Friday 13 June 2014

ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် ဒေးဗစ်ပရိုက်စ် သုံးကြိမ် ဆက်တိုက် အောင်ပွဲ ဆွတ်ခူး

Photo: ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် ဒေးဗစ်ပရိုက်စ် သုံးကြိမ် ဆက်တိုက် အောင်ပွဲ ဆွတ်ခူး
Friday, June 13, 2014

ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ ဒေးဗစ်ပရိုက်စ်သည် ဂျာမနီ နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် ယူကရိန်း နိုင်ငံမှ ယာလို ဆလက်ဗ် ဇာဗို ရော့တ်ညီကို အနိုင် ထိုးသတ်၍ ၄င်း၏ သုံးကြိမ် ဆက်တိုက်အောင်ပွဲကို ဆွတ်ခူး နိုင်ခဲ့ ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ်ရှိ လီဗာပူးမြို့မှ လက်ဝှေ့ကျော် ပရိုက်စ်သည် ပြိုင်ဘက် လက်ဝှေ့ သမားကို ပွဲစတင်သည် နှင့်တစ်ပြိုင်နက် အင်အားပြင်း လက်သီးများဖြင့် တရစပ် ထိုးသတ် ခဲ့သည်။ သို့ရာတွင် ပရိုက်စ်သည် ဇာဗိုရော့တ်ညီကို ၁ဝ ချီအတွင်း အလဲထိုးနိုင်ခြင်း မရှိဘဲ ဒိုင်အဆုံး အဖြတ်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မိမိသည် ကြေးစား လက်ဝှေ့သမားအဖြစ် ငါးနှစ်ကြာ ထိုးသတ်ခဲ့ ဖူးသော်လည်း ၁ဝ ချီ အထိ ထိုးသတ် ခဲ့သည်မှာ မိမိအတွက် ပထမဆုံး အကြိမ် ဖြစ်ကြောင်းနှင့် ဇာဗိုရော့တ်ညီသည် ယှဉ်ပြိုင် ထိုးသတ်ရန် ခက်ခဲသည့် ပြိုင်ဘက် တစ်ဦးဖြစ်ပြီး ၄င်းသည် ယှဉ်ပြိုင် ထိုးသတ်စဉ် မျက်နှာကို လက်ဖြင့် အကာအကွယ် ယူထားခြင်းကြောင့် ၄င်းကို အမိအရ ထိုးသတ်ရန် မလွယ်ကူကြောင်း၊ သို့သော် ယခုပွဲစဉ်တွင် မိမိ၏ ထိုးသတ်ချက်များအပေါ် ကျေနပ် အားရ မိကြောင်း ပရိုက်စ်က ပြောကြားခဲ့သည်။

ပရိုက်စ်သည် လက်ဝှေ့ပွဲပေါင်း ၂ဝ ထိုးသတ် ထားရာတွင် နှစ်ပွဲသာ ရှုံးနိမ့်ထားပြီး လွန်ခဲ့သည့် နှစ်အတွင်းကလည်း အမေရိကန် ပြည်ထောင်စုမှ တိုနီသော်မဆင်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရ သည်။

မြ၀တီ
ဗြိတိသျှ ဟဲဗီးဝိတ် လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ ဒေးဗစ်ပရိုက်စ်သည် ဂျာမနီ နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် ယူကရိန်း နိုင်ငံမှ ယာလို ဆလက်ဗ် ဇာဗို ရော့တ်ညီကို အနိုင် ထိုးသတ်၍ ၄င်း၏ သုံးကြိမ် ဆက်တိုက်အောင်ပွဲကို ဆွတ်ခူး နိုင်ခဲ့ ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ်ရှိ လီဗာပူးမြို့မှ လက်ဝှေ့ကျော် ပရိုက်စ်သည် ပြိုင်ဘက် လက်ဝှေ့ သမားကို ပွဲစတင် သည် နှင့်တစ်ပြိုင်နက် အင်အားပြင်း လက်သီးများဖြင့် တရစပ် ထိုးသတ် ခဲ့သည်။ သို့ရာတွင် ပရိုက်စ်သည် ဇာဗိုရော့တ်ညီကို ၁ဝ ချီအတွင်း အလဲထိုးနိုင်ခြင်း မရှိဘဲ ဒိုင်အဆုံး အဖြတ်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မိမိသည် ကြေးစား လက်ဝှေ့သမားအဖြစ် ငါးနှစ်ကြာ ထိုးသတ်ခဲ့ ဖူးသော်လည်း ၁ဝ ချီ အထိ ထိုးသတ် ခဲ့သည် မှာ မိမိအတွက် ပထမဆုံး အကြိမ် ဖြစ်ကြောင်းနှင့် ဇာဗိုရော့တ်ညီသည် ယှဉ်ပြိုင် ထိုးသတ်ရန် ခက်ခဲသည့် ပြိုင်ဘက် တစ်ဦးဖြစ်ပြီး ၄င်းသည် ယှဉ်ပြိုင် ထိုးသတ်စဉ် မျက်နှာကို လက်ဖြင့် အကာအကွယ် ယူထားခြင်းကြောင့် ၄င်းကို အမိအရ ထိုးသတ်ရန် မလွယ်ကူကြောင်း၊ သို့သော် ယခုပွဲစဉ်တွင် မိမိ၏ ထိုးသတ်ချက်များအပေါ် ကျေနပ် အားရ မိကြောင်း ပရိုက်စ်က ပြောကြားခဲ့သည်။

ပရိုက်စ်သည် လက်ဝှေ့ပွဲပေါင်း ၂ဝ ထိုးသတ် ထားရာတွင် နှစ်ပွဲသာ ရှုံးနိမ့်ထားပြီး လွန်ခဲ့သည့် နှစ်အတွင်းကလည်း အမေရိကန် ပြည်ထောင်စုမှ တိုနီသော်မဆင်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment