Friday 13 June 2014

မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ ဈာပနအား စာပေနှင့် အနုပညာအသိုင်းအ၀ိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်

Photo: မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ ဈာပနအား စာပေနှင့် အနုပညာအသိုင်းအ၀ိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်
Friday, June 13, 2014
 
မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင်၏ ဈာပနအခမ်းအနားကို ဇွန် ၁၂ ရက် ညနေ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာပေနှင့် အနုပညာအသိုင်းအဝိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
 
ပန်းချီ ဦးခင်မောင်ရင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ဇွန် ၁ဝ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
 
သူ၏ နောက်ဆုံးပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က အသက် ၇၅ နှစ် ပြည့် အထိမ်းအမှတ်အဖြစ်“ခင်မောင်ရင် ၇၅” အမည်ဖြင့် ပြုလုပ်ခဲ့သည်။ 
 
ပန်းချီ ဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် သာယာကုန်းရွာ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ၁၉၆ဝပြည့်နှစ်တွင် ပန်းချီ စတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီ ဦးခင်မောင်ရင်၏ ပထမဆုံးတစ်ကိုယ်တော်ပြ ပွဲကို အမေရိကန်ကောင်စစ်ဝန်၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန် လှုပ်ရှားမှုအဖြစ်ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့နှင့် တွဲဖက်ပြသခဲ့သည်။ မြန်မာ မော်ဒန်ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည့် “အေအိုင်” ရုံးခန်းတည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ ပန်းချီ ခင်မောင်ရင်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ် အဓိကဝါသနာပါသူဖြစ်ပြီး “နှမလက်လျှော့နေလေတော့” အပြင် အခြားရုပ်ရှင်တစ်ကားကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထို့ပြင် မဂ္ဂဇင်းများတွင် ရေးသားခဲ့သော စာစုများကို စုစည်း၍ အနုပညာစံ၊ ပေါ်ဦးသက် အလည်လာခြင်းနှင့် ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ စာအုပ်များကို ထုတ်ဝေခဲ့သည်။ 
ပန်းချီဆရာကြီးသည် ခင်မောင်ရင်အမည်ဖြင့် ပန်းချီဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။

Eleven Media Group
မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင်၏ ဈာပနအခမ်းအနားကို ဇွန် ၁၂ ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာပေနှင့် အနုပညာ အသိုင်းအဝိုင်းမှ အသိမိတ်ဆွေများ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

ပန်းချီ ဦးခင်မောင်ရင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ဇွန် ၁ဝ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။

သူ၏ နောက်ဆုံးပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က အသက် ၇၅ နှစ် ပြည့် အထိမ်းအမှတ်အဖြစ်“ခင်မောင်ရင် ၇၅” အမည်ဖြင့် ပြုလုပ်ခဲ့သည်။ 

ပန်းချီ ဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် သာယာကုန်းရွာ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ဗိသုကာ အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ၁၉၆ဝပြည့်နှစ်တွင် ပန်းချီ စတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီ ဦးခင်မောင်ရင်၏ ပထမဆုံးတစ်ကိုယ်တော်ပြ ပွဲကို အမေရိကန်ကောင်စစ်ဝန်၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန် လှုပ်ရှားမှုအဖြစ်ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့နှင့် တွဲဖက်ပြသခဲ့သည်။ မြန်မာ မော်ဒန်ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည့် “အေအိုင်” ရုံးခန်းတည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။ ပန်းချီ ခင်မောင်ရင်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ် အဓိကဝါသနာပါသူဖြစ်ပြီး “နှမလက်လျှော့နေလေတော့” အပြင် အခြားရုပ်ရှင်တစ်ကားကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထို့ပြင် မဂ္ဂဇင်းများတွင် ရေးသားခဲ့သော စာစုများကို စုစည်း၍ အနုပညာစံ၊ ပေါ်ဦးသက် အလည်လာခြင်းနှင့် ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ စာအုပ်များကို ထုတ်ဝေခဲ့သည်။ 

ပန်းချီဆရာကြီးသည် ခင်မောင်ရင်အမည်ဖြင့် ပန်းချီဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။

Eleven Media Group  

No comments:

Post a Comment