Friday 13 June 2014

ရန်ကုန်၌ အဆင့်မြင့် ပန်းခြံ ငါးခု ထွက်ပေါ်လာမည်

ရန်ကုန်မြို့တွင် လူနေအိမ်ခြေ တိုးတက် များပြားလာသကဲ့သို့ တိုက်တာအဆောက်အအုံများလည်း တစ်နေ့ တခြား တိုးတက်လာလျက်ရှိ ရာ ပြည်သူအများအပန်းဖြေနေရာ များဖြစ်သည့် ပန်းခြံများအနက် ပန်းခြံ ငါးခုကို အဆင့်မြှင့်တင်မှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်မြေအတွင်း အများပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ပန်းခြံ ပေါင်း ၆၃ ခုရှိရာ ယင်းပန်းခြံများ အနက် သခင်မြပန်းခြံ၊ မြကျွန်းသာ အပန်းဖြေဥယျာဉ်၊ ရှုခင်းသာ၊ ကန် သာယာ (ကုက္ကိုင်း) ပန်းခြံနှင့်ကန် သတင်း-ဝေယံဦး သာယာ(မြောက်ဥက္ကလာ)ပန်းခြံတို့ကို အဆင့်မြှင့်တင်မှု များ ပြုလုပ်သွားမည် ဖြစ်သည်။ 

လောလောဆယ်တွင် ကန်သာယာ (ကုက္ကိုင်း)ပန်းခြံ၊ မြကျွန်းသာအပန်း ဖြေဥယျာဉ်တို့ကို အဆင့်မြှင့်တင် မှုများ ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။ ပန်း အလှပင်များ၊ အရိပ်ရပင်များ၊ လူ လျှောက်လမ်းများနှင့် မီးအလှဆင်မှု များ ပြုလုပ်သွားမည်ဖြစ်သည်။ 

ရန်ကုန်မြို့တွင် ပန်းခြံများကို အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိရာ ဆူးလေပန်းခြံသည်လည်း အဆင့် မြှင့်တင်ပြုပြင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ ထို့အတူ ပြည်သူများ အပန်းဖြေနိုင်သည့် အချက်အချာကျ သည့် ပန်းခြံများနှင့် အခြားပန်းခြံ များကိုလည်း ပြုပြင်မှုများပြုလုပ်သွား ရန် အစီအစဉ်ရှိနေသည်။ 

ထို့အပြင် ပန်းခြံနေရာများအား အဆင့်မြင့်အဆောက်အအုံများ တည်ဆောက်ရန် ခွင့်ပြုမည်မဟုတ်ဘဲ အများပြည်သူ အပန်းဖြေရေးအတွက် ကိုသာ ပြုပြင်မွမ်းမံမှုများပြုလုပ်သွား မည်ဖြစ်သည်။ တည်ရှိပြီး ပန်းခြံများ ကို နေရာပြောင်းရွှေ့ခြင်း၊ အဆောက် အအုံဆောက်လုပ်ခြင်းများကို ခွင့်ပြု သွားရန် လုံးဝအစီ အစဉ် မရှိကြောင်း သိရသည်။ 

ယခု အဆင့်မြင့်ပြုလုပ်သည့် ပန်းခြံငါးခုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်ကာလအတွင်း ပြီးစီးစေရန် ဆောင်ရွက်သွားမည်ဖြစ်ရာ မွန်းကျပ် သော မြို့ပြနေ ပြည်သူများအတွက် အပန်းဖြေစရာ အဆင့်မြင့်ပန်းခြံများ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

MOI Webportal Myanmar 

No comments:

Post a Comment