Monday 16 June 2014

ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ

Photo: ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ
Monday, June 16, 2014

အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာအလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

တပ်မတော်က အာဏာသိမ်းထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်မှာလည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ MWRN ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် တပ်မတော်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း ပါဝင်သည့် အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်၊ အထောက်အထားမဲ့၊ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံနေရကြောင်း MWRN ထံမှ သိရှိရသည်။ 

“ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိတ်လန့်တကြား ဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ဆိုသည်။

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိနေပြီး အထောက်အထားတိုးရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာသဖြင့် တရားဝင် အထောက်အထား မြန်ဆန်စွာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

အဖမ်းအဆီး ကြမ်းနေသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုလျှင်လည်း တရားဝင် ပြန်၍ မရကြောင်း၊ တရားမဝင် နည်းလမ်းဖြင့် ပြန်ရန်လည်း ပွဲစားကို အားကိုးရသဖြင့် ပွဲစားကြေး အနည်းဆုံး ဘတ် ၃၀၀၀ ဝန်းကျင် ပေးရကြောင်း ဦးအောင်ကျော်က ဆိုသည်။ 
“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့ကို အစိုးရ (မြန်မာ) အနေနဲ့ အမြန်ညှိနှိုင်းဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

အဖမ်းအဆီး ကြမ်းမှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ နေ့စဉ် ပြည်တော် ပြန်နေကြကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိပြီး သုံးသိန်းကျော်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်သည်။

The Voice Weekly
အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာ အလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ် သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

တပ်မတော်က အာဏာသိမ်းထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်မှာလည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ MWRN ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် တပ်မတော်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက် ဆိုင်ရာ အဖွဲ့အစည်း ပါဝင်သည့် အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်၊ အထောက်အထားမဲ့၊ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံနေရကြောင်း MWRN ထံမှ သိရှိရသည်။ 

“ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိတ်လန့်တကြား ဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ဆိုသည်။

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိနေပြီး အထောက်အထားတိုးရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာသဖြင့် တရားဝင် အထောက်အထား မြန်ဆန်စွာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

အဖမ်းအဆီး ကြမ်းနေသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုလျှင် လည်း တရားဝင် ပြန်၍ မရကြောင်း၊ တရားမဝင် နည်းလမ်းဖြင့် ပြန်ရန်လည်း ပွဲစားကို အားကိုးရသဖြင့် ပွဲစားကြေး အနည်းဆုံး ဘတ် ၃၀၀၀ ဝန်းကျင် ပေးရကြောင်း ဦးအောင်ကျော်က ဆိုသည်။ 

“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့ကို အစိုးရ (မြန်မာ) အနေနဲ့ အမြန်ညှိနှိုင်းဖို့ လိုအပ် တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

အဖမ်းအဆီး ကြမ်းမှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ နေ့စဉ် ပြည်တော် ပြန်နေ ကြကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိပြီး သုံးသိန်းကျော်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment