပြော သည်။ ဗန်ပါစီသည် သြစတြေးလျနှင့်ကစားသော အုပ်စု ဒုတိယပွဲစဉ်တွင်လည်း နယ်သာလန်အတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် အ၀ါကတ်ပြသခံရသောကြောင့် ချီလီနှင့်ကစားရမည့် အုပ်စုနောက် ဆုံးပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ဗန်ပါစီ သည် စပိန်နှင့်အဖွင့်ပွဲတွင်လည်း အ၀ါကတ်ပြခံထားရရာ အုပ်စုတွင်း ဒုတိယမြောက် အ၀ါကတ်ပြသခံရသောကြောင့် အနီးစပ်ဆုံး တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရခြင်းဖြစ် သည်။ 

အုပ်စု (ခ) တွင် ရမှတ် ခြောက်မှတ်စီရရှိထားကြသော နယ်သာလန်နှင့် ချီလီတို့သည် နောက်ဆုံးပွဲစဉ်တွင် အုပ်စု ဗိုလ်နေရာ အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဇွန် ၂၃၊ ည ၁၀း၃၀ အချိန်တွင် ရင်ဆိုင်ကစားကြမည်ဖြစ်သည်။ 

Mizzima Sport News 

No comments:

Post a Comment