Friday 13 June 2014

မုတ်သုံလေအားကောင်း ရန်ကုန်မြို့တွင် မိုးကြီးနိုင်

ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေသဖြင့် ရန်ကုန်မြို့တွင် နောက်သုံးရက်အထိ မိုးကြီးနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်က ရွာသွန်းသောမိုးရေချိန်သည် ၆ ဒသမ ၃၈ လက်မ ဖြစ်ရာ မိုးကြီးသော အခြေအနေဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းမိုးရေချိန်ကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် အနှံ့အပြားတွင် ရေကြီးမှု၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ သည်။

“ရန်ကုန်မြို့အနေနဲ့က မိုးရေချိန် သုံး၊ လေး လက်မလောက်ဆို ရေတင်နေပြီ။ အစိုးရပိုင်းအနေနဲ့ မြောင်းတွေ မပိတ်ဆို့အောင် စည်းကမ်းရှိအောင် လုပ်ဖို့လိုတာပေါ့။ တခြားပြည်နယ်တွေမှာတော့ ကုန်ထားတဲ့ ရေကို ပြန်ဖြည့်တဲ့ သဘောလောက်ပဲ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလောက်မှ ရေကြီးတာ”ဟု ၎င်းက ဆိုသည်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အာရေဗျပင်လယ်ထဲ၌ ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းကြောင့် မြန်မာနိုင်ငံဘက်တွင် မုတ်သုံအားကောင်းနေသည်ဟု ဇွန်လ ၁၂ ရက်တွင် ဖော်ပြထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment