Thursday 19 June 2014

သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ကောင်းကျိုးများသာ လာရောက်ရှင်းလင်း

Photo: သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ကောင်းကျိုးများသာ လာရောက်ရှင်းလင်း
Thursday, June 19, 2014

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၈ ရက်တွင် လာရောက်ရှင်းလင်းခဲ့သည်။

ဇွန် ၁၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်တိုးတက်လာမည့် ဓာတ်အားစနစ်ကို ပြည့်မီလာစေရန် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀၀ ရှိမည့် ကွမ်းလုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိမည့် နောင်ဖစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၂၅ ရှိမည့် မန်တောင်းစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၀၀၀ ရှိမည့် မိုင်းတုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၀၀၀ ရှိမည့် ရွာသစ်စီမံကိန်းနှင့် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၃၆၀ ရှိမည့် ဟတ်ကြီးစီမံကိန်းများ ဆောင်ရွက်ထားကြောင်း ပြောကြားသည်။

သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိမည့် ခန့်မှန်းလျှပ်စစ်အင်အားမှာ စုစုပေါင်း ၁၅၁၈၅ မဂ္ဂါဝပ်ရှိကြောင်း၊ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ခြင်းဖြင့် ပုံမှန်အားဖြင့် သာမန်လုပ်သား၊ ကျွမ်းကျင်လုပ်သားများ ထောင်ဂဏန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများကို အမှီသဟဲပြု၍ ရောင်းဝယ်ဖောက်ကားသူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ နည်းပညာသစ်များနှင့် ရင်းနှီးခွင့်ရရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်မည့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာပြီး ပြည်တွင်းကျွမ်းကျင်လုပ်သား အလိုအလျောက် ရရှိလာမည် ဖြစ်ကြောင်း၊ စီမံကိန်းများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် စီမံကိန်းများတွင် EIA နှင့် SIA ကိစ္စရပ်များအတွက် အနည်းဆုံး စီမံကိန်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ထိခိုက်မှု ပမာဏအရ ဆောင်ရွက်ကြရကြောင်း၊ မူလဆောင်ရွက်ရန် စီစဉ်ခဲ့သည့် ထမံသီ၊ ရွှေစာရေး၊ မော်လိုက်တို့ကဲ့သော စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ပါ ထိခိုက်မှု များမည်ဖြစ်သည့်အတွက် လောလောဆယ် တမံအမြင့်စနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားခဲ့မှုမျိုး ပြုခဲ့ကြောင်း၊ ယခုဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် အဆိုပါကိစ္စရပ်မျိုး တွေ့ရှိရပါက နိုင်ငံတော်မှ စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စနစ်တကျ စီမံကြီးကြပ်၍ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ခံ၊ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

သံလွင်မြစ်သည် အလွန်ရေစီးသန်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းစီးဆင်းနေသည့် မြစ်ဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းများ အများစုကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ မြန်မာနိုင်ငံ လူမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအားက မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီဟာကို သိလျက်နဲ့ ကျွန်တော်တို့တွေက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို မလုပ်ဘူးဆိုရင် တာဝန်မကျေဖြစ်မှာ စိုးရိမ်ပါတယ်။ ကျွန်တော်တို့တွေ ဆိုတဲ့နေရာမှာ လွှတ်တော်ဘက်ကရော အစိုးရဘက်ကရော သက်ဆိုင်တဲ့ဌာန အဖွဲ့အစည်းဘက်ကရော တာဝန်မကျေဖြစ်မှာ စိုးပါတယ်။ ဒီရဲ့ ဆိုးကျိုးတွေဟာ ကျွန်တော်တို့တွေ ဒါတွေကို မလုပ်ဘဲနဲ့ ထားမယ်ဆိုရင် ဆိုးကျိုးတွေဟာ နောင်နိုင်ငံသားများ ခံစားရမှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ ဒီနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ဒီမိုကရေစီရဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတဲ့ EIA တို့ SIA တို့ ကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းများက တကယ့်နာမည်ကြီး တတိယ အဖွဲ့အစည်းများကို တာဝန်ပေးမယ်ဆိုရင် ပြေလည်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ အနေအထားက ထိုက်သင့်တဲ့ လျော်ကြေးပေးတယ်။ EIA, SIA ပေးတယ်ဆိုပေမယ့် ရွှေ့ပြောင်းသွားတဲ့ လူများရဲ့ သို့မဟုတ် စွန့်လွှတ်လိုက်တဲ့ သူများရဲ့ အလုပ်အကိုင် ရရှိမှု မရှိတဲ့အတွက် ပြဿနာလေးတွေ ပြဿနာကြီးတွေ ရှိနေတဲ့အတွက် အဲ့ဒီလို ရွှေ့ပြောင်းသွားတဲ့ လူများရဲ့ နေထိုင်မှုအတွက် အိမ်ရာအဆောက်အအုံများနဲ့သာလျှင် မလုံလောက်ဘဲနဲ့ အလုပ်အကိုင် ရရှိရေးအတွက်ပါ တစ်ခါတည်း ကတိက၀တ် ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေး စီးပွားရေးစနစ်တစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့ ကျောက်မီးသွေးအသုံးချ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတာတွေ ရှိပါတယ်။ ဒီလိုသာ ထုတ်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမယ်ဆိုပြီး ပြောနေတာ ရှိပါတယ်။ ဒါပေမဲ့ တချို့ခေတ်မီ တိုးတက်တဲ့ ဂျပန်နိုင်ငံလို နိုင်ငံသည်ပင်လျှင် ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ကိစ္စတွေ ရှိတဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြည်သူများ မှန်မှန်ကန်ကန် သိနိုင်အောင် ရှင်းလင်းဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆွေးနွေးပြောကြားသည်။

Eleven Media Group 

ဇွန် ၁၈ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
ဇွန် ၁၈ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၈ ရက်တွင် လာရောက်ရှင်းလင်းခဲ့သည်။

ဇွန် ၁၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် တိုးတက် လာမည့် ဓာတ်အားစနစ်ကို ပြည့်မီလာစေရန် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀၀ ရှိမည့် ကွမ်းလုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိမည့် နောင်ဖစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၂၅ ရှိမည့် မန်တောင်းစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၀၀၀ ရှိမည့် မိုင်းတုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၀၀၀ ရှိမည့် ရွာသစ်စီမံကိန်းနှင့် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၃၆၀ ရှိမည့် ဟတ်ကြီးစီမံကိန်းများ ဆောင်ရွက်ထားကြောင်း ပြောကြားသည်။

သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိမည့် ခန့်မှန်းလျှပ်စစ်အင်အားမှာ စုစုပေါင်း ၁၅၁၈၅ မဂ္ဂါဝပ်ရှိကြောင်း၊ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ခြင်းဖြင့် ပုံမှန်အားဖြင့် သာမန်လုပ်သား၊ ကျွမ်းကျင်လုပ်သားများ ထောင်ဂဏန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများကို အမှီသဟဲပြု၍ ရောင်းဝယ်ဖောက်ကားသူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ နည်းပညာသစ်များနှင့် ရင်းနှီးခွင့်ရရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်မည့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာပြီး ပြည်တွင်းကျွမ်းကျင်လုပ်သား အလိုအလျောက် ရရှိလာမည် ဖြစ်ကြောင်း၊ စီမံကိန်းများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် စီမံကိန်းများတွင် EIA နှင့် SIA ကိစ္စရပ်များအတွက် အနည်းဆုံး စီမံကိန်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ထိခိုက်မှု ပမာဏအရ ဆောင်ရွက်ကြရကြောင်း၊ မူလဆောင်ရွက်ရန် စီစဉ်ခဲ့သည့် ထမံသီ၊ ရွှေစာရေး၊ မော်လိုက်တို့ကဲ့သော စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ပါ ထိခိုက်မှု များမည်ဖြစ်သည့်အတွက် လောလောဆယ် တမံအမြင့်စနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားခဲ့မှုမျိုး ပြုခဲ့ကြောင်း၊ ယခုဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် အဆိုပါကိစ္စရပ်မျိုး တွေ့ရှိရပါက နိုင်ငံတော်မှ စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စနစ်တကျ စီမံကြီးကြပ်၍ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ခံ၊ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

သံလွင်မြစ်သည် အလွန်ရေစီးသန်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းစီးဆင်း နေသည့် မြစ်ဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းများ အများစုကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ မြန်မာနိုင်ငံ လူမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအားက မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီဟာကို သိလျက်နဲ့ ကျွန်တော်တို့တွေက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို မလုပ်ဘူးဆိုရင် တာဝန်မကျေဖြစ်မှာ စိုးရိမ်ပါတယ်။ ကျွန်တော်တို့တွေ ဆိုတဲ့နေရာမှာ လွှတ်တော်ဘက်ကရော အစိုးရဘက်ကရော သက်ဆိုင်တဲ့ဌာန အဖွဲ့အစည်းဘက်ကရော တာဝန်မကျေဖြစ်မှာ စိုးပါတယ်။ ဒီရဲ့ ဆိုးကျိုးတွေဟာ ကျွန်တော်တို့တွေ ဒါတွေကို မလုပ်ဘဲနဲ့ ထားမယ်ဆိုရင် ဆိုးကျိုးတွေဟာ နောင်နိုင်ငံသားများ ခံစားရမှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ ဒီနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ဒီမိုကရေစီရဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတဲ့ EIA တို့ SIA တို့ ကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းများက တကယ့်နာမည်ကြီး တတိယ အဖွဲ့အစည်းများကို တာဝန်ပေးမယ်ဆိုရင် ပြေလည်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ အနေအထားက ထိုက်သင့်တဲ့ လျော်ကြေးပေးတယ်။ EIA, SIA ပေးတယ်ဆိုပေမယ့် ရွှေ့ပြောင်းသွားတဲ့ လူများရဲ့ သို့မဟုတ် စွန့်လွှတ်လိုက်တဲ့ သူများရဲ့ အလုပ်အကိုင် ရရှိမှု မရှိတဲ့အတွက် ပြဿနာလေးတွေ ပြဿနာကြီးတွေ ရှိနေတဲ့အတွက် အဲ့ဒီလို ရွှေ့ပြောင်းသွားတဲ့ လူများရဲ့ နေထိုင်မှုအတွက် အိမ်ရာအဆောက်အအုံ များနဲ့ သာလျှင် မလုံလောက်ဘဲနဲ့ အလုပ်အကိုင် ရရှိရေးအတွက်ပါ တစ်ခါတည်း ကတိက၀တ် ပေးမယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေး စီးပွားရေးစနစ်တစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ပြည်သူများအနေနဲ့ ကျောက်မီးသွေးအသုံးချ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတာတွေ ရှိပါတယ်။ ဒီလိုသာ ထုတ်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမယ်ဆိုပြီး ပြောနေတာ ရှိပါတယ်။ ဒါပေမဲ့ တချို့ခေတ်မီ တိုးတက်တဲ့ ဂျပန်နိုင်ငံလို နိုင်ငံသည်ပင်လျှင် ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ကိစ္စတွေ ရှိတဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြည်သူများ မှန်မှန်ကန်ကန် သိနိုင်အောင် ရှင်းလင်းဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆွေးနွေးပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment