Thursday 19 June 2014

မွေးရာပါ စအိုပေါက်မပါ ကလေးငယ် ခွဲစိတ်ကုသနိုင်ရန်စီစဉ်

Photo: မွေးရာပါ စအိုပေါက်မပါ ကလေးငယ် ခွဲစိတ်ကုသနိုင်ရန်စီစဉ်
Thursday, June 19, 2014

 ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် နေထိုင်သော မိသားစုတစ်ခုမှ အသက် (၁နှစ် ၉ လ) အရွယ် ကလေးငယ်လေး တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါ ဝေဒနာ ခံစားနေရကာ မကြာမီ ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရေလဲကျေးရွာတွင် နေထိုင်သော မဆောင်းနှင်းဖြူ အသက် (၁နှစ် ၉လ)သည် မွေးရာပါ စအိုပေါက် မပါသောကြောင့် အညစ်အကြေး စွန့်ထုတ်နိုင်ခြင်း မရှိသော ဝေဒနာ ခံစားနေရကာ အညစ်အကြေး စွန့်ထုတ်နိုင်ရန် အတွက် လက်တလောတွင် အူကိုဗိုက်ကနေ ထုတ်ထားပြီး ၀မ်းသွားနေရကြောင်းနှင့် ယင်းကလေးငယ်၏ ဝေဒနာများ သက်သာနိုင်စေရန် အတွက် သိပ်မကြာခင်မှာပင် ခွဲစိတ်ကုသပေး နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်ကလေး ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ကလေးနှင့် ပတ်သတ်၍ ကလေးမိခင်ဖြစ်သူ ဒေါ်လှသိန်းသန်း ကလည်း “ကလေးက မွေးပြီး သုံးလေးငါးရက်လောက်နေမှ စအိုပေါက် မပါမှန်းသိတာ ၀မ်းသွားခါနီးဆိုရင်လည်း ချွေးသီး ချွေးပေါက်တွေကျပြီး အော်ဟစ်နေတော့တာပဲ။ လောလောဆယ်တော့ ထမင်းကျွေးလို့ မရသေးဘူး။ မိခင်နို့ရည်ပဲ အဓိကထားပြီး တိုက်ကျွေးခဲ့ရတယ်။ ကျွန်မတို့က သိပ်မပြည့်စုံတော့ ကလေးကို ဆေးကု မပေးနိုင်ဘူး။ အခု ပြည်ခိုင်ဖြိုးပါတီ ဦးဌေးဦးရဲ့ ကျေးဇူးကြောင့် ကျွန်မ သမီးလေးကို ဆေးကုသ ပေးနိုင်တော့မှာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ မွေးရာပါ စအိုပေါက် မပါသော ကလေးငယ်ကို ဆေးကုသရန်အတွက် အချိန် သုံးလခန့် စောင့်ဆိုင်းရဦးမည် ဖြစ်ပြီး ဗိုက်ကနေတစ်ဆင့် ၀မ်းသွားတာ ဖြစ်သောကြောင့် အခက်အခဲ ရှိသော်လည်း အဆိုပါ စအိုပေါက် ပြန်ဖောက်ရာတွင် အဆင်ပြေသွားနိုင်မည် ဖြစ်ကြောင်းနှင့် နောက်နှစ်လ၊ သုံးလအကြာ အနာကျက်သွားပါက စအိုပေါက် ဖောက်၍ ရမည်ဖြစ်ကြောင်း ကလေးအား ဆေးကုသပေး နေသော ဆရာဝန်မှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဟင်္သာတကို အခမဲ့ မျက်စိကုသပေးခြင်း လုပ်ငန်းတွေ သွားရောက်လုပ်နိုင်တဲ့ အခါမှာ ဒီကလေးငယ်ကို တွေ့ရှိခဲ့ပြီး ဒီကလေးရဲ့ ကျန်းမာရေးကို ကုသပေးဖို့ စီစဉ်ခဲ့တာပါ။ နောက်ထပ် လိုအပ်တဲ့ အကူအညီတွေကိုလည်း တတ်နိုင်တဲ့ဘက်က ဆက်လက်ကူညီသွားမှာပါ”ဟု ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦးက ပြောကြားခဲ့သည်။

Tomorrow
 ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် နေထိုင်သော မိသားစုတစ်ခုမှ အသက် (၁နှစ် ၉ လ) အရွယ် ကလေးငယ်လေး တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါ ဝေဒနာ ခံစားနေရကာ မကြာမီ ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရေလဲကျေးရွာတွင် နေထိုင်သော မဆောင်းနှင်းဖြူ အသက် (၁နှစ် ၉လ)သည် မွေးရာပါ စအိုပေါက် မပါသောကြောင့် အညစ်အကြေး စွန့်ထုတ်နိုင်ခြင်း မရှိသော ဝေဒနာ ခံစားနေရကာ အညစ်အကြေး စွန့်ထုတ်နိုင်ရန် အတွက် လက်တလောတွင် အူကိုဗိုက်ကနေ ထုတ်ထားပြီး ၀မ်းသွားနေရကြောင်းနှင့် ယင်းကလေးငယ်၏ ဝေဒနာများ သက်သာနိုင်စေရန် အတွက် သိပ်မကြာခင်မှာပင် ခွဲစိတ်ကုသပေး နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်ကလေး ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ကလေးနှင့် ပတ်သတ်၍ ကလေးမိခင်ဖြစ်သူ ဒေါ်လှသိန်းသန်း ကလည်း “ကလေးက မွေးပြီး သုံးလေး ငါးရက်လောက်နေမှ စအိုပေါက် မပါမှန်းသိတာ ၀မ်းသွားခါနီးဆိုရင်လည်း ချွေးသီး ချွေးပေါက်တွေကျပြီး အော်ဟစ်နေတော့တာပဲ။ လောလောဆယ်တော့ ထမင်းကျွေးလို့ မရသေးဘူး။ မိခင်နို့ရည်ပဲ အဓိကထားပြီး တိုက်ကျွေးခဲ့ရတယ်။ ကျွန်မတို့က သိပ်မပြည့်စုံတော့ ကလေးကို ဆေးကု မပေးနိုင်ဘူး။ အခု ပြည်ခိုင်ဖြိုးပါတီ ဦးဌေးဦးရဲ့ ကျေးဇူးကြောင့် ကျွန်မ သမီးလေးကို ဆေးကုသ ပေးနိုင်တော့မှာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ မွေးရာပါ စအိုပေါက် မပါသော ကလေးငယ်ကို ဆေးကုသရန်အတွက် အချိန် သုံးလခန့် စောင့် ဆိုင်းရဦးမည် ဖြစ်ပြီး ဗိုက်ကနေတစ်ဆင့် ၀မ်းသွားတာ ဖြစ်သောကြောင့် အခက်အခဲ ရှိသော်လည်း အဆိုပါ စအိုပေါက် ပြန်ဖောက်ရာတွင် အဆင်ပြေသွားနိုင်မည် ဖြစ်ကြောင်းနှင့် နောက်နှစ်လ၊ သုံးလအကြာ အနာကျက်သွားပါက စအိုပေါက် ဖောက်၍ ရမည်ဖြစ်ကြောင်း ကလေးအား ဆေးကုသပေး နေသော ဆရာဝန်မှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဟင်္သာတကို အခမဲ့ မျက်စိကုသပေးခြင်း လုပ်ငန်းတွေ သွားရောက်လုပ်နိုင်တဲ့ အခါမှာ ဒီ ကလေးငယ်ကို တွေ့ရှိခဲ့ပြီး ဒီကလေးရဲ့ ကျန်းမာရေးကို ကုသပေးဖို့ စီစဉ်ခဲ့တာပါ။ နောက်ထပ် လိုအပ်တဲ့ အကူ အညီတွေကိုလည်း တတ်နိုင်တဲ့ဘက်က ဆက်လက်ကူညီသွားမှာပါ”ဟု ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦးက ပြောကြားခဲ့သည်။

Tomorrow

No comments:

Post a Comment