Thursday 19 June 2014

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း

Photo: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း
Thursday, June 19, 2014

လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။ 

ဥာဏ်ပညာ ထက်မြက် စူးရှပြီး စကားအရာ လိမ္မာ ကျွမ်းကျင်၏။ မိမိလို ရာကို အရယူတတ်သည့် တမူ ထူးခြားသည့် ဥာဏ်ပညာလည်း ရှိပါသည်။ အရည် အချင်းကောင်း များစွာတွင် စိတ်အတက် အကျ လျင်မြန်ပြီး မဆုံးဖြတ်နိုင်ဘဲ ဇဝေ ဇဝါဖြစ်သွားခြင်း ဆိုတဲ့ အလေ့အထ ဆိုး တစ်ခု၊ ဆွမ်းဆန်ထဲ ကြွက်ချေး ပါသကဲ့သို့ ရှိနေတတ်ပေ သည်။ အခွင့်အလမ်း နှစ်မျိုး မရှေးမနှောင်း ပေါ်လာအောင် ဖန်တီး ထားတဲ့ အတိတ်ကံက အန်တီစု မဆုံး ဖြတ်နိုင်အောင် လှည့်စားနေခြင်း ဖြစ်ပါသည်။ ဆွမ်း မချက်ခင် ကြွက်ချေးကို ရွေး ထုတ်သကဲ့သို့ ယင်းအလေ့အထ ဆိုးကို ရွေးထုတ်ရန် တစ်ခု တည်းသော ယတြာ ကားတစ်ခုကို အပြီးပိုင် ရွေးချယ် ဆုံးဖြတ်ပြီး တစိုက် မတ်မတ် လုပ်ဆောင်ခြင်း ပင်ဖြစ်ပါသည်။ စရိုက် လက္ခဏာ (character)ဆိုင်ရာ ဤအဟောများ ၅ဝ ရာ ခိုင်နှုန်းမှန်ခဲ့လျှင်..,
ဘဝကို သမင်လည်ပြန် ကြည့်ပါက ၂၇-၅-၁၉၅၅ မှ ၂၇-၅-၁၉၇၃ အထိ ၁၈ နှစ်တာ ကာလ၊ အသက် (၁ဝ-၂၈) အတွင်းဝယ် အန်တီစု ဘဝသည် လေ နှင်ခံရတဲ့ မိုးတိမ် ပမာ မွေးရပ်ကို ခွာပြီး ဝေးရာသို့ ရှောင်ခွာပြေးခဲ့ ရပေသည်။ ထို့ ကြောင့် ထိုကာလ၌ပင် အရှေ့ကို ရော် ရမ်းတမ်းတရင်း အနောက်တွင် ပန်းပွင့် ခဲ့ရ၏။ ထို့ကြောင့် စိတ်တိုင်း မကျတဲ့ အချစ်ကိုပင် အနှစ်ဟု ထင်မှတ်ခဲ့ရပေသည်။ ထို့အပြင် ယခုအခါ တိုင်းပြည်နှင့် လူမျိုး အပေါ် ချစ်နေတဲ့ အချစ်ကလည်း အန်တီစု ဘဝမှာ စိတ်တိုင်း ကျဖြစ်ဖို့ရာ မလွယ်ပါ။ အန်တီစု အား ဝေဒနာ အသစ်များ ပေးအပ်နေပေဦးမည်။ အကြောင်းမှာ စန်းခေါ် တနင်္လာ ဂြိုဟ်သည် ရန်ရာသီ၊ ရန်နဝင်းစီး ထားသောကြောင့် ဖြစ်ပါသည်။ ၂၈-၅-၁၉၇၃ နောက်ပိုင်းတွင် အိမ်ထောင်ရှင် ဘဝကို ဖြတ်သန်းရင်း အများအကျိုး သယ်ပိုးရတဲ့ ပရဟိတ ဆန်ဆန် လုပ်ငန်း များကို စိတ်အား ထက် သန်စွာနှင့် ၂၇-၅-၁၉၈၉ အထိ ၁၆ နှစ် တာ ကာလအတွင်း လုပ်ဆောင်ခဲ့သည်။ အသက် အားဖြင့် ၂၈-၄၄ အတွင်း ဖြစ် ပါသည်။
သို့သော် စေတနာနှင့် ရလဒ်က ထပ်တူ မကျနိုင်ခဲ့ပေ။ ၂၈-၅-၁၉၈၉ နောက်ပိုင်း တွင် ရပ်တန့်ခြင်း၊ ဆုံးရှုံးနစ် နာခြင်းများ ကြုံတွေ့ခဲ့ရပေမည်။ သို့ သော် တစ်ဖက်တွင် ဂုဏ် သိက္ခာနှင့် စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားခြင်း လည်း ရှိခဲ့ ပေသည်။ ထိုကာလ မှစ၍ ၂၇-၅-၂ဝဝ၈ အထိ အသက် (၄၄-၆၃) ကား ကျောက်ခဲ ကို  ပါးစပ်ထဲထည့်ဝါး ရသကဲ့ သို့ ဘဝက အလွန်တရာမှ ကသိကအောက်နိုင်လွန်း ပါသည်။ ၂၈-၅-၂ဝဝ၈ နောက်ပိုင်းတွင် ဘဝ အနည်းငယ် တောက်ပြောင်လာ၏။ အထူးအားဖြင့် ၃၁-၅-၂ဝ၁၃ နောက် တွင် မီးလောင်ပြင်မှ ပွင့်ပန်းပမာ ဘဝ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အ ကောင်အထည် ဖော်လာနိုင် ခဲ့ပေသည်။ ဤအတိတ် အဟောများ ၅ဝ ရာခိုင် နှုန်းခန့် မှန်ကန်ခဲ့ ပါက…,
Real Present ရတနာ ပစ္စုပ္ပန်တွင် ၃၁-၅-၂ဝ၁၃ မှ ၁၈-၆-၂ဝ၁၄ အတွင်း၌ ကျန်းမာ ပျော်ရွှင်ပြီး ဘဝ ရည်ရွယ်ချက် များ အဆင်တပြေ အောင်မြင်နေမည်။ ငွေကြေး၊ ပညာရေး၊ ဘဝနောင်ရေး၊ အခြေခံ တည်ဆောက်မှု၊ လက်အောက် ငယ်သား ဆိုင်ရာများ အားလုံး အဆင် တပြေရှိပေမည်။ ပင်ကို ဦးနှောက်ဥာဏ် ယခင်ထက် ထက် သန်ပြီး  သြဇာ အာဏာ၊ ဂုဏ်သိက္ခာများ တိုးတက် မြင့်မားနေ မည်။ ခဏခဏ ခရီးဝေးသွားပြီး အကျိုး အမြတ် များ ရှိနေမည်။ ထူးခြားတဲ့ အိပ် မက်ကောင်း များလည်း မကြာခဏ မက် နေတတ်ပါသည်။ စနေ ဆတ္တီဆတ္တိ စား နေခဲ့စဉ်ကာလ  ၁၅-၇-၂ဝဝ၇ မှ ၁၄-၁၁-၂ဝ၁၁ အထိ ငါးနှစ် အတွင်း တွေ့ ကြုံခဲ့ရသည့် အကျဉ်းအကျပ် များမှ လွတ် ကင်းပြီး တိမ်တိုက်မှ လွတ်ကင်းသော ငွေလမင်း သဖွယ် အလင်းဆောင်နိုင်သည့် ကာလ ဖြစ်ပါသည်။ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းပြီး လောကီ ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့် ပြည့်စုံနေပေမည်။ ဤ ရတနာ ပစ္စုပ္ပန်အဟော မှန်ကန်ခဲ့ပါက အနာဂတ် အရေး မျှော်တွေးကြည့် လျှင်…,
၆၉ နှစ်မြောက် မွေးနေ့နောက်ပိုင်း တွင် ပိတ်ဆို့ ဟန့်တားထား သည်များ ပွင့် သွားမည်။ ၁၃-၇-၂ဝ၁၅ မှ ၁၂-၈-၂ဝ၁၆ အတွင်း ဂုဏ်တေဇာ ပွင့်လင်း ပြီး မှန်း သရွေ့ပေါက် လှမ်း သရွေ့ရောက် မည်။ အသက် (၆၉-၈ဝ) အတွင်းဘုန်း သစ်ကံသစ်များ ဖူးပွင့်ဝေဆာ ကာ အရာ ရာအောင်မြင်လိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ကသစ် စံပြီး ဗုဒ္ဓါဒိတျယုဂ်ရတဲ့ လဂ်သခင်ဂြိုဟ် ထူလဒသာ စားနေသော ကြောင့် ဖြစ်ပါသည်။ ဤအနာဂတ် အဟောများ လွဲမသွားဖို့ရာ အကြံပြုချင် ပါသည်။ သဗ္ဗေသတ္တာ ဗေဒင်ဆရာ မဟုတ်၊ သဗ္ဗေသတ္တာ ကမ္မသကာသာ ဖြစ်၍ အတိတ် ကံကောက်ကြောင်း ပန်းချီကို ပစ္စုပ္ပန် ဥာဏ်ဝီရိယဖြင့် ဆေး အလှခြယ်ရာတွင် အဆင် တပြေ ရှိသင့်လို့ ဤကဲ့သို့ ဆိုခြင်းဖြစ်ပါသည်။ ကာယကံ ရှင် သိမထားပါက ဗေဒင်ဆရာ ပြုပြင် ယူ၍မရနိုင်ပါ။ ထို့ကြောင့် အန်တီစု သိ အောင် တင်ပြရလျှင် အန်တီစု ဇာတာ တွင် ဗုဒ္ဓါဒိတျယုဂ် အပြင် သူရီယသောရီ ယုဂ်၊ ဗုဒ္ဓသောရီယုဂ် များလည်း ရလျက် ရှိပါသည်။
ထိုယုဂ်များ အရ လွယ်လွယ်နှင့် မရ၊ ပင်ပန်းခံပြီးမှ အကြံအစည် အောင်မြင် တတ်ကြောင်း သိရသလို နှစ်ခါပြန်လုပ် ရသည့် သဘောလည်း ရှိပေသည်။ ဒုတိ ယမ္ပိရှိလေ, အန်တီစု ကံကောင်းလေပါ။ သတ္တိ ကိုပေးတဲ့ စနေ၊ ရာဟုတို့ လဂ်နှင့် ပူးနေရာ စနေ၏ လုပ်ရဲ သတ္တိထက် ရာဟု၏ မိုက်ရဲ သတ္တိက ဥစ်ရဂြိုဟ်မို့ ပိုများပါသည်။ မိုက်ရဲ သတ္တိကဲလျှင် အမှား ကြုံရစမြဲမို့ သတ္တိ နှစ်မျိုး ညီမျှအောင် ညှိယူသင့်၏။ မည်သို့ ညှိမည်နည်း။ မီး အပူနည်းနည်းဖြင့် ဖြည်းဖြည်းချင်း ချက် ပြုတ် လျှင် နူးနပ်ပျော့အိ သွား သကဲ့သို့ ပြင်းထန်တဲ့ စိတ်ဆန္ဒ၊ မူဝါဒများ လျှော့ပြီး ခပ်အေးအေးဖြင့် ဖြည်းဖြည်းချင်း သာ ချဉ်းကပ် စည်းရုံးသင့်ပါသည်။ ထို့အပြင် လူထုခေါင်းဆောင်နှင့် လိုက်လျော ညီ ထွေမည့် ယတြာစကား တစ်ခု နားသော တကနေ ဟဒယနှလုံး အိမ်ထိ စိမ့်ဝင် သွားပါအောင် ဆိုချင်ပါသေး၏။ အန်တီစု အနေဖြင့် အာနာပါန ဘာဝနာကို ယတြာ သဖွယ် အားထားစေချင်ပါသည်။ မဂ်ဖိုလ် နိဗ္ဗာန်တွက် လမ်းညွှန်သည် မဟုတ်၊ ဘဝအတွက် အဖြေ ထုတ်ပြခြင်း သာ ဖြစ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် အန်တီစု ဇာတာတွင် လဂ်၊ လဂ်သခင်၊ စန်း၊ စန်း သခင် အားလုံး လေရာသီတွင် ရှိပြီး ထိုရာသီ၌ ဂြိုဟ်လေးလုံး ပူး ယှဉ်နေသော ကြောင့် ဖြစ် ပါသည်။ လေကို မှန်ကန် စွာ အသုံးချလေ, ဘဝအောင်မြင် တိုးတက်လေပင်။ လေကို အသုံးမချ၊ မီး အရှိန် မလျှော့ပါက မိုက်ရဲသတ္တိ လွန်ကဲ ကာ အမှားကြုံ တတ်ပါ သည်။ ကြုံခဲ့လျှင် ယုဂ်ကောင်း များက ပေးအပ်ထားတဲ့ စွမ်းရည်သတ္တိ၊ ကောင်းကျိုး ချမ်းသာများ ယုတ်လျော့ ပျက်ပြယ် သွားတတ်ပါသည်။ သို့ဖြစ်ပါက အနာဂတ် အဟော များ မှန် ကန်နိုင်မည် ဟုတ်ပါ။ သာမန် အကြောင်း အရာမျှသာ မှန်ကန်ပေမည်။ အာနာ ပါန ဘာဝနာဖြင့် လေကို အသုံးချ၊ မီးကို အရှိန်အလျော့ အတင်း လုပ်ပေးနိုင်ပါ က ပင်ကို ကမ္မဇ ပဋိသန္ဓေဥာဏ် ရင့်သန် လာသည့် အပြင် ယုဂ်ကောင်းများရဲ့ စွမ်းအင်များ အကျိုးပေးရန် အခွင့်ထူးသာ အခါထူး ရောက်၍ လိုရာဆန္ဒ ပြီးမြောက် အောင်မြင် သွားပေလိမ့်မည်။
အကျိုးပေး အရောင်က အဖြူနှင့် အစိမ်းရောင် ဖြစ်ပြီး အကျိုးပေး အဆောင် က ပုလဲ၊ မြ၊ ဥဿ ဖယား ဖြစ်ပါသည်။ နှစ်သက်ရာ ကို ရွှေနှင့်ကွပ်ပြီး ဝတ်ဆင် ကာ အရေးကြီး ကိစ္စများ ဆောင်ရွက်ပါ။ ကျန်းမာ ချမ်းသာ အောင်ကြောင်းဖြာ လျက် လိုရာ ဆန္ဒ ပြည့်ဝပေ လိမ့်မည်။ အန်တီစု ရဲ့ ၁၉-၆-၂ဝ၁၄ တွင် ကျ ရောက်သော ၆၉ -နှစ်မြောက် မွေးနေ့မှ သည် မွေးနေ့ပေါင်း များစွာဆီသို့ အောင် မြင်ခြင်းနေ့ရက် များ ပိုင်ဆိုင်ကာ ချီတက် လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန် ကောင်း တောင်း လိုက်ပါ ရစေ။ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေဗျာ။
အန်တီစုရဲ့ ၆၉ နှစ်မြောက် မွေး နေ့ကို ဂုဏ်ပြုပါ၏။

Popular Myanmar News Journal
လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။ 

ဥာဏ်ပညာ ထက်မြက် စူးရှပြီး စကားအရာ လိမ္မာ ကျွမ်းကျင်၏။ မိမိလို ရာကို အရယူတတ်သည့် တမူ ထူးခြားသည့် ဥာဏ်ပညာလည်း ရှိပါသည်။ အရည် အချင်းကောင်း များစွာတွင် စိတ်အတက် အကျ လျင်မြန်ပြီး မဆုံးဖြတ်နိုင်ဘဲ ဇဝေ ဇဝါဖြစ်သွားခြင်း ဆိုတဲ့ အလေ့အထ ဆိုး တစ်ခု၊ ဆွမ်းဆန်ထဲ ကြွက်ချေး ပါသကဲ့သို့ ရှိနေတတ်ပေ သည်။ အခွင့်အလမ်း နှစ်မျိုး မရှေးမနှောင်း ပေါ်လာအောင် ဖန်တီး ထားတဲ့ အတိတ်ကံက အန်တီစု မဆုံး ဖြတ်နိုင်အောင် လှည့်စားနေခြင်း ဖြစ်ပါသည်။ ဆွမ်း မချက်ခင် ကြွက်ချေးကို ရွေး ထုတ်သကဲ့သို့ ယင်းအလေ့အထ ဆိုးကို ရွေးထုတ်ရန် တစ်ခု တည်းသော ယတြာ ကားတစ်ခုကို အပြီးပိုင် ရွေးချယ် ဆုံးဖြတ်ပြီး တစိုက် မတ်မတ် လုပ်ဆောင်ခြင်း ပင်ဖြစ်ပါသည်။ စရိုက် လက္ခဏာ (character)ဆိုင်ရာ ဤအဟောများ ၅ဝ ရာ ခိုင်နှုန်းမှန်ခဲ့လျှင်..,
ဘဝကို သမင်လည်ပြန် ကြည့်ပါက ၂၇-၅-၁၉၅၅ မှ ၂၇-၅-၁၉၇၃ အထိ ၁၈ နှစ်တာ ကာလ၊ အသက် (၁ဝ-၂၈) အတွင်းဝယ် အန်တီစု ဘဝသည် လေ နှင်ခံရတဲ့ မိုးတိမ် ပမာ မွေးရပ်ကို ခွာပြီး ဝေးရာသို့ ရှောင်ခွာပြေးခဲ့ ရပေသည်။ ထို့ ကြောင့် ထိုကာလ၌ပင် အရှေ့ကို ရော် ရမ်းတမ်းတရင်း အနောက်တွင် ပန်းပွင့် ခဲ့ရ၏။ ထို့ကြောင့် စိတ်တိုင်း မကျတဲ့ အချစ်ကိုပင် အနှစ်ဟု ထင်မှတ်ခဲ့ရပေသည်။ ထို့အပြင် ယခုအခါ တိုင်းပြည်နှင့် လူမျိုး အပေါ် ချစ်နေတဲ့ အချစ်ကလည်း အန်တီစု ဘဝမှာ စိတ်တိုင်း ကျဖြစ်ဖို့ရာ မလွယ်ပါ။ အန်တီစု အား ဝေဒနာ အသစ်များ ပေးအပ်နေပေဦးမည်။ အကြောင်းမှာ စန်းခေါ် တနင်္လာ ဂြိုဟ်သည် ရန်ရာသီ၊ ရန်နဝင်းစီး ထားသောကြောင့် ဖြစ်ပါသည်။ ၂၈-၅-၁၉၇၃ နောက်ပိုင်းတွင် အိမ်ထောင်ရှင် ဘဝကို ဖြတ်သန်းရင်း အများအကျိုး သယ်ပိုးရတဲ့ ပရဟိတ ဆန်ဆန် လုပ်ငန်း များကို စိတ်အား ထက် သန်စွာနှင့် ၂၇-၅-၁၉၈၉ အထိ ၁၆ နှစ် တာ ကာလအတွင်း လုပ်ဆောင်ခဲ့သည်။ အသက် အားဖြင့် ၂၈-၄၄ အတွင်း ဖြစ် ပါသည်။
သို့သော် စေတနာနှင့် ရလဒ်က ထပ်တူ မကျနိုင်ခဲ့ပေ။ ၂၈-၅-၁၉၈၉ နောက်ပိုင်း တွင် ရပ်တန့်ခြင်း၊ ဆုံးရှုံးနစ် နာခြင်းများ ကြုံတွေ့ခဲ့ရပေမည်။ သို့ သော် တစ်ဖက်တွင် ဂုဏ် သိက္ခာနှင့် စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားခြင်း လည်း ရှိခဲ့ ပေသည်။ ထိုကာလ မှစ၍ ၂၇-၅-၂ဝဝ၈ အထိ အသက် (၄၄-၆၃) ကား ကျောက်ခဲ ကို  ပါးစပ်ထဲထည့်ဝါး ရသကဲ့ သို့ ဘဝက အလွန်တရာမှ ကသိကအောက်နိုင်လွန်း ပါသည်။ ၂၈-၅-၂ဝဝ၈ နောက်ပိုင်းတွင် ဘဝ အနည်းငယ် တောက်ပြောင်လာ၏။ အထူးအားဖြင့် ၃၁-၅-၂ဝ၁၃ နောက် တွင် မီးလောင်ပြင်မှ ပွင့်ပန်းပမာ ဘဝ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အ ကောင်အထည် ဖော်လာနိုင် ခဲ့ပေသည်။ ဤအတိတ် အဟောများ ၅ဝ ရာခိုင် နှုန်းခန့် မှန်ကန်ခဲ့ ပါက…,
Real Present ရတနာ ပစ္စုပ္ပန်တွင် ၃၁-၅-၂ဝ၁၃ မှ ၁၈-၆-၂ဝ၁၄ အတွင်း၌ ကျန်းမာ ပျော်ရွှင်ပြီး ဘဝ ရည်ရွယ်ချက် များ အဆင်တပြေ အောင်မြင်နေမည်။ ငွေကြေး၊ ပညာရေး၊ ဘဝနောင်ရေး၊ အခြေခံ တည်ဆောက်မှု၊ လက်အောက် ငယ်သား ဆိုင်ရာများ အားလုံး အဆင် တပြေရှိပေမည်။ ပင်ကို ဦးနှောက်ဥာဏ် ယခင်ထက် ထက် သန်ပြီး  သြဇာ အာဏာ၊ ဂုဏ်သိက္ခာများ တိုးတက် မြင်
့မားနေ မည်။ ခဏခဏ ခရီးဝေးသွားပြီး အကျိုး အမြတ် များ ရှိနေမည်။ ထူးခြားတဲ့ အိပ် မက်ကောင်း များလည်း မကြာခဏ မက် နေတတ်ပါသည်။ စနေ ဆတ္တီဆတ္တိ စား နေခဲ့စဉ်ကာလ  ၁၅-၇-
၂ဝဝ၇ မှ ၁၄-၁၁-
၂ဝ၁၁ အထိ ငါးနှစ် အတွင်း တွေ့ ကြုံခဲ့ရသည့် အကျဉ်းအကျပ် များမှ လွတ် ကင်းပြီး တိမ်တိုက်မှ လွတ်ကင်းသော ငွေလမင်း သဖွယ် အလင်းဆောင်နိုင်သည့် ကာလ ဖြစ်ပါသည်။ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းပြီး လောကီ ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့် ပြည့်စုံနေပေမည်။ ဤ ရတနာ ပစ္စုပ္ပန်အဟော မှန်ကန်ခဲ့ပါက အနာဂတ် အရေး မျှော်တွေးကြည့် လျှင်…,
၆၉ နှစ်မြောက် မွေးနေ့နောက်ပိုင်း တွင် ပိတ်ဆို့ ဟန့်တားထား သည်များ ပွင့် သွားမည်။ ၁၃-၇-၂ဝ၁၅ မှ ၁၂-၈-၂ဝ၁၆ အတွင်း ဂုဏ်တေဇာ ပွင့်လင်း ပြီး မှန်း သရွေ့ပေါက် လှမ်း သရွေ့ရောက် မည်။ အသက် (၆၉-၈ဝ) အတွင်းဘုန်း သစ်ကံသစ်များ ဖူးပွင့်ဝေဆာ ကာ အရာ ရာအောင်မြင်လိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ကသစ် စံပြီး ဗုဒ္ဓါဒိတျယုဂ်ရတဲ့ လဂ်သခင်ဂြိုဟ် ထူလဒသာ စားနေသော ကြောင့် ဖြစ်ပါသည်။ ဤအနာဂတ် အဟောများ လွဲမသွားဖို့ရာ အကြံပြုချင် ပါသည်။ သဗ္ဗေသတ္တာ ဗေဒင်ဆရာ မဟုတ်၊ သဗ္ဗေသတ္တာ ကမ္မသကာသာ ဖြစ်၍ အတိတ် ကံကောက်ကြောင်း ပန်းချီကို ပစ္စုပ္ပန် ဥာဏ်ဝီရိယဖြင့် ဆေး အလှခြယ်ရာတွင် အဆင် တပြေ ရှိသင့်လို့ ဤကဲ့သို့ ဆိုခြင်းဖြစ်ပါသည်။ ကာယကံ ရှင် သိမထားပါက ဗေဒင်ဆရာ ပြုပြင် ယူ၍မရနိုင်ပါ။ ထို့ကြောင့် အန်တီစု သိ အောင် တင်ပြရလျှင် အန်တီစု ဇာတာ တွင် ဗုဒ္ဓါဒိတျယုဂ် အပြင် သူရီယသောရီ ယုဂ်၊ ဗုဒ္ဓသောရီယုဂ် များလည်း ရလျက် ရှိပါသည်။
ထိုယုဂ်များ အရ လွယ်လွယ်နှင့် မရ၊ ပင်ပန်းခံပြီးမှ အကြံအစည် အောင်မြင် တတ်ကြောင်း သိရသလို နှစ်ခါပြန်လုပ် ရသည့် သဘောလည်း ရှိပေသည်။ ဒုတိ ယမ္ပိရှိလေ, အန်တီစု ကံကောင်းလေပါ။ သတ္တိ ကိုပေးတဲ့ စနေ၊ ရာဟုတို့ လဂ်နှင့် ပူးနေရာ စနေ၏ လုပ်ရဲ သတ္တိထက် ရာဟု၏ မိုက်ရဲ သတ္တိက ဥစ်ရဂြိုဟ်မို့ ပိုများပါသည်။ မိုက်ရဲ သတ္တိကဲလျှင် အမှား ကြုံရစမြဲမို့ သတ္တိ နှစ်မျိုး ညီမျှအောင် ညှိယူသင့်၏။ မည်သို့ ညှိမည်နည်း။ မီး အပူနည်းနည်းဖြင့် ဖြည်းဖြည်းချင်း ချက် ပြုတ် လျှင် နူးနပ်ပျော့အိ သွား သကဲ့သို့ ပြင်းထန်တဲ့ စိတ်ဆန္ဒ၊ မူဝါဒများ လျှော့ပြီး ခပ်အေးအေးဖြင့် ဖြည်းဖြည်းချင်း သာ ချဉ်းကပ် စည်းရုံးသင့်ပါသည်။ ထို့အပြင် လူထုခေါင်းဆောင်နှင့် လိုက်လျော ညီ ထွေမည့် ယတြာစကား တစ်ခု နားသော တကနေ ဟဒယနှလုံး အိမ်ထိ စိမ့်ဝင် သွားပါအောင် ဆိုချင်ပါသေး၏။ အန်တီစု အနေဖြင့် အာနာပါန ဘာဝနာကို ယတြာ သဖွယ် အားထားစေချင်ပါသည်။ မဂ်ဖိုလ် နိဗ္ဗာန်တွက် လမ်းညွှန်သည် မဟုတ်၊ ဘဝအတွက် အဖြေ ထုတ်ပြခြင်း သာ ဖြစ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် အန်တီစု ဇာတာတွင် လဂ်၊ လဂ်သခင်၊ စန်း၊ စန်း သခင် အားလုံး လေရာသီတွင် ရှိပြီး ထိုရာသီ၌ ဂြိုဟ်လေးလုံး ပူး ယှဉ်နေသော ကြောင့် ဖြစ် ပါသည်။ လေကို မှန်ကန် စွာ အသုံးချလေ, ဘဝအောင်မြင် တိုးတက်လေပင်။ လေကို အသုံးမချ၊ မီး အရှိန် မလျှော့ပါက မိုက်ရဲသတ္တိ လွန်ကဲ ကာ အမှားကြုံ တတ်ပါ သည်။ ကြုံခဲ့လျှင် ယုဂ်ကောင်း များက ပေးအပ်ထားတဲ့ စွမ်းရည်သတ္တိ၊ ကောင်းကျိုး ချမ်းသာများ ယုတ်လျော့ ပျက်ပြယ် သွားတတ်ပါသည်။ သို့ဖြစ်ပါက အနာဂတ် အဟော များ မှန် ကန်နိုင်မည် ဟုတ်ပါ။ သာမန် အကြောင်း အရာမျှသာ မှန်ကန်ပေမည်။ အာနာ ပါန ဘာဝနာဖြင့် လေကို အသုံးချ၊ မီးကို အရှိန်အလျော့ အတင်း လုပ်ပေးနိုင်ပါ က ပင်ကို ကမ္မဇ ပဋိသန္ဓေဥာဏ် ရင့်သန် လာသည့် အပြင် ယုဂ်ကောင်းများရဲ့ စွမ်းအင်များ အကျိုးပေးရန် အခွင့်ထူးသာ အခါထူး ရောက်၍ လိုရာဆန္ဒ ပြီးမြောက် အောင်မြင် သွားပေလိမ့်မည်။

အကျိုးပေး အရောင်က အဖြူနှင့် အစိမ်းရောင် ဖြစ်ပြီး အကျိုးပေး အဆောင် က ပုလဲ၊ မြ၊ ဥဿ ဖယား ဖြစ်ပါသည်။ နှစ်သက်ရာ ကို ရွှေနှင့်ကွပ်ပြီး ဝတ်ဆင် ကာ အရေးကြီး ကိစ္စများ ဆောင်ရွက်ပါ။ ကျန်းမာ ချမ်းသာ အောင်ကြောင်းဖြာ လျက် လိုရာ ဆန္ဒ ပြည့်ဝပေ လိမ့်မည်။ အန်တီစု ရဲ့ ၁၉-၆-၂ဝ၁၄ တွင် ကျ ရောက်သော ၆၉ -နှစ်မြောက် မွေးနေ့မှ သည် မွေးနေ့ပေါင်း များစွာဆီသို့ အောင် မြင်ခြင်းနေ့ရက် များ ပိုင်ဆိုင်ကာ ချီတက် လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန် ကောင်း တောင်း လိုက်ပါ ရစေ။ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေဗျာ။
အန်တီစုရဲ့ ၆၉ နှစ်မြောက် မွေး နေ့ကို ဂုဏ်ပြုပါ၏။

Popular Myanmar News Journal 

No comments:

Post a Comment