Thursday 19 June 2014

ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဆန္ဒပြရန် ခွင်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို  ပြည်ထောင်စုလွှတ်တော်က ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။

မူလ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေသည်  ဆန္ဒပြခွင့်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့သို့ ခွင့်ပြုချက်တောင်းခံရသည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလည်း လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ငြင်းပယ်နိုင်သည်။

ယခု ပြင်ဆင်ခဲ့သည့် ဥပဒေအရ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ ငြင်းပယ်ပိတ်ပင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “ဒီဥပဒေထဲမှာ အရင်က သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လျှော့ချ ပေးထားတာတွေလည်း ပါတယ်။  ဒါပေမဲ့ ဒီဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားရုံပဲ ရှိသေးတယ်။ အတည်တော့ မဖြစ်သေးဘူး။ အတည်ဖြစ်ဖို့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးဖို့ လိုသေးတယ်။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး မပြီးမချင်း လက်ရှိဥပဒေအတိုင်း ဆောင်ရွက်နေရမှာပဲ”ဟု ပြောကြားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လွှတ်တော်မှ ပြဌာန်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်း ဥပဒေပါ ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ ယခု အစိုးရလက်ထက်တွင် များစွာရှိနေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment