Monday 16 June 2014

ကျိုင်းတုံခရိုင်တွင် တပ်သိမ်းမြေများအနက် ဧကသုံးထောင်နီးပါး ပြန်ပေးမည်

Photo: ကျိုင်းတုံခရိုင်တွင် တပ်သိမ်းမြေများအနက် ဧကသုံးထောင်နီးပါး ပြန်ပေးမည် 
Monday, June 16, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မြို့နယ်သုံးခုတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်းခဲ့သည့် မြေများအနက် ဧက ၂၆၂၃ ဒသမ ၇ ကို မူလလယ်ယာမြေ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ကျိုင်းတုံခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်က လိုအပ်ချက်များအရ လယ်ယာမြေများနှင့် အခြားမြေများကို မလွှဲမရှောင်သာ သိမ်းယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခု တပ်မတော် တပ်ရင်းတပ်ဖွဲ့များက ပြန်လည် စွန့်လွှတ်သည့် မြေယာများကို ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာနိုင်သော်လည်း တပ်မတော်က ပြန်လည် မစွန့်လွှတ်သည့် မြေယာများကိုမူ တောင်သူများအနေနှင့် ရရှိရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အသုံးမပြုလို့ ပြန်လည်စွန့်လွှတ်တဲ့ မြေယာထဲကနေ ဇွန်လ ၁၃ ရက်နေ့မှာ ကျိုင်းတုံမြို့နယ်က မူလပိုင်ရှင်တစ်ဦးကို ပြန်လည် လွှဲပြောင်းပေးပြီးပါပြီ။ သူပိုင်ဆိုင်တဲ့ ၁ ဒသမ ၉၈၉ ဧကရှိတဲ့ လယ်မြေကို ပုံစံ (၃) နဲ့ ပြန်လည် လျှောက်ထားလို့ အဆင့်ဆင့် စိစစ်ပြီးမှ ပြန်ရတာပါ။ အခုလို မူလပိုင်ရှင်ထံကို ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒါပထမဆုံးပါပဲ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် မြေယာ အငြင်းပွားမှု ကင်းရှင်းသည့် ကျိုင်းတုံမြို့၊ အမှတ် ၂ ရပ်ကွက် ကွင်းအမှတ် (၄၀)၊ ဦးပိုင်အမှတ် (၂၃) မှ ဦးနွမ်ဆမ် (ခ) စိုင်းနွံ ပိုင်ဆိုင်သည့် လယ်မြေ ၁ ဒသမ ၉၈၉ ဧကကို ပြန်လည် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်၍ ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ကျန်မြေယာများကို မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်က စိစစ်ပြီးမှသာ တောင်သူများထံသို့ ပြန်လည် ပေးအပ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးအောင်ကိုလတ်က ပြောကြားသည်။

“အဘရဲ့ စပါးစိုက်နေတဲ့ လယ်လေးကို ၁၉၉၇ ခုနှစ်က အသိမ်းခံခဲ့ရတာပါ။ အခုလို ပြန်ပေးတော့ အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်” ဟု သိမ်းဆည်းမြေ ပြန်လည်ရရှိသည့် အမှတ် ၂ ရပ်ကွက်နေ အသက် ၉၃ နှစ်ရှိ ဦးနွမ်ဆမ် (ခ) ဦးစိုင်းနွံက ဆိုသည်။

၁၉၉၂ ခုနှစ်တွင် အမှတ် (၄) ဝန်တင်တပ်ရင်း တည်ဆောက်ရန်ဟု ဆိုကာ ယင်း၏ တောင်ယာစပါး၊ ပဲပုတ်နှင့် နာနတ် စိုက်ပျိုးနေသည့် မြေယာ ၂၀ ဧကခန့်ကို သိမ်းဆည်းခံခဲ့ရကြောင်း၊ မူလမြေယာ ပြန်လည်ရရှိရန် (သို့) မြေယာအစားထိုး ပေးအပ်ရန် တင်ပြ လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည် မရရှိသေးကြောင်း ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုံရွာနေ အသက် ၈၀ နှစ်ခန့်အရွယ် အဘိုး ဦးထွန်းတင်က ပြောကြားသည်။

ကျိုင်းတုံခရိုင် အတွင်းရှိ ကျိုင်းတုံမြို့နယ်တွင် အမှတ် (၁၁) တိုက်ပွဲဝက် စည်းရုံးရေး သင်တန်းကျောင်းမှ မြေယာ ၁ ဒသမ ၉၈၉ ဧက၊ အမှတ် ၄ ဝန်တင် တပ်ရင်းမှ ဘုရားဝတ္တကမြေ ၉ ဒသမ ၇၀ ဧက၊ အမှတ် ၃၁၄ ခြေမြန်တပ်ရင်းမှ မြေယာ ၂၄၀၀ ဧက၊ အမှတ် ၂၄၅ ခြေလျင်တပ်ရင်းမှ မြေယာ ၉၀ ဒသမ ၀၀ ဧက၊ မိုင်းယန်းမြို့နယ်တွင် အမှတ် ၂၇၉ ခြေလျင်တပ်ရင်းမှ မြေယာ ၅ ဧကနှင့် မိုင်းခတ်မြို့နယ်တွင် စစ်ဗျူဟာမှ မြေယာ ၇၄ ဒသမ ၀၀ ဧက၊ အမှတ် ၃၂၈ ခြေမြန်တပ်ရင်းမှ မြေယာ ၅၀ ဒသမ ၀၀ ဧက၊ စုစုပေါင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များ သိမ်းဆည်းထားသည့် မြေယာ ၂၆၂၃ ဒသမ ၇ ဧကကို ပြန်လည် စွန့်လွှတ်ပြီး ဖြစ်၍ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရန်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်က စိစစ်လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက် စာရင်းဇယားများအရ သိရသည်။

The Voice Weekly
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မြို့နယ်သုံးခုတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်း ခဲ့သည့် မြေများအနက် ဧက ၂၆၂၃ ဒသမ ၇ ကို မူလလယ်ယာမြေ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ကျိုင်းတုံခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်က လိုအပ်ချက်များအရ လယ်ယာမြေများနှင့် အခြားမြေများကို မလွှဲမရှောင်သာ သိမ်းယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခု တပ်မတော် တပ်ရင်းတပ်ဖွဲ့များက ပြန်လည် စွန့်လွှတ်သည့် မြေယာများကို ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာနိုင်သော်လည်း တပ်မတော်က ပြန်လည် မစွန့်လွှတ်သည့် မြေယာများကိုမူ တောင်သူများအနေနှင့် ရရှိရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အသုံးမပြုလို့ ပြန်လည်စွန့်လွှတ်တဲ့ မြေယာထဲကနေ ဇွန်လ ၁၃ ရက်နေ့မှာ ကျိုင်းတုံမြို့နယ်က မူလပိုင်ရှင်တစ်ဦးကို ပြန်လည် လွှဲပြောင်းပေးပြီးပါပြီ။ သူပိုင်ဆိုင်တဲ့ ၁ ဒသမ ၉၈၉ ဧကရှိတဲ့ လယ်မြေကို ပုံစံ (၃) နဲ့ ပြန်လည် လျှောက်ထားလို့ အဆင့်ဆင့် စိစစ်ပြီးမှ ပြန်ရတာပါ။ အခုလို မူလပိုင်ရှင်ထံကို ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒါပထမဆုံးပါပဲ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များက သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် မြေယာ အငြင်းပွားမှု ကင်းရှင်းသည့် ကျိုင်းတုံမြို့၊ အမှတ် ၂ ရပ်ကွက် ကွင်းအမှတ် (၄၀)၊ ဦးပိုင်အမှတ် (၂၃) မှ ဦးနွမ်ဆမ် (ခ) စိုင်းနွံ ပိုင်ဆိုင်သည့် လယ်မြေ ၁ ဒသမ ၉၈၉ ဧကကို ပြန်လည် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်၍ ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ကျန်မြေယာများကို မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်က စိစစ်ပြီးမှသာ တောင်သူများထံသို့ ပြန်လည် ပေးအပ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးအောင်ကိုလတ်က ပြောကြားသည်။

“အဘရဲ့ စပါးစိုက်နေတဲ့ လယ်လေးကို ၁၉၉၇ ခုနှစ်က အသိမ်းခံခဲ့ရတာပါ။ အခုလို ပြန်ပေးတော့ အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်” ဟု သိမ်းဆည်းမြေ ပြန်လည်ရရှိသည့် အမှတ် ၂ ရပ်ကွက်နေ အသက် ၉၃ နှစ်ရှိ ဦးနွမ်ဆမ် (ခ) ဦးစိုင်းနွံက ဆိုသည်။

၁၉၉၂ ခုနှစ်တွင် အမှတ် (၄) ဝန်တင်တပ်ရင်း တည်ဆောက်ရန်ဟု ဆိုကာ ယင်း၏ တောင်ယာစပါး၊ ပဲပုတ်နှင့် နာနတ် စိုက်ပျိုးနေသည့် မြေယာ ၂၀ ဧကခန့်ကို သိမ်းဆည်းခံခဲ့ရကြောင်း၊ မူလမြေယာ ပြန်လည်ရရှိရန် (သို့) မြေယာအစားထိုး ပေးအပ်ရန် တင်ပြ လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည် မရရှိသေးကြောင်း ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုံရွာနေ အသက် ၈၀ နှစ်ခန့်အရွယ် အဘိုး ဦးထွန်းတင်က ပြောကြားသည်။

ကျိုင်းတုံခရိုင် အတွင်းရှိ ကျိုင်းတုံမြို့နယ်တွင် အမှတ် (၁၁) တိုက်ပွဲဝက် စည်းရုံးရေး သင်တန်းကျောင်းမှ မြေယာ ၁ ဒသမ ၉၈၉ ဧက၊ အမှတ် ၄ ဝန်တင် တပ်ရင်းမှ ဘုရားဝတ္တကမြေ ၉ ဒသမ ၇၀ ဧက၊ အမှတ် ၃၁၄ ခြေမြန်တပ်ရင်းမှ မြေယာ ၂၄၀၀ ဧက၊ အမှတ် ၂၄၅ ခြေလျင်တပ်ရင်းမှ မြေယာ ၉၀ ဒသမ ၀၀ ဧက၊ မိုင်းယန်းမြို့နယ်တွင် အမှတ် ၂၇၉ ခြေလျင်တပ်ရင်းမှ မြေယာ ၅ ဧကနှင့် မိုင်းခတ်မြို့နယ်တွင် စစ်ဗျူဟာမှ မြေယာ ၇၄ ဒသမ ၀၀ ဧက၊ အမှတ် ၃၂၈ ခြေမြန်တပ်ရင်းမှ မြေယာ ၅၀ ဒသမ ၀၀ ဧက၊ စုစုပေါင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များ သိမ်းဆည်းထားသည့် မြေယာ ၂၆၂၃ ဒသမ ၇ ဧကကို ပြန်လည် စွန့်လွှတ်ပြီး ဖြစ်၍ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရန်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်က စိစစ်လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက် စာရင်းဇယားများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment